Xiaomi နဲ႔ပူးေပါင္းဖန္တီးထားတဲ့ OCULUS GO ကိုမိတ္ဆက္လိုက္တဲ့ Facebook

0
1752

ဒီေန႔မွာေတာ့ Facebook ကပိုင္ဆိုင္တဲ့ Oculus နဲ႔ Xiaomi တို႔ပူးေပါင္းၿပီး Oculus Go VR headset ကိုမိတ္ဆက္ေပးလိုက္ပါၿပီ။ တကယ္ေတာ့ Oculus Go ကိုယခုႏွစ္အေစာပိုင္းမွာ က်င္းပဲခဲ့တဲ့ CES 2018 မွာFacebook VR ဌာနဒုတိယဥကၠဌျဖစ္တဲ့ Hugo Barra နဲ႔အတူ Xiaomi ဘက္ကအႀကီးတန္းအရာရွိတစ္ဦးျဖစ္တဲ့ Tang Mu တို႔ကပူးတြဲမိတ္ဆက္ျပသခဲ့ပါေသးတယ္။ တရားဝင္ျဖန္႔ခ်ိေရာင္းခ်ဖို႔ ေၾကျငာခဲ့တာကေတာ့ Facebook ရဲ႕ F8 ပြဲႀကီးမွာပဲ ျဖစ္ပါတယ္။

ကမၻာ့့့အႏွံ႕ကဝယ္ယူလိုသူေတြအေနနဲ႔ ဒီေန႔ကစၿပီး Oculus တရားဝင္ဝက္ဘ္ဆိုက္၊Amazon, Best Buy အျခားအြန္လိုင္းအေရာင္းဆိုင္ေတြမွာ ေဒၚလာ$199 နဲ႔စတင္ဝယ္ယူႏိုင္ၿပီျဖစ္ပါတယ္။ သို႔ေပမယ့္ တရုတ္ႏုိင္ငံအတြက္ Xiaomi ကသီးသန္႔ထုတ္လုပ္မယ့္ ဗားရွင္းကိုေတာ့ ယခုႏွစ္တတိယေလးလပတ္ေလာက္မွသာ တရားဝင္ရရွိႏိုင္ပါလိမ့္မယ္။

Oculus Go အေနနဲ႔ VR appေပါင္း 1000ေက်ာ္ကို ေထာက္ပံ့ေပးႏုိင္လာတဲ့အျပင္ AR နဲ႔ VR အေပၚအေျခခံထားတဲ့ လုပ္ေဆာင္ခ်က္အသစ္ေတြကိုလည္ စြမ္းေဆာင္လာႏိုင္ၿပီလို႔ F8 ပြဲမွာျပသခဲ့ပါတယ္။ မက္ဇူကာဘက္က Facebook အေနနဲ႔ AR နဲ႔ VR ပိုင္းမွာေကာင္းမြန္တဲ့ အေတြ႕အႀကံဳေကာင္းေတြ ရွိထားၿပီးသားျဖစ္လို႔ သုံးစြဲသူေတြအေနနဲ႔ software ၊hardware ေပါင္းစပ္ထားတဲ့ အေကာင္းဆုံးအေတြ႕အႀကံဳသစ္ေတြကို ခံစားရမွာပါ။ ဒါ့အျပင္ဒီဇုိင္းပိုင္းမွာလည္း အေသးစိတ္ျပင္ဆင္ခ်က္ေလးေတြက အလစ္ဟေစဖို႔ အစြမ္းကုန္ႀကိဳးစားထားပါတယ္လို႔ ေျပာၾကားသြားပါတယ္။

Oculus Go မွာ display resolution ပိုင္းအေနနဲ႔ 2560 x 1440 ျဖစ္တာေၾကာင့္ ျမင္ကြင္းကို ျပတ္သားစြာ ၾကည့္ႏုိင္မယ့္အျပင္ မွန္ဘီလူးကိုလည္း ေဆးဘက္စာရာနည္းလမ္းေတြနဲ႔ စမ္းသပ္စစ္ေဆးၿပီးတပ္ဆင္ထားတာ ျဖစ္တယ္လို႔ ဆုိပါတယ္။ ဗာတီကယ္ေစာင္းတဲ့ ျမင္ကြင္းမ်ိဳးေတြကို မျဖစ္ေအာင္ျပဳလုပ္ထားတဲ့အျပင္ ခပ္ျမန္ျမန္ခ်ိန္ညိွႏုိင္မယ့္ ခလုတ္ေတြပါ ထည့္သြင္းထားပါတယ္။ အခ်က္အလက္သိုေလွာင္ႏိုင္စြမ္းကေတာ့ 32GB နဲ႔ 64GB storage ၂မ်ိဳးေရြးခ်ယ္ႏိုင္မွာ ျဖစ္ၿပီး Qualcomm Snapdragon 821 ပရိုဆက္ဆာစြမ္းအားနဲ႔ ျဖစ္ပါတယ္။ အသံထြက္စပီကာစနစ္တပါတည္း ထည့္သြင္းေပးထားၿပီး 3.5mm headphone jack  နဲ႔ခ်ိတ္ဆက္ႏိုင္ပါလိမ့္မယ္။ အမ်ိဳးအစား၂မိ်ဳးအရ ေစ်းႏႈန္းကေတာ့ $199 နဲ႔ $249 ဆိုၿပီး က်သင့္မွာျဖစ္ပါတယ္။ အသစ္ျဖန္႔ခိ်လိုက္တဲ့ Oculus Go မွာ VR applications ေပါင္း 1000ေက်ာ္ပါဝင္လာမယ့္အျပင္ VR games နဲ႔ VR social applications သုံးစြဲႏိုင္ပါလိမ့္မယ္။

