Zawgyi Version
Unicode Version
ဒီနေ့မှစတင်ပြီးတော့ သုံးစွဲသူတွေကို စိတ်ပျက်၊ အရှက်ရစရာကွန်မန့်တွေကို ဖျောက်ပေးသွားတော့မှာပါ။
F8 conference မှာ Instagram က အနိုင်ကျင့်တဲ့ကွန်မန့်ကို စစ်ထုတ်သွားမယ်လို့ ပြောလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ community ထဲမှာ စိတ်ပျက်အရှက်ရစေမယ့် ကွန်မန့်တွေကို စစ်ပြီးဖျောက်ပေးသွားမယ်လို့ CEO က ပြောခဲ့ပါတယ်။ ဒါကြောင့် Instagram က ပြောနေတဲ့သူတွေရဲ့စကားသံတွေကို နားထောင်ပြီးတော့ ထောက်ပံ့ပေးလိုက်တာဖြစ်ပါတယ်။
ဒါဟာ platform ကို သန့်သွားအောင်ရှင်းလင်းခြင်းထက် Instagram ရဲ့ မကောင်းမြင်တဲ့တုံ့ပြန်မှုတွေကို ကောင်းမွန်စွာဖြေရှင်းလိုက်တဲ့သဘောပါ။ ၂၀၁၆ စက်တင်ဘာတုန်းက သုံးစွဲသူတွေကို သတ်မှတ်ထားတဲ့စကားလုံးတွေပါဝင်နေတဲ့ content တွေကို စစ်တ်ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆင်မပြေခဲ့ပါဘူး။ မနှစ်က ဒီလိုမကောင်းမြင်တဲ့ကွန်မန့်တွေကို ပိတ်ပင်ထားဖို့အတွက် နောက်တစ်ခုကို မိတ်ဆက်ထားလိုက်ပါတယ်။
ဒီလိုစစ်ထုတ်သွားမယ့် filter မှာ “လူတစ်ယောက်ရဲ့သွင်ပြင်၊ စရိုက်၊ ကျန်းမာရေး၊ တခုခုကို ထိခိုက်ထားတဲ့” ကွန်မန့်တွေကို စစ်ထုတ်သွားမှာပါ။ default အရ ဖွင့်ထားပေးမှာဖြစ်ပြီး ပိတ်ချင်တယ်ဆိုရင်တော့ Comment Controls မှာ ပိတ်နိုင်မှာဖြစ်ပါတယ်။