Posted on Leave a comment

App ရဲ့အောက်ဘက်မှာ navigation bar လေးကို Twitter စမ်းသပ်နေ

Zawgyi Version




Unicode Version

ဒီနေ့ခေတ်မှာဖုန်းတွေက ကြီးလာပါပြီ။ ဒါကြောင့် screen ရဲ့အပေါ်မှာရှိတဲ့ UI element လေးတွေဆီ မီဖို့ခက်လာပါတယ်။ ဒီတာ့ app တွေက အောက်ဘက် navigation tab တွေကို အားကိုးလာရပါတယ်။ တချို့ Google app တွေမှာ အောက်ဘက် tab တွေရှိနေပါပြီ။ အခုဆိုရင်တော့ Twitter ကလည်း အောက်ဘက် nav UI ကို စမ်းသပ်နေပါပြီ။
အဲဒီ Twitter ဗားရှင်းအသစ်မှာ ပါဝင်လာမယ့် navigation item လေးတွေကတော့ အပေါ်ဘားနဲ့ ဆင်တူလောက်ပါပဲ။ home ၊ search ၊ notifications ၊ messages တွေကို အသုံးပြုနိုင်မှာပါ။ အခုလုပ်နိုင်သလိုမျိုး tab တစ်ခုနဲ့တစ်ခု swipe လုပ်လို့ရမလားဆိုတာ မသိရသေးပါဘူး။ ဒီတော့ ပုံလေးတွေနဲ့ ယှဉ်ကြည့်လိုက်ရအောင်။
အရင်တုန်းကလည်း UI ပြောင်းလဲမှုတွေကို လုပ်ခဲ့ဖူးပါတယ်။ အထူးသဖြင့် app ရဲ့ nav နဲ့ပတ်သတ်တဲ့အပိုင်းတွေ ဖြစ်ပါတယ်။ များသောအားဖြင့် server-side ကနေ လုပ်ဆောင်တာဖြစ်ပါတယ်။ ဒီတစ်ခုလည်း အဲဒီလိုပဲဖြစ်နိုင်မယ်ထင်ပါတယ်။ ဒီ app ရဲ့ alpha version သွင်းထားရင်တောင်မှ navigation UI အသစ်ကို ရနိုင်မှာ မဟုတ်ပါဘူး။ ဘယ်အချိန်မှာ ထုတ်ပေးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.