Enterprise Trending

သူ႕ရဲ႕စမတ္စပီကာကို တိတ္တဆိတ္ launch လုပ္သြားမယ့္ Facebook

Zawgyi Version

Facebook က သူ႕ရဲ႕ပထမဆံုး စမတ္စပီကာကို ဒီႏွစ္ F8 event မွာ ျပသလိမ့္မယ္လို႕ ယူဆထားခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း Cambridge Analytica အရွုပ္ေတာ္ပံုေၾကာင့္ အစီစဥ္ေတြေျပာင္းလဲကုန္ပါတယ္။ Facebook က launch ကို ေရႊ႕ထားဖို႕အတြက္ဆံုးျဖတ္လုိက္ပါတယ္။ ဒါေပမယ့္လည္း မၾကာေတာ့ပါဘူးလို႕ ေျပာပါတယ္။

Cambridge Analytica အရွုပ္ေတာ္ပံုျပီးသြားတဲ့ေနာက္မွာေတာ့ Facebook အေနနဲ႕ privacy-friendly ျဖစ္တဲ့ေျပာင္းလဲမႈေတြနဲ႕ feature အသစ္ေတြကို လုပ္ေဆာင္ျပဖုိ႕ ျဖစ္လာပါတယ္။ ဧျပီအေစာပိုင္းမွာ ကြန္ဂရက္ကို ႏွစ္ၾကိမ္ေလာက္ရင္ဆုိင္ရျပီးေနာက္မွာ ေျဖရွင္းႏုိင္ခဲ့ပါတယ္။ Facebook ဟာ သူ႕ရဲ႕စမတ္စပီကာကို ႏိုင္ငံတကာေစ်းကြက္မွာ launch လုုပ္ႏုိင္ေအာင္ၾကံရြယ္ေနပါတယ္။

ယူအက္စ္မဟုတ္ဘဲ အျခားႏုိင္ငံေတြကို device ေတြေရာင္းခ်မယ္ဆိုတဲ့အေၾကာင္းကို Facebook က CNBC ကိုေျပာထားလို႕ သိေနျပီးေလာက္ပါျပီ။ ဒါေပမယ့္လည္း ဘယ္ေစ်းကြက္ကိုစဥ္းစားထားသလဲ၊ ထုတ္ကုန္ေတြကို ဘယ္ေန႕မွာ ျပသမလဲဆိုတာေတြကိုေတာ့ ခ်န္လွပ္ထားခဲ့ပါတယ္။

Facebook ထုတ္လုပ္တဲ့ device ေတြက သံုးစြဲသူေတြကို တစ္ခ်ိန္လံုးနားေထာင္ေနမယ္ဆိုတာ ယူအက္စ္ကသံုးစြဲသူေတြနဲ႕ ဥပေဒသမားေတြကို Facebook က မရွင္းခ်င္ေသးပါဘူး။

တစ္ခ်ိန္တည္းမွာပဲ Amazon နဲ႕ Google တို႕ ေျခကုပ္မရေသးတဲ့ေနရာေတြမွာ ထုတ္ကုန္ေတြကို ျပသဖို႕အတြက္စိတ္ကူးထားပါတယ္။

Facebook ရဲ႕ စမတ္စပီကာေတြကိုတာ့ Facebook M assistant နဲ႕ အားျဖည့္ထားမွာျဖစ္ပါတယ္။ မၾကာခင္ Messenger ထဲမွာလည္း သူ႕ကိုအသံုးျပဳႏုိင္ေတာ့မွာ ျဖစ္ပါတယ္။ အဲဒီ voice assistant ေလးနဲ႕နာမည္ကေတာ့ Marvin လို႕အမည္ေပးႏုိင္ေလာက္ပါတယ္။ Amazon’s Alexa နဲ႕ Google’s Assistant တို႕လို လုပ္ေဆာင္ႏိုင္မွာပါ။

