Huawei P20 Pro ရဲ႕ အၾကမ္းခံႏုိင္မႈကို စမ္းသပ္ၾကည့္ျခင္း(ဗြီဒီယိုိ)

0
2245

Zawgyi Version

Huawei P20 Pro ကေတာ့ JerryRigEverything ဆိုတဲ့ YouTube channel ေလးရဲ႕ အၾကမ္းခံမႈကိုစမ္းသပ္ျခင္း ခံလိုက္ရပါတယ္။ premium Huawei flagship ဖုန္းေလးကေတာ့ ျခစ္ရာ၊ ေကြးညြတ္ျခင္း၊ ေလာင္ကၽြမ္းျခင္းေတြနဲ႕ ႏွိပ္စက္ခံရမွာျဖစ္ပါတယ္။

P20 Pro’ ရဲ႕ အေပၚမွန္ဟာ level 5 အထိ ခံႏုိင္ရည္ရွိျပီးေတာ့ ပြန္းစင္းရာကို 6 ၊ ပိုဆိုးတဲ့အစင္းရာေတြကို 7 မွာ ေတြ႕ၾကံဳရေတာ့မွာပါ။ အဲဒီဖုန္းကို Gorilla Glass နဲ႕အုပ္ထားတယ္လို႕ မေၾကညာထားခဲ့ပါဘူး။ P20 Pro ဟာ burn test မွာလည္း အေတာ္ေလးခံႏုိင္ရည္ရွိခဲ့ပါတယ္။ စကၠန္႕၂၀လာက္အထိ ခံႏုိင္ရည္ရွိတာကို ေတြ႕ရပါတယ္။

ေကြးညြတ္တဲ့အခ်ိန္မွာတာ့ ေမွ်ာ္မွန္းထားတာထက္ ပိုေကြးသြားပါတယ္။ ဒါေၾကာင့္ မွန္ကြဲတဲ့အထိ ျဖစ္ႏုိင္ပါတယ္။ ဗြီဒီယိုရဲ႕ 04:20 ေလာက္ကိုၾကည့္လုိက္ပါ။

ေျပာင္းျပန္ေကြးမယ္ဆိုရင္ေတာ့ အဲေလာက္မဆိုးပါဘူး။ အဆင့္ကေတာ့ 7 မွာ ခံႏုိင္ရည္မရွိေတာ့တာ ျဖစ္ပါတယ္။ သာမန္အသံုးျပဳမယ္ဆိုရင္ေတာ့ ေအးေအးေဆးေဆး သံုးႏုိင္တဲ့အေနအထားမွာ ရွိပါတယ္။

Huawei P20 Pro: Taking a photo in complete darkness

ဒီစမ္းသပ္မႈေတြကေတာ့ လက္ေတြ႕မွာ မၾကာခဏေတြ႕ၾကံဳရမွာ မဟုတ္ပါဘူး။ P20 Pro ကိုလည္း အဲဒီလိုဖိအားေတြနဲ႕ အသံုးျပဳမယ္လို႕ မယူဆထားပါဘူူး။

ျပိဳင္ဘက္ျဖစ္တဲ့ Galaxy S9 မွာက ေတာင့္တင္းတဲ့ဖရိန္နဲ႕ ထူတဲ့ဖန္သားကို အသံုးျပဳထားလို႕ ေကြးညြတ္မႈမွာ ခံႏုိင္ရည္ရွိတယ္။ Mate 10 Pro ၊ Pixel 2 XL ၊ iPhone X ထက္ ခံႏုိင္ရည္ရွိတယ္။ ဒါေပမယ့္ စမ္းသပ္ခဲ့သမွ်ဖုန္းတိုင္းလိုလိုမွာေတာ့ အဲဒီလို မကြဲသြားခဲ့ပါဘူး။ အစင္းရာေလာက္သာ ထင္ခဲ့တာပါ။

