Samsung ရဲ႕ app store ကိုသံုးျပီး ေဒၚလာ၅၀၀ ရယူူလိုက္ပါ

0
2342

Zawgyi Version

ပရိုမိုးရွင္းဆင္းတဲ့အေနနဲ႕ Samsung က Cut the Rope 2 လိုမ်ိဳး လူၾကိဳက္မ်ားတဲ့ Android ဂိမ္းေတြထဲက in-app purchase ေတြအတြက္ credit တန္ဖိုးေဒၚလာ၅၀၀ ကို ေပးအပ္သြားမွာပါ။ ဒါေတြကိုရဖို႕အတြက္ သင္လုပ္ရမွာက Galaxy Apps store ကို အသံုးျပဳလိုက္ရံုပါပဲ။

Samsung Galaxy Apps store ဆိုတာကေတာ့ Samsung Galaxy S9, S8, Note 8 တို႕လို Galaxy-brand ေတြအတြက္ exclusive store လို႕ေျပာရမွာပါ။ ဒါေပမယ့္လည္း အသံုးနည္းပါတယ္။

ဒီ credit ကိုရဖို႕အတြက္ Galaxy device ေလးကိုေကာက္ကိုင္လုိ္က္ျပီး Galaxy Apps app ကို ဖြင့္လုိက္ပါ။ မသံုးဖူးလို႕ ဘယ္နားေရာက္ေနလဲမသိဘူးဆိုလည္း ျဖစ္ပါတယ္။ “Galaxy” လို႕ app drawer မွာရွာလိုက္ပါ။ ကိုယ္ထင္ျပေပးပါလိမ့္မယ္။

Galaxy Apps app ထဲကိုေရာက္တာနဲ႕ လက္ေဆာင္ပံုစံေလးနဲ႕တူတဲ့ ညာဘက္အေပၚနားကအုိင္ကြန္ေလးကို ႏွိပ္လိုက္ပါ။ ဒါဆိုရင္ေတာ့ ပရိုမိုးရွင္းအေၾကာင္းျပထားျပီးေတာ့ ဂိမ္းအုိင္ကြန္ေလးေတြကိုလည္း ေတြ႕ျမင္ရမွာပါ။ ဂိမ္းတစ္ခုကိုႏွိပ္လိုက္ျပီးေတာ့ ဘာရႏုိင္သလဲဆိုတာ ၾကည့္လုိက္ရေအာင္။ ဥပမာ Cut the Rope 2 မွာ ၁၅ေဒၚလာတန္ေၾကးရွိ 10,000 candy coin ကို ရရွိမွာပါ။

ဒီပရိုမိုးရွင္းကို ေမ၁၆ရက္ေန႕အထိ အသံုးျပဳႏုိင္မွာပါ။ စိတ္မပူပါနဲ႕။ Galaxy Apps app က ဘယ္မွေပ်ာက္မသြားတာမို႕ ပရုိမိုးရွင္းျပီးလည္း အသံုးျပဳႏုိင္ေစမွာပါ။

စတာပါ။ ဒီပရိုမိုးရွင္းေၾကာင့္ Galaxy Apps app ကိုဖြင့္တာဆိုေတာ့ ပထမဆံုးနဲ႕ ေနာက္ဆံုးအၾကိမ္လည္း ျဖစ္သြားႏုိင္ပါတယ္။

Unicode Version

ပရိုမိုးရှင်းဆင်းတဲ့အနေနဲ့ Samsung က Cut the Rope 2 လိုမျိုး လူကြိုက်များတဲ့ Android ဂိမ်းတွေထဲက in-app purchase တွေအတွက် credit တန်ဖိုးဒေါ်လာ၅၀၀ ကို ပေးအပ်သွားမှာပါ။ ဒါတွေကိုရဖို့အတွက် သင်လုပ်ရမှာက Galaxy Apps store ကို အသုံးပြုလိုက်ရုံပါပဲ။
Samsung Galaxy Apps store ဆိုတာကတော့ Samsung Galaxy S9, S8, Note 8 တို့လို Galaxy-brand တွေအတွက် exclusive store လို့ပြောရမှာပါ။ ဒါပေမယ့်လည်း အသုံးနည်းပါတယ်။
ဒီ credit ကိုရဖို့အတွက် Galaxy device လေးကိုကောက်ကိုင်လိုက်ပြီး Galaxy Apps app ကို ဖွင့်လိုက်ပါ။ မသုံးဖူးလို့ ဘယ်နားရောက်နေလဲမသိဘူးဆိုလည်း ဖြစ်ပါတယ်။ “Galaxy” လို့ app drawer မှာရှာလိုက်ပါ။ ကိုယ်ထင်ပြပေးပါလိမ့်မယ်။
Galaxy Apps app ထဲကိုရောက်တာနဲ့ လက်ဆောင်ပုံစံလေးနဲ့တူတဲ့ ညာဘက်အပေါ်နားကအိုင်ကွန်လေးကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ပရိုမိုးရှင်းအကြောင်းပြထားပြီးတော့ ဂိမ်းအိုင်ကွန်လေးတွေကိုလည်း တွေ့မြင်ရမှာပါ။ ဂိမ်းတစ်ခုကိုနှိပ်လိုက်ပြီးတော့ ဘာရနိုင်သလဲဆိုတာ ကြည့်လိုက်ရအောင်။ ဥပမာ Cut the Rope 2 မှာ ၁၅ဒေါ်လာတန်ကြေးရှိ 10,000 candy coin ကို ရရှိမှာပါ။
ဒီပရိုမိုးရှင်းကို မေ၁၆ရက်နေ့အထိ အသုံးပြုနိုင်မှာပါ။ စိတ်မပူပါနဲ့။ Galaxy Apps app က ဘယ်မှပျောက်မသွားတာမို့ ပရိုမိုးရှင်းပြီးလည်း အသုံးပြုနိုင်စေမှာပါ။
စတာပါ။ ဒီပရိုမိုးရှင်းကြောင့် Galaxy Apps app ကိုဖွင့်တာဆိုတော့ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်လည်း ဖြစ်သွားနိုင်ပါတယ်။

Leave a Reply