ဇီဝဖြစ်စဉ်ကိုလေ့လာပေးပြီး ဘယ်အချိန်စား၊ ဘယ်အချိန်လေ့ကျင့်ခန်းဆိုတာ ပြောပေးမယ့် fitness tracker
0
1705
Zawgyi Version
Unicode Version
သင့်မှာ ကမ္ဘာ့အကောင်းဆုံးသာ fitness tracker လေးတစ်ခု ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် gym ကိုသွားတယ်။ လေ့ကျင့်ခန်းတယ်လုုပ်တယ်။ ဒါလေးတွေကို သူက မှတ်သားပေးနိုင်တယ်။ တခါတရံမှာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကြီးက ဘာလုပ်သင့်တယ်ဆိုတဲ့အသံကိုရော နားမထောင်သင့်ဘူးလား။ ဒီကိစ္စကိုဖြေရှင်းနိုင်တဲ့နည်းလမ်း ရှိပါတယ်။ RocketBody လို့ခေါ်တဲ့ tificial intelligence personal fitness trainer and nutritionist လေးရှိပါတယ်။ သူကတော့ သင့်ရဲ့ဇီဝဖြစ်စဉ်တွေကို လေ့လာပြီးတော့ ဘယ်အချိန်မှာ ဘယ်လိုလေ့ကျင့်ခန်းက အကောင်းဆုံးဖြစ်မလဲဆိုတာ ထောက်ပြပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းကို အထောက်အကူပြုစေဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို ဘယ်အချိန်မှာ ဘယ်လိုစားရမလဲဆိုတာကိုပါ ပြောပြပေးမှာပါ။
RocketBody ရဲ့ ဖန်တီးသူကတော့ သူဟာ ဇီဝဖြစ်စဉ်တွေကို medical-grade EKG ကိုအသုံးပြုပြီး တိကျစွာတိုင်းတာနိုင်မယ်လို့ ပြောထားပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့စွမ်းဆောင်နိုင်ရည်ကို အပြည့်အဝအသုံးချလို့ရအောင် လုပ်ဆောင်ပေးသွားမှာလည်း ဖြစ်ပါတယ်။ သုံးစွဲသူရဲ့အချက်အလက်တွေ၊ သူတို့ရဲ့လေ့ကျင့်မှုပန်းတိုင်၊ နှလုံးခုန်နှုန်း၊ ပြောင်းလဲနှုန်း၊ စားလိုက်တဲ့ ကယ်လိုရီ၊ လောင်ကျွမ်းတဲ့ကယ်လိုရီ စတာတွေကို ပေါင်းစပ်ပြီး လုပ်ဆောင်မှာပါ။ နောက်ပြီး လေ့ကျင့်ခန်းတွေ၊ အာဟာရပြည့်မီအောင် စားသုံးနည်းတွေကိုလည်း ထည့်သွင်းပေးထားမှာပါ။
“ကျွန်တော်က ပရော်ဖက်ရှင်နယ် အားကစားသမားတစ်ယောက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့၁၀နှစ်လောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်။ ဒီတော့ ကျွန်တော့ကိုယ်ကျွန်တော် အိပ်ရာထဲလဲမနေအောင် လုပ်ဆောင်နေရတယ်” လို့ ဖန်တီးရှင် Timofei Lipsky က ပြောပါတယ်။ “၂၀၁၅ ခုနှစ်မှာ သွေးစစ်ပြီးတဲ့နောက် EKG ကို အသုံးပြုပြီးတော့ ဇီဝဖြစ်စဉ်တွေကို လေ့လာခဲ့တယ်။”
ဒီနည်းပညာကို ဖန်တီးဖို့အတွက် Lipsky ဟာ Ph.D. scientist တွေ၊ biophysics ၊ neural biology မှ ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။ “လပေါင်းများစွာကြာပြီးနောက်မှာတာ့ အောင်မြင်မှုတစ်ခုရခဲ့ပြီး hardware ၊ software အင်ဂျင်နီယာတွေနဲ့ ပူးပေါင်းပြီးတော့ wearable နဲ့ mobile app လုပ်ဖို့ စီစဉ်ထားပါတယ်။”
ဒီပရောဂျက်လေးအတွက် ဖန်ငွေလိုအပ်နေပါတယ်။ ဒါကြောင့် သူတို့ဟာ Kickstarter နဲ့ချိတ်ဆက်ပြီးတော့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၉၉ဒေါ်လာနဲ့စတင်ပြီးတော့ အောက်တိုဘာလမှာ ဖြန့်ချိသွားဖို့ မှန်းထားပါတယ်။
ကဲ ၂၀၁၉ အတွက် ကျန်းမာကြံ့ခိုင်အောင် အခုကတည်းက လုပ်ဆောင်လိုက်ကြပါစို့။
Leave a Reply