STYLUS ပါဝင္မယ့္ LG ‘Q NOTE’ ရဲ႕မူပိုင္ခြင့္အခ်က္အလက္ထြက္ေပၚ

0
1824

ကိုရီးယားစမတ္ဖုန္းထုတ္လုပ္သူ LG အေနနဲ႔ဒီရက္ပိုင္းအတြင္းမွာ သူတို႔ရဲ႕ Flagship စမတ္ဖုန္းျဖစ္တဲ့ LG Q7 ThnQ ကိုမိတ္ဆက္ေပးေတာ့မွာ ျဖစ္ပါတယ္။ ေမလ၂ရက္ေန႔မွာ နယူးေယာက္နဲ႔ေမလ၃ရက္ေန႔မွာ မိခင္ႏိုင္ငံ ဆိုးလ္မွာမိတ္ဆက္ေတာ့မယ့္ စမတ္ဖုန္းသစ္နဲ႔ပတ္သတ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းက ဖိတ္စာေတြကို ေဝၿပီးသြားပါၿပီ။  LG G7 ThinQ နဲ႔တၿပိဳင္နက္တည္း Q7 ကိုပါမိတ္ဆက္သြားမယ္လို႔ ဆိုပါတယ္။

ဒီေန႔မွာေတာ့ ကုမၸဏီကေနာက္ထပ္ မိတ္ဆက္သြားဖို႔ ျပင္ဆင္ေနတဲ့ LG Q series အသစ္ကို မူပိုင္ခြင့္တင္လိုက္တဲ့ အခ်က္အလက္ေတြ ေပါက္ၾကားထြက္ေပၚလာပါတယ္။ အသစ္မိတ္ဆက္မယ့္ ဖုန္းဟာ Note အမ်ိဳးအစားျဖစ္ၿပီး  stylus  လုပ္ေဆာင္ခ်က္သုံးႏုိင္ပါလိမ့္မယ္။ LG အေနနဲ႔ဧၿပီလအေစာပိုင္းတုန္းက Q Note နဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြကို ကိုရီးယားမူပိုင္ခြင့္ဌာနျဖစ္တဲ့ KIPRIS မွာတင္လိုက္တယ္လို႔သိရၿပီး အျခားတိက်တဲ့ အခ်က္အလက္ေတြကိုေတာ့ ထုတ္ေဖာ္ေျပာၾကားျခင္းမရွိခဲ့ပါဘူး။ အီလက္ထေရာနစ္ ထုတ္လုပ္သူေတြဟာ ထုတ္ကုန္ေတြမူပိုင္ခြင့္ေတြကို ႀကိဳတင္တင္ေပးထားရၿပီး မည္သည့္ပစၥည္းမွာသုံးမယ္ဆိုတာေတာ့ မေျပာၾကားရပါဘူး။ အခုေတာ့ LG ကတင္လိုက္တဲ့ မူပိုင္ခြင့္ဟာ ကုမၸဏီကအသစ္ထုတ္မယ့္ Phablet ဖုန္းအတြက္ျဖစ္ၿပီး ၎မွာ Stylus လုပ္ေဆာင္ခ်က္ကို သုံးႏုိင္ေတာ့မွာလို႔ သိရပါတယ္။

LG ရဲ႕အသစ္ထြက္လာမယ့္ ဖုန္းဟာ Samsung ရဲ႕Note 9 မတိုင္ခင္ထြက္ရွိလာႏုိင္ၿပီး mid-range သို႔ premium specs ေတြပါလာမလားဆိုတာကေတာ့ ထပ္မံထြက္ေပၚလာမယ့္ သတင္းအခ်က္ေတြကို ေစာင့္ၾကည့္ရအုံးမွာပါ။ LG အေနနဲ႔ stylus ပါဝင္တဲ့ဖုန္းေတြျဖစ္တဲ့  LG G3 Stylus (2014), G4 Stylus (2015), G Stylo (2015), Stylus 2 (2016), Stylo 2 (2016), Stylus 2 Plus (2016) နဲ႔ Stylus 3 (2016) ကိုေစ်းကြက္အတြင္းမွာ ေရာင္းခ်ထားပါတယ္။ Q Note ကေတာ့အရင္ထြက္ထားတဲ့ ဖုန္းေတြနဲ႔ကြဲျပားၿပီး အျမင့္ပိုင္းလုပ္ေဆာင္ခ်က္ေတြနဲ႔ ထြက္လာႏုိင္ေျခရွိတယ္လို႔ androidheadlines ကခန္႔မွန္းေပးထားပါတယ္။

