SNAPDRAGON 625 သုံးလာမယ့္ XIAOMI REDMI S2 ရဲ႕BENCHMARK ပုံရိပ္မ်ားထြက္ေပၚ

0
2025

တရုတ္စမတ္ဖုန္းထုတ္လုပ္သူ Xiaomi အေနနဲ႔ Redmi S2 စမတ္ဖုန္းကိုမိတ္ဆက္ႏိုင္ဖုိ႔အတြက္ ျပင္ဆင္လ်က္ရွိေနပါတယ္။ Xiaomi Redmi S2 ဟာ TENNA ရဲ႕ ေထာက္ခံခ်က္ ရရွိထားၿပီး ျဖစ္သလုိ  3C (Compulsory Certification of China) ရဲ႕ ခြင့္ျပဳခ်က္ ရလာၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ Xiaomi Redmi S2 ဟာ ေစ်းကြက္ထဲသုိ႔ ၀င္ဖုိ႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္ၿပီး မေ၀းေတာ့တဲ့ကာလအတြင္းမွာ မိတ္ဆက္လာဖို႔ ရွိေနပါတယ္။ စမတ္ဖုန္းသုံးစြဲသူ အမ်ားအျပားကေတာ့ Redmi S2 မွာသုံးလာမယ့္ ပရိုဆက္ဆာျဖစ္တဲ့ SNAPDRAGON 625 နဲ႔ပတ္သတ္ၿပီး ေဝဖန္မႈေတြရွိေနပါတယ္။ သုံးစြဲသူအမ်ားစုအေနနဲ႔ SNAPDRAGON 625 ထက္စာရင္ အျခားပရိုဆက္ဆာတစ္ခုကို ေမွ်ာ္လင့္လ်က္ရွိေနပါတယ္။ သို႔ေပမယ့္ ဒီေန႔မွာေတာ့ SNAPDRAGON 625 လို႔ေသခ်ာေစတဲ့ BENCHMARK အခ်က္အလက္ေတြ ထြက္ေပၚလာခဲ့ၿပီ ျဖစ္ပါတယ္။

Redmi S2 ကိုၾကည့္လိုက္မယ္ဆိုရင္ လက္ရွိေနာက္ဆုံးထြက္ထားတဲ့ Xiaomi စမတ္ဖုန္းျဖစ္တဲ့ Xiaomi Mi 6X နဲ႔ပုံစံဒီဇိုင္းတူညီတာကိုေတြ႕ရႏိုင္ၿပီး ဘက္ထရီနဲ႔ပရိုဆက္ဆာပိုင္းမွာေတာ့ ေလ်ာ့နည္းလာမွာျဖစ္ပါတယ္။ တရုတ္စမတ္ဖုန္းထုတ္လုပ္သူအေနနဲ႔ mid-range စမတ္ဖုန္းထုတ္လုပ္မႈအပိုင္းမွာ လက္ရွိအေျခအေနထက္ပိုမိုေရာင္းအားေကာင္းလာ ေစဖို႔ေမွ်ာ္လင့္ထားသလိုပါဘဲ။ အသစ္ထြက္လာမယ့္ စမတ္ဖုန္းဟာ ေစ်းသက္သာၿပီးေတာ့ ဖုန္းမွာကင္မရာေကာင္းေကာင္းနဲ႔ ကိုင္လိုသူေတြအတြက္ကို ရည္ရြယ္ပါလိမ့္မယ္။

ေပါက္ၾကားထြက္ေပၚလာတဲ့ screenshots ေတြမွာေတာ့ Redmi S2 မွာ5.99-inch screen နဲ႔အတူ  HD+ resolution ျမင္ရမွာပါ။ ကင္မရာပိုင္းမွာေတာ့ Snapdragon 625 chip နဲ႔ 3/4GB  RAM နဲ႔ျဖစ္ပါလိမ့္မယ္။ အဓိကကင္မရာကို dual ျဖစ္ၿပီး 12MP (Sony IMX486) နဲ႔ 5MP (Samsung S5KE8) sensors တို႔ေပါင္းစပ္ပါလိမ့္မယ္။ အေရွ႕ဘက္ကင္မရာငယ္ကေတာ့ 5MP သာရွိမွာျဖစ္ၿပီး face unlock နဲ႔ portrait mode တုိ႔ကိုေထာက္ပ့ံ့ပါလိမ့္မယ္။ အျခားအခ်က္အလက္ေတြျဖစ္တဲ့ ဘက္ထရီပုိင္းမွာ 3080mAh နဲ႔အတူ MIUI9 အေျချပဳ Android 8.1 ကိုသံုးလာပါလိမ့္မယ္။