အဲဒီစပီကာေတြဟာ Messenger နဲ႕ တုိက္ရုိက္ခ်ိတ္ဆက္ထားမွာျဖစ္ျပီးေတာ့ သူငယ္ခ်င္း၊ မိသားစုေတြနဲ႕ chat ရတာ လြယ္ကူေစမွာပါ။ အဲဒီထဲကတစ္ခုမွာေတာ့ touchscreen နဲ႕ ကင္မရာေတြလည္း ပါ၀င္မယ္လို႕ သိရပါတယ္။

Unicode Version

Facebook က သူ့ရဲ့ပထမဆုံး စမတ်စပီကာကို ဒီနှစ် F8 event မှာ ပြသလိမ့်မယ်လို့ ယူဆထားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Cambridge Analytica အရှုပ်တော်ပုံကြောင့် အစီစဉ်တွေပြောင်းလဲကုန်ပါတယ်။ Facebook က launch ကို ရွှေ့ထားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့်လည်း မကြာတော့ပါဘူးလို့ ပြောပါတယ်။
Cambridge Analytica အရှုပ်တော်ပုံပြီးသွားတဲ့နောက်မှာတော့ Facebook အနေနဲ့ privacy-friendly ဖြစ်တဲ့ပြောင်းလဲမှုတွေနဲ့ feature အသစ်တွေကို လုပ်ဆောင်ပြဖို့ ဖြစ်လာပါတယ်။ ဧပြီအစောပိုင်းမှာ ကွန်ဂရက်ကို နှစ်ကြိမ်လောက်ရင်ဆိုင်ရပြီးနောက်မှာ ဖြေရှင်းနိုင်ခဲ့ပါတယ်။ Facebook ဟာ သူ့ရဲ့စမတ်စပီကာကို နိုင်ငံတကာဈေးကွက်မှာ launch လုုပ်နိုင်အောင်ကြံရွယ်နေပါတယ်။
ယူအက်စ်မဟုတ်ဘဲ အခြားနိုင်ငံတွေကို device တွေရောင်းချမယ်ဆိုတဲ့အကြောင်းကို Facebook က CNBC ကိုပြောထားလို့ သိနေပြီးလောက်ပါပြီ။ ဒါပေမယ့်လည်း ဘယ်ဈေးကွက်ကိုစဉ်းစားထားသလဲ၊ ထုတ်ကုန်တွေကို ဘယ်နေ့မှာ ပြသမလဲဆိုတာတွေကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။
Facebook ထုတ်လုပ်တဲ့ device တွေက သုံးစွဲသူတွေကို တစ်ချိန်လုံးနားထောင်နေမယ်ဆိုတာ ယူအက်စ်ကသုံးစွဲသူတွေနဲ့ ဥပဒေသမားတွေကို Facebook က မရှင်းချင်သေးပါဘူး။
တစ်ချိန်တည်းမှာပဲ Amazon နဲ့ Google တို့ ခြေကုပ်မရသေးတဲ့နေရာတွေမှာ ထုတ်ကုန်တွေကို ပြသဖို့အတွက်စိတ်ကူးထားပါတယ်။
Facebook ရဲ့ စမတ်စပီကာတွေကိုတာ့ Facebook M assistant နဲ့ အားဖြည့်ထားမှာဖြစ်ပါတယ်။ မကြာခင် Messenger ထဲမှာလည်း သူ့ကိုအသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒီ voice assistant လေးနဲ့နာမည်ကတော့ Marvin လို့အမည်ပေးနိုင်လောက်ပါတယ်။ Amazon’s Alexa နဲ့ Google’s Assistant တို့လို လုပ်ဆောင်နိုင်မှာပါ။
အဲဒီစပီကာတွေဟာ Messenger နဲ့ တိုက်ရိုက်ချိတ်ဆက်ထားမှာဖြစ်ပြီးတော့ သူငယ်ချင်း၊ မိသားစုတွေနဲ့ chat ရတာ လွယ်ကူစေမှာပါ။ အဲဒီထဲကတစ်ခုမှာတော့ touchscreen နဲ့ ကင်မရာတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.