Unicode Version

ကိုရီးယားစမတ်ဖုန်းထုတ်လုပ်သူ LG အနေနဲ့ဒီရက်ပိုင်းအတွင်းမှာ သူတို့ရဲ့ Flagship စမတ်ဖုန်းဖြစ်တဲ့ LG Q7 ThnQ ကိုမိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ မေလ၂ရက်နေ့မှာ နယူးယောက်နဲ့မေလ၃ရက်နေ့မှာ မိခင်နိုင်ငံ ဆိုးလ်မှာမိတ်ဆက်တော့မယ့် စမတ်ဖုန်းသစ်နဲ့ပတ်သတ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဖိတ်စာတွေကို ဝေပြီးသွားပါပြီ။  LG G7 ThinQ နဲ့တပြိုင်နက်တည်း Q7 ကိုပါမိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။

ဒီနေ့မှာတော့ ကုမ္ပဏီကနောက်ထပ် မိတ်ဆက်သွားဖို့ ပြင်ဆင်နေတဲ့ LG Q series အသစ်ကို မူပိုင်ခွင့်တင်လိုက်တဲ့ အချက်အလက်တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အသစ်မိတ်ဆက်မယ့် ဖုန်းဟာ Note အမျိုးအစားဖြစ်ပြီး  stylus  လုပ်ဆောင်ချက်သုံးနိုင်ပါလိမ့်မယ်။ LG အနေနဲ့ဧပြီလအစောပိုင်းတုန်းက Q Note နဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို ကိုရီးယားမူပိုင်ခွင့်ဌာနဖြစ်တဲ့ KIPRIS မှာတင်လိုက်တယ်လို့သိရပြီး အခြားတိကျတဲ့ အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။ အီလက်ထရောနစ် ထုတ်လုပ်သူတွေဟာ ထုတ်ကုန်တွေမူပိုင်ခွင့်တွေကို ကြိုတင်တင်ပေးထားရပြီး မည်သည့်ပစ္စည်းမှာသုံးမယ်ဆိုတာတော့ မပြောကြားရပါဘူး။ အခုတော့ LG ကတင်လိုက်တဲ့ မူပိုင်ခွင့်ဟာ ကုမ္ပဏီကအသစ်ထုတ်မယ့် Phablet ဖုန်းအတွက်ဖြစ်ပြီး ၎င်းမှာ Stylus လုပ်ဆောင်ချက်ကို သုံးနိုင်တော့မှာလို့ သိရပါတယ်။

LG ရဲ့အသစ်ထွက်လာမယ့် ဖုန်းဟာ Samsung ရဲ့Note 9 မတိုင်ခင်ထွက်ရှိလာနိုင်ပြီး mid-range သို့ premium specs တွေပါလာမလားဆိုတာကတော့ ထပ်မံထွက်ပေါ်လာမယ့် သတင်းအချက်တွေကို စောင့်ကြည့်ရအုံးမှာပါ။ LG အနေနဲ့ stylus ပါဝင်တဲ့ဖုန်းတွေဖြစ်တဲ့  LG G3 Stylus (2014), G4 Stylus (2015), G Stylo (2015), Stylus 2 (2016), Stylo 2 (2016), Stylus 2 Plus (2016) နဲ့ Stylus 3 (2016) ကိုစျေးကွက်အတွင်းမှာ ရောင်းချထားပါတယ်။ Q Note ကတော့အရင်ထွက်ထားတဲ့ ဖုန်းတွေနဲ့ကွဲပြားပြီး အမြင့်ပိုင်းလုပ်ဆောင်ချက်တွေနဲ့ ထွက်လာနိုင်ခြေရှိတယ်လို့ androidheadlines ကခန့်မှန်းပေးထားပါတယ်။

Leave a Reply