3D VR video ရိုက်ကူးဖို့ကင်မရာတည်ဆောက်ရေးအတွက် RED နဲ့ Facebook တို့ပူးပေါင်း

0
1697
LAS VEGAS, NV - APRIL 26: NASA Marshall Space Flight Center Imagery Experts Program Manager Rodney Grubbs displays a RED Epic Dragon camera that was once on the International Space Station during the panel, "Reaching for the Stars: Connecting to the Future with NASA and Hollywood" before the first-ever live 4K video stream from space showing NASA astronauts Cmdr. Peggy A. Whitson and Col. Jack Fischer from the ISS using another RED Epic Dragon camera during the 2017 NAB Show at the Las Vegas Convention Center on April 26, 2017 in Las Vegas, Nevada. NAB Show, the trade show of the National Association of Broadcasters and the world's largest electronic media show, runs through April 27 and features more than 1,700 exhibitors and 103,000 attendees. (Photo by Ethan Miller/Getty Images)

Zawgyi Version




Unicode Version

VR video အများစုက တကယ်ကြည့်လို့ကောင်းရဲ့လား။ လှည့်ကြည့်လို့တော့ရပါရဲ့။ ကောင်းကောင်းမြင်ချင်လို့ ရှေ့တိုးမယ်လုပ်မရဘူးလေ။ Facebook နဲ့ RED တို့ပူးပေါင်းပြီးတော့ ဒီကိစ္စကိုအဖြေရှာတော့မှာပါ။ 3D နဲ့ 360-degree video capture အတွက် လွတ်လပ်စွာ ဒီဂရီခြောက်မျိုးပေးနိုင်မယ့် “all-in-one” camera လေးကို လုပ်ဆောင်ကြမှာပါ။ Facebook’s depth detection နည်းပညာကို RED’s low-light performance နဲ့ ပေါင်းစပ်ပြီးတော့ 3D information တွကို ဖမ်းယူပြီးတော့ ဗွီဒီယိုထဲမှာ လမ်းလျှောက်နိုင်စေမှာပါ။
ပူးပေါင်းမှုကတော့ လက်ရှိမှာအစောပိုင်းနေ့ရက်တွေကိုသာ ဖြတ်သန်းနေရပါသေးတယ်။ ဘယ်အချိန်ထုတ်မလဲဆိုတာ မပြောထားပါဘူး။ ကြည့်ချင်တယ်ဆိုရင်တော့ headset လိုအပ်မှာပါ။ Oculus Go လို သုံးဒီဂရီလောက်နဲ့မရဘဲ အဆင့်မြင့် Oculus Rift ၊ HTC Vive တို့နဲ့မှ အဆင်ပြေမှာပါ။
ဒါတွေသာ ဈေးကွက်ကိုရောက်လာတဲ့အချိန်မှာ ဒီနေ့ကြည့်နေရတဲ့အမြင်တွေအားလုံးထက် သာလွန်နေမှာ အသေအချာပါပဲ။ ကင်မရာတည်ချက်ကို ကြည့်နေရတာထက် သင်ကိုယ်တိုင် VR ကမ္ဘာထဲကို သွားရောက်နေရတဲ့ ခံစားမှုအစစ်အမှန်ကို ရနိုင်တော့မှာပါ။ Facebook အတွက်လည်း အရေးပါပါတယ်။ VR video ကို အားပေးလုပ်ဆောင်ခြင်းက social network အတွက်ရော Oculus hardware ရောင်းချမှုအတွက်ပါ အကျိုးဖြစ်ထွန်းစေမှာ ကျိန်းသေပါပဲ။

Leave a Reply