Messenger ကို ရိုးရွင္းေအာင္လုပ္ေဆာင္ျပီး dark mode ထည့္သြင္းမည္

0
1651

Zawgyi Version

Facebook Messenger app ကို စကားလံုးေတြနဲ႕ေဖာ္ျပမယ္ဆိုရင္ အမ်ားၾကီးရွိပါတယ္။ ဒါေပမယ့္ အဲဒီစကားလံုးေတြထဲမွာ ရိုးရွင္းတယ္ ဆိုတာေတာ့ ထည့္သြင္းအသံုးျပဳလို႕မရပါဘူး။ ႏွစ္ေတြမ်ားစြာၾကာျပီးေနာက္မွာေတာ့ အဲဒီ chat app ေလးဟာ စံုစိေနေအာင္ပါေနပါတယ္။ လိုတာေတြေရာ မလိုတာေတြေရာေပါ့။

သတင္းေကာင္းရွိပါတယ္။ Mark Zuckerberg က Facebook Messenger app ကို ရိုးရွင္းေအာင္ျပန္လည္ဒီဇိုင္းထုတ္သြားမယ္လို႕ ေျပာၾကားထားပါတယ္။ ျပီးေတာ့ dark mode feature ေလးလည္း ပါဦးမွာတဲ့။

“မက္ေဆ့ခ်္ပို႕ေနခ်ိန္မွာ ျမန္ဆန္ျပီးေတာ့ ရိုးရွင္းတဲ့ခံစားခ်က္ကို လိုခ်င္မွာပါ” လို႕ conference မွာ Mark Zuckerberg က ေျပာၾကားခဲ့ပါတယ္။ “Messenger ကို အဲဒီအတုိင္းျဖစ္ေအာင္ လုပ္ေဆာင္ဖုိ႕အတြက္ ၾကိဳးစားေနပါတယ္။” ျပီးေတာ့ ေျပာၾကားေနခ်ိန္အတြင္းမွာလည္း “ရွင္းလင္းမႈ” “ျမန္ဆန္မႈ” ဆိုတဲ့စကားလံုးေတြကို ခဏခဏအသံုးျပဳသြားခဲ့ပါတယ္။

facebook messenger dark mode

Messenger ဌာနရဲ႕ေခါင္းေဆာင္ျဖစ္သူ David Marcus ကေတာ့ အဲဒီapp ေလးက မၾကာခင္မွာ ေရာက္လာေတာ့မွာပါလို႕ ေျပာခဲ့ပါတယ္။ ဒီ app ေလးကို ဒီႏွစ္အေစာပိုင္းကတည္းက ဖန္တီးေနခဲ့တာပါ။

chat app ေလးကိုစသံုးလိုက္တဲ့အခ်ိန္မွာ ေအာက္ဘက္မွာ tab သံုးခုကုိေတြ႕ရမွာပါ။ အဲဒါေလးေတြကေတာ့ chat ၊ contact ၊ geolocation function ျဖစ္ပါတယ္။ လက္ရွိ ေအာက္ဘက္အလယ္ေခါင္မွာရွိေနတဲ့ camera app ကေတာ့ အေပၚဘက္မွာေရာက္သြားမွာျဖစ္ျပီး ဂိမ္းနဲ႕ app icon ေလးကေတာ့ လံုး၀ေပ်ာက္သြားမွာပါ။

camera icon ေလးကို အေပၚတင္လိုက္သလိုပဲ video chat နဲ႕ compose icon ေလးေတြကလည္း ေျပာင္းသြားမွာပါ။

UI တစ္ခုလံုးက ပိုရွင္္းလင္းသြားသလို အခုလိုေျပာင္းလဲမႈကို ၾကိဳဆိုၾကမယ္လို႕ ေမွ်ာ္လင့္ပါတယ္။ dark mode အသစ္က လူေတြကို ေပ်ာ္ရႊင္သြားေစမယ္လို႕ ယံုၾကည္ပါတယ္။ အသံုးမ်ားမယ္ဆိုရင္ အျဖဴေရာင္က သင့္မ်က္လံုးကို ထိခိုုက္ေစႏိုင္ပါတယ္။

