Dual Selfie ကင္မရာနဲ႔ Coolpad Note 6 ကိုအိႏိၵယေစ်းကြက္မွာ မိတ္ဆက္

0
1818

ဒီေန႔မွာေတာ့  Coolpad ဟာ Coolpad Note 6 phablet အသစ္ကိုမိတ္ဆက္ေပးလိုက္ပါတယ္။ 2016 ကထြက္ခဲ့တဲ့  Note 5 ဖုန္းရဲ႕မ်ိဳးဆက္သစ္အျဖစ္သတ္မွတ္ႏိုင္ၿပီး သူ႕မွာdual selfie ကင္မရာနဲ႔အတူ ပိုမိုႀကီးမားတဲ့ ဘက္ထရီ တပ္ဆင္ေပးထားပါတယ္။ ဒါ့အျပင္ ကုမၸဏီရဲ႕ ပထမဆံုး Selfie Phone ျဖစ္ပါတယ္။

Dual SIM အမ်ိဳးအစား CoolPad Note 6 ဟာ Android ဗားရွင္းအျဖစ္ 7.1.1 Nougat သံုးထားတာ ျဖစ္ျပီး မ်က္ႏွာျပင္ ၅ လက္မ ရိွပါတယ္။ ဖုန္း display ရဲ့ ရုပ္ထြက္ပိုင္းမွာ ထူးျခားတာတစ္ခုက 1080 x 1920 pixel Full HD display သံုးထားတာပါ။ processor မွာေတာ့ 1.4GHz octa-core Snapdragon 435 chipset ကိုမွ Adreno 505 GPU ဂရပ္ဖစ္စနစ္နဲ ့လာတာပါ။ RAM ပမာဏကို 4GB အထိ သံုးထားတာကလည္း စိတ္ဝင္စားစရာျဖစ္ျပီး storage ၂ မ်ိဳး ၊ ဗားရွင္း ၂ မ်ိဳး ပါရိွပါတယ္။

Coolpad Note 6 ရဲ့ ထူးျခားမႈကေတာ့ ေရွ ့ဘက္မွာ dual selfie ကင္မရာသံုးထားတာ ျဖစ္ျပီး LED flashနဲ ့အတူ 8MP ပင္မကင္မရာနဲ ့5MP depth sensor ဒုတိယ ကင္မရာသံုးထားတာပါ။ 120-degree အထိရုပ္ပံုေတြကိုဖမ္းယူႏိုင္မယ့္ wide-angle lens ကိုသုံးႏုိင္မွာပါ။  ေက်ာဘက္မွာ f/2.2 နဲ ့အတူ 13MP autofocus ကင္မရာပါရိွပါတယ္။Night Shot mode ကိုညအခ်ိန္အလင္းအေမွာင္မညီတဲ့ ပုံရိပ္ေတြကို မွန္ကန္စြာဖမ္းယူႏုိင္ပါလိမ့္မယ္။ ေရွ ့ဘက္ home button မွာလက္ေဗြဖတ္စနစ္ကို တပါတည္းထည့္သြင္းေပးထားပါတယ္။

ဘက္ထရီပိုင္းမွာေတာ့  တစ္ခါအားသြင္းတာနဲ ့နာရီေပါင္း ၃၅၀ ၾကာေအာင္ stand by ထားလို ့ရႏိုင္တဲ့ 4070 mAh ဘက္ထရီပါရိွတာပါ။အျခားပါဝင္မႈေတြအေနနဲ႔ dual-SIM, 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 4.1, GPS, microUSB 2.0 နဲ႔ 3.5mm headphone jack တို႔ကိုေထာက္ပံ့ေပးထားပါတယ္။ ေစ်းကြက္မွာေတာ့ ေရႊနဲ ့မီးခိုးေရာင္ ကာလာ ၂ မ်ိဳးနဲ ့ဝယ္ႏိုင္မွာ ျဖစ္ျပီး အနိမ့္ဆံုး RAM 3GB/storage 32GB ေမာ္ဒယ္ကို ၈၉၉၉ ရူပီး ($135) ၊ RAM 4GB/64GB storage ကို ၉၉၉၉ ရူပီး ($149) ေစ်းနဲ ့ေရာင္းခ်ေနပါတယ္။ သူနဲ႔ေစ်းကြက္ထဲမွာ ယွဥ္ၿပိဳင္မယ့္ ဖုန္းေတြ႕ကေတာ့ Redmi 5, Redmi Note 5 နဲ႔  Honor 9 Lite တို႔ပဲျဖစ္ပါတယ္။