P20 Pro က premium device တစ္လံုးျဖစ္ပါတယ္။ ဒါေပမယ့္လည္း ခံႏုိင္ရည္အပိုင္းမွာေတာ့ အျခားျပိဳင္ဘက္ေတြထက္ အားနည္းတယ္လုိ႕ ေျပာခ်င္ပါတယ္။

Unicode Version

Huawei P20 Pro ကတော့ JerryRigEverything ဆိုတဲ့ YouTube channel လေးရဲ့ အကြမ်းခံမှုကိုစမ်းသပ်ခြင်း ခံလိုက်ရပါတယ်။ premium Huawei flagship ဖုန်းလေးကတော့ ခြစ်ရာ၊ ကွေးညွတ်ခြင်း၊ လောင်ကျွမ်းခြင်းတွေနဲ့ နှိပ်စက်ခံရမှာဖြစ်ပါတယ်။
P20 Pro’ ရဲ့ အပေါ်မှန်ဟာ level 5 အထိ ခံနိုင်ရည်ရှိပြီးတော့ ပွန်းစင်းရာကို 6 ၊ ပိုဆိုးတဲ့အစင်းရာတွေကို 7 မှာ တွေ့ကြုံရတော့မှာပါ။ အဲဒီဖုန်းကို Gorilla Glass နဲ့အုပ်ထားတယ်လို့ မကြေညာထားခဲ့ပါဘူး။ P20 Pro ဟာ burn test မှာလည်း အတော်လေးခံနိုင်ရည်ရှိခဲ့ပါတယ်။ စက္ကန့်၂၀လာက်အထိ ခံနိုင်ရည်ရှိတာကို တွေ့ရပါတယ်။
ကွေးညွတ်တဲ့အချိန်မှာတာ့ မျှော်မှန်းထားတာထက် ပိုကွေးသွားပါတယ်။ ဒါကြောင့် မှန်ကွဲတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဗွီဒီယိုရဲ့ 04:20 လောက်ကိုကြည့်လိုက်ပါ။
ပြောင်းပြန်ကွေးမယ်ဆိုရင်တော့ အဲလောက်မဆိုးပါဘူး။ အဆင့်ကတော့ 7 မှာ ခံနိုင်ရည်မရှိတော့တာ ဖြစ်ပါတယ်။ သာမန်အသုံးပြုမယ်ဆိုရင်တော့ အေးအေးဆေးဆေး သုံးနိုင်တဲ့အနေအထားမှာ ရှိပါတယ်။
Huawei P20 Pro: Taking a photo in complete darkness
ဒီစမ်းသပ်မှုတွေကတော့ လက်တွေ့မှာ မကြာခဏတွေ့ကြုံရမှာ မဟုတ်ပါဘူး။ P20 Pro ကိုလည်း အဲဒီလိုဖိအားတွေနဲ့ အသုံးပြုမယ်လို့ မယူဆထားပါဘူူး။
ပြိုင်ဘက်ဖြစ်တဲ့ Galaxy S9 မှာက တောင့်တင်းတဲ့ဖရိန်နဲ့ ထူတဲ့ဖန်သားကို အသုံးပြုထားလို့ ကွေးညွတ်မှုမှာ ခံနိုင်ရည်ရှိတယ်။ Mate 10 Pro ၊ Pixel 2 XL ၊ iPhone X ထက် ခံနိုင်ရည်ရှိတယ်။ ဒါပေမယ့် စမ်းသပ်ခဲ့သမျှဖုန်းတိုင်းလိုလိုမှာတော့ အဲဒီလို မကွဲသွားခဲ့ပါဘူး။ အစင်းရာလောက်သာ ထင်ခဲ့တာပါ။
P20 Pro က premium device တစ်လုံးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခံနိုင်ရည်အပိုင်းမှာတော့ အခြားပြိုင်ဘက်တွေထက် အားနည်းတယ်လို့ ပြောချင်ပါတယ်။

Leave a Reply