Infinity Display နဲ႔ Android Oreo ပါဝင္တဲ့ Galaxy A6 , A6+ ကိုSamsung မိတ္ဆက္

0
1912

ကိုရီးယားစမတ္ဖုန္းထုတ္လုပ္သူ Samsung ဟာ Galaxy A6 နဲ႔ Galaxy A6+ တို႔ကုိ ေၾကညာလာၿပီ ျဖစ္ပါတယ္။ ဖုန္းသစ္ႏွစ္လံုးက အလယ္အတန္းဖုန္းမ်ား ျဖစ္ၾကေပမယ့္ Super AMOLED Infinity Display 18:5:9 ႐ုပ္ထြက္ သံုးထားပါတယ္။ Samsung Galaxy A6 ရဲ႕ မ်က္ႏွာျပင္ ၅.၆ လက္မရွိၿပီး 720×1480 ႐ုပ္ထြက္ႏွင့္ ေထာက္ပံ့ထားပါတယ္။ ေက်ာဘက္ကင္မရာက 16MP f/1.7 ျဖစ္ၿပီး ေရွ႕ကင္မရာကလည္း 16MP f/1.9 ျဖစ္ပါတယ္။ ကင္မရာႏွစ္ခုစလံုးအတြက္ LED Flash ထည့္သြင္းေပးထားပါတယ္။ ပရိုဆက္ဆာပိုင္းမွာေတာ့ Octa-core 1.6GHz CPU နဲ႔အတူ RAM3GB မွာ 32GB ဗားရွင္း(သုိ႔) RAM4GB+64GB ဗားရွင္းတို႔ကုိ ေရြးခ်ယ္ႏုိင္ပါတယ္။ အခ်က္အလက္ေတြအတြက္ microSD မွ တစ္ဆင့္ 256GB အထိထပ္မံ တိုးျမႇင့္ႏုိင္ပါတယ္။ ဘက္ထရီစြမ္းအား3000 mAh ပါ၀င္ပါတယ္။ ဖုန္းရဲ႕အတိုင္းအတာက 149.9×70.8×7.7 mm ရွိၿပီး Anroid 8.0 Oreo သံုးထားပါတယ္။ A6+ မွာလည္း Android 8.0 Oreo သံုးထားပါတယ္။

မ်က္ႏွာျပင္ပိုႀကီးမားတဲ့ စမတ္ဖုန္းျဖစ္တဲ့ Galaxy A6+ မွာေတာ့ မ်က္ႏွာျပင္ ၆ လက္မရွိၿပီး 1080×2220 ႐ုပ္ထြက္သံုးထားပါတယ္။ ေက်ာဘက္ကင္မရာႏွစ္လံုး ပါ၀င္ပါတယ္။ 16MP f/1.7+5MP f/1.9 ျဖစ္ပါတယ္။Selfies ေရွ႕ကင္မရာက 24MP f/1.9 ျဖစ္ၿပီး LED Flash ေထာက္ပံ့ေပးထားပါတယ္။  Octa-core 1.8GHz ပရိုဆက္ဆာ ပါ၀ါေထာက္ပံ့ထားပါတယ္။ RAM နဲ႔Storage ပိုင္းမွာေတာ့ A6 နဲ႔အတူတူ ျဖစ္ပါတယ္။ ဘက္ထရီ စြမ္းအား 3500 mAh ပါ၀င္ပါတယ္။ ဖုန္းရဲ႕အတိုင္းအတာက 160.2×75.7×7.9 mm ျဖစ္ပါတယ္။ ဖုန္းႏွစ္မ်ဳိးစလံုးကို LTE Cat.6 ၊ Wi-Fi 802.11 a/b/g/n ၊ Bluetooth 4.2 ၊ NFC ၊ GPS ၊ Glonass ၊ BeiDou တုိ႔ ပါ၀င္ပါတယ္။

A6 ႏွင့္ A6+ တို႔ကို အနက္ေရာင္၊ ေရႊေရာင္၊ အျပာေရာင္၊ ခဲေရာင္တို႔ႏွင့္ ေရြးခ်ယ္ႏိုင္ပါတယ္။ Galaxy A6+ မွာ Bokeh Effect ကုိ ဓာတ္ပံုမ႐ုိက္ခင္မွာေရာ ႐ုိက္ၿပီးခ်ိန္မွာေရာ လုပ္ႏုိင္ပါတယ္။ ဖုန္းႏွစ္မ်ဳိးစလံုးမွာ Dolby Atmos အသံစနစ္ပါ၀င္ပါတယ္။(headphone သီးသန္႔သာျဖစ္ပါတယ္) Bixby Vision ၊ Bixby Home ၊ Reminder နဲ႔ Samsung Pay တို႔ ေထာက္ပံ့ေပးထားပါတယ္။ Samsung ဟာ အထက္ပါဖုန္းႏွစ္မ်ဳိးတို႔ကို ေမလ အေစာပုိင္းမွာပဲ ဥေရာပ၊ အာရွ၊ လက္တင္အေမရိကတို႔မွာ စတင္ေရာင္းခ်သြားမွာ ျဖစ္ၿပီး ေတာင္ကုိးရီးယား၊ အာဖရိကႏွင့္ တ႐ုတ္တို႔မွာလည္း ေနာက္ပုိင္းမွာ ေရာင္းခ်သြားပါမယ္။