ထြက္ရွိမယ့္ရက္နဲ႕အတူ ကၽြန္ေတာ္ေနာက္တစ္ေခါက္ျပန္လာခဲ့ပါမယ္။

Unicode Version

Facebook Messenger app ကို စကားလုံးတွေနဲ့ဖော်ပြမယ်ဆိုရင် အများကြီးရှိပါတယ်။ ဒါပေမယ့် အဲဒီစကားလုံးတွေထဲမှာ ရိုးရှင်းတယ် ဆိုတာတော့ ထည့်သွင်းအသုံးပြုလို့မရပါဘူး။ နှစ်တွေများစွာကြာပြီးနောက်မှာတော့ အဲဒီ chat app လေးဟာ စုံစိနေအောင်ပါနေပါတယ်။ လိုတာတွေရော မလိုတာတွေရောပေါ့။
သတင်းကောင်းရှိပါတယ်။ Mark Zuckerberg က Facebook Messenger app ကို ရိုးရှင်းအောင်ပြန်လည်ဒီဇိုင်းထုတ်သွားမယ်လို့ ပြောကြားထားပါတယ်။ ပြီးတော့ dark mode feature လေးလည်း ပါဦးမှာတဲ့။
“မက်ဆေ့ချ်ပို့နေချိန်မှာ မြန်ဆန်ပြီးတော့ ရိုးရှင်းတဲ့ခံစားချက်ကို လိုချင်မှာပါ” လို့ conference မှာ Mark Zuckerberg က ပြောကြားခဲ့ပါတယ်။ “Messenger ကို အဲဒီအတိုင်းဖြစ်အောင် လုပ်ဆောင်ဖို့အတွက် ကြိုးစားနေပါတယ်။” ပြီးတော့ ပြောကြားနေချိန်အတွင်းမှာလည်း “ရှင်းလင်းမှု” “မြန်ဆန်မှု” ဆိုတဲ့စကားလုံးတွေကို ခဏခဏအသုံးပြုသွားခဲ့ပါတယ်။
Messenger ဌာနရဲ့ခေါင်းဆောင်ဖြစ်သူ David Marcus ကတော့ အဲဒီapp လေးက မကြာခင်မှာ ရောက်လာတော့မှာပါလို့ ပြောခဲ့ပါတယ်။ ဒီ app လေးကို ဒီနှစ်အစောပိုင်းကတည်းက ဖန်တီးနေခဲ့တာပါ။
chat app လေးကိုစသုံးလိုက်တဲ့အချိန်မှာ အောက်ဘက်မှာ tab သုံးခုကိုတွေ့ရမှာပါ။ အဲဒါလေးတွေကတော့ chat ၊ contact ၊ geolocation function ဖြစ်ပါတယ်။ လက်ရှိ အောက်ဘက်အလယ်ခေါင်မှာရှိနေတဲ့ camera app ကတော့ အပေါ်ဘက်မှာရောက်သွားမှာဖြစ်ပြီး ဂိမ်းနဲ့ app icon လေးကတော့ လုံးဝပျောက်သွားမှာပါ။
camera icon လေးကို အပေါ်တင်လိုက်သလိုပဲ video chat နဲ့ compose icon လေးတွေကလည်း ပြောင်းသွားမှာပါ။
UI တစ်ခုလုံးက ပိုရှင်းလင်းသွားသလို အခုလိုပြောင်းလဲမှုကို ကြိုဆိုကြမယ်လို့ မျှော်လင့်ပါတယ်။ dark mode အသစ်က လူတွေကို ပျော်ရွှင်သွားစေမယ်လို့ ယုံကြည်ပါတယ်။ အသုံးများမယ်ဆိုရင် အဖြူရောင်က သင့်မျက်လုံးကို ထိခိုုက်စေနိုင်ပါတယ်။
ထွက်ရှိမယ့်ရက်နဲ့အတူ ကျွန်တော်နောက်တစ်ခေါက်ပြန်လာခဲ့ပါမယ်။

Leave a Reply