Clear History Tool ကုိ လအနည္းငယ္အတြင္း Facebook မိတ္ဆက္ေတာ့မယ္

0
1841

Facebook ရဲ႕ F8 ကြန္ဖရင့္မတိုင္ခင္မွာ အမႈေဆာင္အရာရွိခ်ဳပ္ မာ့ခ္ဇူကာဘတ္က ေၾကညာခ်က္တစ္ခု ထုတ္ျပန္ခဲ့ပါတယ္။ အဲဒါကေတာ့ Facebook မွာ Clear History လို႔အမည္ရတဲ့ feature သစ္တစ္ခုကို ထည့္သြင္းမယ္ဆိုတဲ့ အေၾကာင္းပါ။ ဒီ tool ကို Facebook ရဲ႕ privacy control အတြက္ ရွိၿပီးသား option ေတြထဲမွာ မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။

“သုံးစြဲသူရဲ႕ web browser ထဲမွာ cookie ေတြနဲ႔ history ေတြရွင္းလင္းဖုိ႔ ႐ိုးရွင္းတဲ့ နည္းလမ္းရွိပါတယ္။ အခု tool က ဝက္ဘ္ဆိုက္အမ်ားစုသုံးစြဲဖို႔ cookie ေတြလုိအပ္ေပမယ့္ လုိအပ္တဲ့အခ်ိန္မွာ history ကုိ ရွင္းလင္းပစ္ႏိုင္ပါတယ္” လို႔ ဇူကာဘတ္က ေျပာပါတယ္။ ဒါဟာ Facebook ေပၚမွာ browser history ကို ႐ုိး႐ိုးရွင္းရွင္းနဲ႔ ထိန္းခ်ဳပ္ႏိုင္မယ့္ tool ျဖစ္တယ္လို႔ ဇူကာဘတ္က ရွင္းျပခဲ့ပါတယ္။

Clear History ဟာ Cambridge Analytica အ႐ႈပ္ေတာ္ပုံနဲ႔ တိုက္႐ိုက္ပတ္သက္ေနပါတယ္။ “အခု update ကို ျဖန္႔ခ်ိလိုက္တာနဲ႔ သုံးစြဲသူကိုယ္တိုင္အသုံးျပဳခဲ့တဲ့ app ေတြနဲ႔ ဝက္ဘ္ဆိုက္ေတြနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကုိ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ သုံးစြဲသူရဲ႕ account နဲ႔ အခ်က္အလက္ သိမ္းဆည္းမႈကိုလည္း ပိတ္ႏိုင္မွာ ျဖစ္ပါတယ္” လို႔ထုတ္ျပန္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရက္သတၱပတ္အတြင္း Facebook အေနနဲ႔ သုံးစြဲသူေတြဆီကေန တစ္ကုိယ္ေရ အခ်က္အလက္မ်ားစြာ ရယူေနတဲ့ third party ေတြကုိ တားဆီးဖို႔ အစီအမံမ်ားစြာ ျပဳလုပ္ခဲ့ၿပီး ဒီ tool သာအသုံးျပဳလို႔ရသြားမယ္ဆိုရင္ သုံးစြဲသူေတြအတြက္ ပိုမိုလုံၿခံဳစိတ္ခ်မႈကို ရရွိႏုိင္ပါလိမ့္မယ္။

Clear History နဲ႔ပတ္သတ္လုိ႔သီးျခား blog post တစ္ခုမွာေတာ့ Facebook ရဲ႕တကိုယ္ေရးလုံၿခံဳေရးဆုိင္ရာ အဖြဲ႔ရဲ႕ဦးေဆာင္သူျဖစ္တဲ့ အီရင္အီဂမ္က ” facebook အေနနဲ႔လက္ရွိေဆာင္ရြက္သြားမယ့္ ကိစၥနဲ႔ပတ္သတ္လို႔ ပညာရွင္မ်ား၊ မူဝါဒခ်မွတ္သူမ်ား၊ သတင္းအခ်က္အလက္လံုၿခံဳေရးဆိုင္ရာ ကၽြမ္းက်င္သူမ်ားရဲ႕ အျမင္ေတြကို ကမ္းလွမ္းထားပါၿပီး သူတို႔ရဲ႕ သုံးသပ္အႀကံေပးခ်က္ေတြေပၚမူတည္ၿပီးေတာ့ ေျပာင္းလဲမႈေတြလုပ္သြားမွာပါလို႔ ” ေျပာၾကားထားပါတယ္။ ဒီလုိအခ်က္အလက္ေတြေၾကာင့္  Facebook အေနနဲ႔ Clear History ကို ျဖန္႔ခ်ိဖို႔ လအနည္းငယ္ၾကာျမင့္မယ္လိုအီရင္က ေျပာၾကားခဲ့ပါတယ္။