Unicode Version

ကိုရီးယားစမတ်ဖုန်းထုတ်လုပ်သူ Samsung ဟာ Galaxy A6 နဲ့ Galaxy A6+ တို့ကို ကြေညာလာပြီ ဖြစ်ပါတယ်။ ဖုန်းသစ်နှစ်လုံးက အလယ်အတန်းဖုန်းများ ဖြစ်ကြပေမယ့် Super AMOLED Infinity Display 18:5:9 ရုပ်ထွက် သုံးထားပါတယ်။ Samsung Galaxy A6 ရဲ့ မျက်နှာပြင် ၅.၆ လက်မရှိပြီး 720×1480 ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ ကျောဘက်ကင်မရာက 16MP f/1.7 ဖြစ်ပြီး ရှေ့ကင်မရာကလည်း 16MP f/1.9 ဖြစ်ပါတယ်။ ကင်မရာနှစ်ခုစလုံးအတွက် LED Flash ထည့်သွင်းပေးထားပါတယ်။ ပရိုဆက်ဆာပိုင်းမှာတော့ Octa-core 1.6GHz CPU နဲ့အတူ RAM3GB မှာ 32GB ဗားရှင်း(သို့) RAM4GB+64GB ဗားရှင်းတို့ကို ရွေးချယ်နိုင်ပါတယ်။ အချက်အလက်တွေအတွက် microSD မှ တစ်ဆင့် 256GB အထိထပ်မံ တိုးမြှင့်နိုင်ပါတယ်။ ဘက်ထရီစွမ်းအား3000 mAh ပါ၀င်ပါတယ်။ ဖုန်းရဲ့အတိုင်းအတာက 149.9×70.8×7.7 mm ရှိပြီး Anroid 8.0 Oreo သုံးထားပါတယ်။ A6+ မှာလည်း Android 8.0 Oreo သုံးထားပါတယ်။

မျက်နှာပြင်ပိုကြီးမားတဲ့ စမတ်ဖုန်းဖြစ်တဲ့ Galaxy A6+ မှာတော့ မျက်နှာပြင် ၆ လက်မရှိပြီး 1080×2220 ရုပ်ထွက်သုံးထားပါတယ်။ ကျောဘက်ကင်မရာနှစ်လုံး ပါ၀င်ပါတယ်။ 16MP f/1.7+5MP f/1.9 ဖြစ်ပါတယ်။Selfies ရှေ့ကင်မရာက 24MP f/1.9 ဖြစ်ပြီး LED Flash ထောက်ပံ့ပေးထားပါတယ်။  Octa-core 1.8GHz ပရိုဆက်ဆာ ပါ၀ါထောက်ပံ့ထားပါတယ်။ RAM နဲ့Storage ပိုင်းမှာတော့ A6 နဲ့အတူတူ ဖြစ်ပါတယ်။ ဘက်ထရီ စွမ်းအား 3500 mAh ပါ၀င်ပါတယ်။ ဖုန်းရဲ့အတိုင်းအတာက 160.2×75.7×7.9 mm ဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးစလုံးကို LTE Cat.6 ၊ Wi-Fi 802.11 a/b/g/n ၊ Bluetooth 4.2 ၊ NFC ၊ GPS ၊ Glonass ၊ BeiDou တို့ ပါ၀င်ပါတယ်။

A6 နှင့် A6+ တို့ကို အနက်ရောင်၊ ရွှေရောင်၊ အပြာရောင်၊ ခဲရောင်တို့နှင့် ရွေးချယ်နိုင်ပါတယ်။ Galaxy A6+ မှာ Bokeh Effect ကို ဓာတ်ပုံမရိုက်ခင်မှာရော ရိုက်ပြီးချိန်မှာရော လုပ်နိုင်ပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ Dolby Atmos အသံစနစ်ပါ၀င်ပါတယ်။(headphone သီးသန့်သာဖြစ်ပါတယ်) Bixby Vision ၊ Bixby Home ၊ Reminder နဲ့ Samsung Pay တို့ ထောက်ပံ့ပေးထားပါတယ်။ Samsung ဟာ အထက်ပါဖုန်းနှစ်မျိုးတို့ကို မေလ အစောပိုင်းမှာပဲ ဥရောပ၊ အာရှ၊ လက်တင်အမေရိကတို့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး တောင်ကိုးရီးယား၊ အာဖရိကနှင့် တရုတ်တို့မှာလည်း နောက်ပိုင်းမှာ ရောင်းချသွားပါမယ်။

 

Leave a Reply