Unicode Version

ဒီနေ့မှာတော့  Coolpad ဟာ Coolpad Note 6 phablet အသစ်ကိုမိတ်ဆက်ပေးလိုက်ပါတယ်။ 2016 ကထွက်ခဲ့တဲ့  Note 5 ဖုန်းရဲ့မျိုးဆက်သစ်အဖြစ်သတ်မှတ်နိုင်ပြီး သူ့မှာdual selfie ကင်မရာနဲ့အတူ ပိုမိုကြီးမားတဲ့ ဘက်ထရီ တပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် ကုမ္ပဏီရဲ့ ပထမဆုံး Selfie Phone ဖြစ်ပါတယ်။

Dual SIM အမျိုးအစား CoolPad Note 6 ဟာ Android ဗားရှင်းအဖြစ် 7.1.1 Nougat သုံးထားတာ ဖြစ်ပြီး မျက်နှာပြင် ၅ လက်မ ရှိပါတယ်။ ဖုန်း display ရဲ့ ရုပ်ထွက်ပိုင်းမှာ ထူးခြားတာတစ်ခုက 1080 x 1920 pixel Full HD display သုံးထားတာပါ။ processor မှာတော့ 1.4GHz octa-core Snapdragon 435 chipset ကိုမှ Adreno 505 GPU ဂရပ်ဖစ်စနစ်နဲ ့လာတာပါ။ RAM ပမာဏကို 4GB အထိ သုံးထားတာကလည်း စိတ်ဝင်စားစရာဖြစ်ပြီး storage ၂ မျိုး ၊ ဗားရှင်း ၂ မျိုး ပါရှိပါတယ်။

Coolpad Note 6 ရဲ့ ထူးခြားမှုကတော့ ရှေ ့ဘက်မှာ dual selfie ကင်မရာသုံးထားတာ ဖြစ်ပြီး LED flashနဲ ့အတူ 8MP ပင်မကင်မရာနဲ ့5MP depth sensor ဒုတိယ ကင်မရာသုံးထားတာပါ။ 120-degree အထိရုပ်ပုံတွေကိုဖမ်းယူနိုင်မယ့် wide-angle lens ကိုသုံးနိုင်မှာပါ။  ကျောဘက်မှာ f/2.2 နဲ ့အတူ 13MP autofocus ကင်မရာပါရှိပါတယ်။Night Shot mode ကိုညအချိန်အလင်းအမှောင်မညီတဲ့ ပုံရိပ်တွေကို မှန်ကန်စွာဖမ်းယူနိုင်ပါလိမ့်မယ်။ ရှေ ့ဘက် home button မှာလက်ဗွေဖတ်စနစ်ကို တပါတည်းထည့်သွင်းပေးထားပါတယ်။

ဘက်ထရီပိုင်းမှာတော့  တစ်ခါအားသွင်းတာနဲ ့နာရီပေါင်း ၃၅၀ ကြာအောင် stand by ထားလို ့ရနိုင်တဲ့ 4070 mAh ဘက်ထရီပါရှိတာပါ။အခြားပါဝင်မှုတွေအနေနဲ့ dual-SIM, 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 4.1, GPS, microUSB 2.0 နဲ့ 3.5mm headphone jack တို့ကိုထောက်ပံ့ပေးထားပါတယ်။ စျေးကွက်မှာတော့ ရွှေနဲ ့မီးခိုးရောင် ကာလာ ၂ မျိုးနဲ ့ဝယ်နိုင်မှာ ဖြစ်ပြီး အနိမ့်ဆုံး RAM 3GB/storage 32GB မော်ဒယ်ကို ၈၉၉၉ ရူပီး ($135) ၊ RAM 4GB/64GB storage ကို ၉၉၉၉ ရူပီး ($149) စျေးနဲ ့ရောင်းချနေပါတယ်။ သူနဲ့စျေးကွက်ထဲမှာ ယှဉ်ပြိုင်မယ့် ဖုန်းတွေ့ကတော့ Redmi 5, Redmi Note 5 နဲ့  Honor 9 Lite တို့ပဲဖြစ်ပါတယ်။

Leave a Reply