unicode Version

ဒီနေ့မှာတော့ Facebook ကပိုင်ဆိုင်တဲ့ Oculus နဲ့ Xiaomi တို့ပူးပေါင်းပြီး Oculus Go VR headset ကိုမိတ်ဆက်ပေးလိုက်ပါပြီ။ တကယ်တော့ Oculus Go ကိုယခုနှစ်အစောပိုင်းမှာ ကျင်းပဲခဲ့တဲ့ CES 2018 မှာFacebook VR ဌာနဒုတိယဥက္ကဌဖြစ်တဲ့ Hugo Barra နဲ့အတူ Xiaomi ဘက်ကအကြီးတန်းအရာရှိတစ်ဦးဖြစ်တဲ့ Tang Mu တို့ကပူးတွဲမိတ်ဆက်ပြသခဲ့ပါသေးတယ်။ တရားဝင်ဖြန့်ချိရောင်းချဖို့ ကြေငြာခဲ့တာကတော့ Facebook ရဲ့ F8 ပွဲကြီးမှာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့့့အနှံ့ကဝယ်ယူလိုသူတွေအနေနဲ့ ဒီနေ့ကစပြီး Oculus တရားဝင်ဝက်ဘ်ဆိုက်၊Amazon, Best Buy အခြားအွန်လိုင်းအရောင်းဆိုင်တွေမှာ ဒေါ်လာ$199 နဲ့စတင်ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ သို့ပေမယ့် တရုတ်နိုင်ငံအတွက် Xiaomi ကသီးသန့်ထုတ်လုပ်မယ့် ဗားရှင်းကိုတော့ ယခုနှစ်တတိယလေးလပတ်လောက်မှသာ တရားဝင်ရရှိနိုင်ပါလိမ့်မယ်။

Oculus Go အနေနဲ့ VR appပေါင်း 1000ကျော်ကို ထောက်ပံ့ပေးနိုင်လာတဲ့အပြင် AR နဲ့ VR အပေါ်အခြေခံထားတဲ့ လုပ်ဆောင်ချက်အသစ်တွေကိုလည် စွမ်းဆောင်လာနိုင်ပြီလို့ F8 ပွဲမှာပြသခဲ့ပါတယ်။ မက်ဇူကာဘက်က Facebook အနေနဲ့ AR နဲ့ VR ပိုင်းမှာကောင်းမွန်တဲ့ အတွေ့အကြုံကောင်းတွေ ရှိထားပြီးသားဖြစ်လို့ သုံးစွဲသူတွေအနေနဲ့ software ၊hardware ပေါင်းစပ်ထားတဲ့ အကောင်းဆုံးအတွေ့အကြံုသစ်တွေကို ခံစားရမှာပါ။ ဒါ့အပြင်ဒီဇိုင်းပိုင်းမှာလည်း အသေးစိတ်ပြင်ဆင်ချက်လေးတွေက အလစ်ဟစေဖို့ အစွမ်းကုန်ကြိုးစားထားပါတယ်လို့ ပြောကြားသွားပါတယ်။

Oculus Go မှာ display resolution ပိုင်းအနေနဲ့ 2560 x 1440 ဖြစ်တာကြောင့် မြင်ကွင်းကို ပြတ်သားစွာ ကြည့်နိုင်မယ့်အပြင် မှန်ဘီလူးကိုလည်း ဆေးဘက်စာရာနည်းလမ်းတွေနဲ့ စမ်းသပ်စစ်ဆေးပြီးတပ်ဆင်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဗာတီကယ်စောင်းတဲ့ မြင်ကွင်းမျိုးတွေကို မဖြစ်အောင်ပြုလုပ်ထားတဲ့အပြင် ခပ်မြန်မြန်ချိန်ညှိနိုင်မယ့် ခလုတ်တွေပါ ထည့်သွင်းထားပါတယ်။ အချက်အလက်သိုလှောင်နိုင်စွမ်းကတော့ 32GB နဲ့ 64GB storage ၂မျိုးရွေးချယ်နိုင်မှာ ဖြစ်ပြီး Qualcomm Snapdragon 821 ပရိုဆက်ဆာစွမ်းအားနဲ့ ဖြစ်ပါတယ်။ အသံထွက်စပီကာစနစ်တပါတည်း ထည့်သွင်းပေးထားပြီး 3.5mm headphone jack  နဲ့ချိတ်ဆက်နိုင်ပါလိမ့်မယ်။ အမျိုးအစား၂မျိုးအရ စျေးနှုန်းကတော့ $199 နဲ့ $249 ဆိုပြီး ကျသင့်မှာဖြစ်ပါတယ်။ အသစ်ဖြန့်ချိလိုက်တဲ့ Oculus Go မှာ VR applications ပေါင်း 1000ကျော်ပါဝင်လာမယ့်အပြင် VR games နဲ့ VR social applications သုံးစွဲနိုင်ပါလိမ့်မယ်။

Leave a Reply