Unicode Version

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Xiaomi အနေနဲ့ Redmi S2 စမတ်ဖုန်းကိုမိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်လျက်ရှိနေပါတယ်။ Xiaomi Redmi S2 ဟာ TENNA ရဲ့ ထောက်ခံချက် ရရှိထားပြီး ဖြစ်သလို  3C (Compulsory Certification of China) ရဲ့ ခွင့်ပြုချက် ရလာပြီ ဖြစ်ပါတယ်။ ဒါကြောင့် Xiaomi Redmi S2 ဟာ စျေးကွက်ထဲသို့ ၀င်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး မဝေးတော့တဲ့ကာလအတွင်းမှာ မိတ်ဆက်လာဖို့ ရှိနေပါတယ်။ စမတ်ဖုန်းသုံးစွဲသူ အများအပြားကတော့ Redmi S2 မှာသုံးလာမယ့် ပရိုဆက်ဆာဖြစ်တဲ့ SNAPDRAGON 625 နဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေရှိနေပါတယ်။ သုံးစွဲသူအများစုအနေနဲ့ SNAPDRAGON 625 ထက်စာရင် အခြားပရိုဆက်ဆာတစ်ခုကို မျှော်လင့်လျက်ရှိနေပါတယ်။ သို့ပေမယ့် ဒီနေ့မှာတော့ SNAPDRAGON 625 လို့သေချာစေတဲ့ BENCHMARK အချက်အလက်တွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

Redmi S2 ကိုကြည့်လိုက်မယ်ဆိုရင် လက်ရှိနောက်ဆုံးထွက်ထားတဲ့ Xiaomi စမတ်ဖုန်းဖြစ်တဲ့ Xiaomi Mi 6X နဲ့ပုံစံဒီဇိုင်းတူညီတာကိုတွေ့ရနိုင်ပြီး ဘက်ထရီနဲ့ပရိုဆက်ဆာပိုင်းမှာတော့ လျော့နည်းလာမှာဖြစ်ပါတယ်။ တရုတ်စမတ်ဖုန်းထုတ်လုပ်သူအနေနဲ့ mid-range စမတ်ဖုန်းထုတ်လုပ်မှုအပိုင်းမှာ လက်ရှိအခြေအနေထက်ပိုမိုရောင်းအားကောင်းလာ စေဖို့မျှော်လင့်ထားသလိုပါဘဲ။ အသစ်ထွက်လာမယ့် စမတ်ဖုန်းဟာ စျေးသက်သာပြီးတော့ ဖုန်းမှာကင်မရာကောင်းကောင်းနဲ့ ကိုင်လိုသူတွေအတွက်ကို ရည်ရွယ်ပါလိမ့်မယ်။

ပေါက်ကြားထွက်ပေါ်လာတဲ့ screenshots တွေမှာတော့ Redmi S2 မှာ5.99-inch screen နဲ့အတူ  HD+ resolution မြင်ရမှာပါ။ ကင်မရာပိုင်းမှာတော့ Snapdragon 625 chip နဲ့ 3/4GB  RAM နဲ့ဖြစ်ပါလိမ့်မယ်။ အဓိကကင်မရာကို dual ဖြစ်ပြီး 12MP (Sony IMX486) နဲ့ 5MP (Samsung S5KE8) sensors တို့ပေါင်းစပ်ပါလိမ့်မယ်။ အရှေ့ဘက်ကင်မရာငယ်ကတော့ 5MP သာရှိမှာဖြစ်ပြီး face unlock နဲ့ portrait mode တို့ကိုထောက်ပ့ံ့ပါလိမ့်မယ်။ အခြားအချက်အလက်တွေဖြစ်တဲ့ ဘက်ထရီပိုင်းမှာ 3080mAh နဲ့အတူ MIUI9 အခြေပြု Android 8.1 ကိုသုံးလာပါလိမ့်မယ်။

Leave a Reply