Gmail ရဲ့ဒီဇိုင်းပြင်ဆင်မှုအပြီး Outlook ကို ပြင်ဆင်ဖို့ကြိုးစားနေတဲ့ Microsoft

0
1590

Zawgyi Version













Unicode Version

Google က သူ့ရဲ့ Gmail ကို ဒီဇိုင်းပြန်လည်ပြင်ဆင်မှုအကြောင်း ကြေညာခဲ့တာ ရက်အနည်းငယ်တော့ ကြာနေပါပြီ။ အတော်လေးအသုံးဝင်တဲ့ feature တွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ update ကတော့ Google account ပိုင်ရှင်အတော်များများမှာ ရနေပါပြီ။
Google က သူ့ရဲ့ email client တွေကို ချပြလိုက်တဲ့ တစ်ခုတည်းသော ကုမ္ပဏီမဟုတ်ပါဘူး။ တနင်္လာနေ့က Microsoft ကလည်း သူ့ရဲ့ Outlook update ကို ကြေညာလိုက်ပါတယ်။ ပိုမိုကောင်းမွန်ပြီး အချိန်ကုန်သက်သာစေနိုင်မယ့် feature တွေကို ဦးတည်ပြီးတော့ လုပ်ဆောင်ထားတာကို တွေ့မြင်ရပါတယ်။
အဲဒီ Outlook update ထဲမှာ calendar ၊ mail တွေကိုပြောင်းလဲထားပြီးတော့ mobile Outlook apps တွေအတွက်လည်း feature အသစ်တွေကိုထည့်သွင်းပေးထားပါတယ်။
Microsoft အသစ်ထည့်သွင်းလိုက်တဲ့ feature သစ်တစ်ခုကတော့ bill payments reminder ပဲဖြစ်ပါတယ်။ Outlook က အီးမေးလ်ထဲက bill အကြောင်းကို အလိုအလျောက်သိရှိပြီးတော့ calendar events တွေကိုလည်း ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။
Outlook က သုံးစွဲသူတွေကို တည်နေရာနဲ့ meeting room တွေစီမံခြင်းအတွက်လည်း ကောင်းမွန်အောင် လုပ်ဆောင်ပေးဖို့ အကြံပေးချက်တွေ ထည့်သွင်းပေးထားပါတယ်။ location နဲ့ context-aware feature တွေက သင့်ရဲ့ meeting preference တွေနဲ့ location တွေကို သင့်အကြိုက်လိုက်လျောညီထွေရှိအောင် လုပ်ဆောင်ပေးသွားမှာပါ။
Microsoft ဟာ RSVP ကိုလည်း ပြန်လည်ပြင်ဆင်ထားပါတယ်။ ဒါကြောင့် meeting ရဲ့ တုံ့ပြန်မှုတွေကို ကြည့်နိုင်ပြီးတော့ တက်သင့် မတက်သင့်ဆုံးဖြတ်နိုင်မှာပါ။
privacy enhancement feature ကို ထည့်သွင်းပေးထားတဲ့အတွက်ကြောင့် meeting ရဲ့ အသေးစိတ်တွေကို အခြားသူတွေထံ forwarding မလုပ်နိုင်အောင် attendee list မှာ ထိန်းထားနိုင်မှာပါ။
multiple time zone ကိုလည်း Outlook မှာ ထောက်ပံ့ပေးထားလို့ time zone မတူညီတဲ့နေရာတွေမှာ meeting လုပ်မယ်ဆိုရင်လည်း အဆင်ပြေစေမှာပါ။
နောက်တစ်ခုကတော့ BCC email တွေနဲ့ သက်ဆိုင်နေပါတယ်။ အဲဒီ software လေးက blind copy အတွက်လည်း အဆင်ပြေအောင် လုပ်ဆောင်ပေးထားပါတယ်။
mobile Outlook apps တွေကတော့ အသုံးဝင်တဲ့ update အသစ်တွေဖြစ်တဲ့ draft folder တွေကို device အမျိုးမျိုး၊ Favorite people တွေမှာ sync လုပ်နိုင်ခြင်းတို့ ပါဝင်မှာပါ။ Office 365 account တစ်ခုတည်းနဲ့ platform နှစ်ခုသုံးခွင့်ပေးထားပါတယ်။
Office Lens ကလည်း Android အတွက်ရောက်လာတော့မှာပါ။ Quick Reply အနေနဲ့ ရောက်လာမှာဖြစ်ပါတယ်။ blocking external content ကိုတော့ Android အတွက် ထုတ်နေပါပြီ။ iOS အတွက်ကတော့ Office 365 Groups for OneNote နဲ့ meeting events တွေ ရတော့မှာပါ။
ဒါတွေကိုတော့ ချက်ချင်းအသုံးပြုနိုင်တော့မှာ မဟုတ်သေးပါဘူး။

Leave a Reply