Unicode Version

Facebook ရဲ့ F8 ကွန်ဖရင့်မတိုင်ခင်မှာ အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်က ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ Facebook မှာ Clear History လို့အမည်ရတဲ့ feature သစ်တစ်ခုကို ထည့်သွင်းမယ်ဆိုတဲ့ အကြောင်းပါ။ ဒီ tool ကို Facebook ရဲ့ privacy control အတွက် ရှိပြီးသား option တွေထဲမှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

“သုံးစွဲသူရဲ့ web browser ထဲမှာ cookie တွေနဲ့ history တွေရှင်းလင်းဖို့ ရိုးရှင်းတဲ့ နည်းလမ်းရှိပါတယ်။ အခု tool က ဝက်ဘ်ဆိုက်အများစုသုံးစွဲဖို့ cookie တွေလိုအပ်ပေမယ့် လိုအပ်တဲ့အချိန်မှာ history ကို ရှင်းလင်းပစ်နိုင်ပါတယ်” လို့ ဇူကာဘတ်က ပြောပါတယ်။ ဒါဟာ Facebook ပေါ်မှာ browser history ကို ရိုးရိုးရှင်းရှင်းနဲ့ ထိန်းချုပ်နိုင်မယ့် tool ဖြစ်တယ်လို့ ဇူကာဘတ်က ရှင်းပြခဲ့ပါတယ်။

Clear History ဟာ Cambridge Analytica အရှုပ်တော်ပုံနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ “အခု update ကို ဖြန့်ချိလိုက်တာနဲ့ သုံးစွဲသူကိုယ်တိုင်အသုံးပြုခဲ့တဲ့ app တွေနဲ့ ဝက်ဘ်ဆိုက်တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သုံးစွဲသူရဲ့ account နဲ့ အချက်အလက် သိမ်းဆည်းမှုကိုလည်း ပိတ်နိုင်မှာ ဖြစ်ပါတယ်” လို့ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း Facebook အနေနဲ့ သုံးစွဲသူတွေဆီကနေ တစ်ကိုယ်ရေ အချက်အလက်များစွာ ရယူနေတဲ့ third party တွေကို တားဆီးဖို့ အစီအမံများစွာ ပြုလုပ်ခဲ့ပြီး ဒီ tool သာအသုံးပြုလို့ရသွားမယ်ဆိုရင် သုံးစွဲသူတွေအတွက် ပိုမိုလုံခြုံစိတ်ချမှုကို ရရှိနိုင်ပါလိမ့်မယ်။

Clear History နဲ့ပတ်သတ်လို့သီးခြား blog post တစ်ခုမှာတော့ Facebook ရဲ့တကိုယ်ရေးလုံခြံုရေးဆိုင်ရာ အဖွဲ့ရဲ့ဦးဆောင်သူဖြစ်တဲ့ အီရင်အီဂမ်က ” facebook အနေနဲ့လက်ရှိဆောင်ရွက်သွားမယ့် ကိစ္စနဲ့ပတ်သတ်လို့ ပညာရှင်များ၊ မူဝါဒချမှတ်သူများ၊ သတင်းအချက်အလက်လုံခြံုရေးဆိုင်ရာ ကျွမ်းကျင်သူများရဲ့ အမြင်တွေကို ကမ်းလှမ်းထားပါပြီး သူတို့ရဲ့ သုံးသပ်အကြံပေးချက်တွေပေါ်မူတည်ပြီးတော့ ပြောင်းလဲမှုတွေလုပ်သွားမှာပါလို့ ” ပြောကြားထားပါတယ်။ ဒီလိုအချက်အလက်တွေကြောင့်  Facebook အနေနဲ့ Clear History ကို ဖြန့်ချိဖို့ လအနည်းငယ်ကြာမြင့်မယ်လိုအီရင်က ပြောကြားခဲ့ပါတယ်။

 

Leave a Reply