App/Game Trending

Mark Zuckerberg ရဲ႕ စိတ္၀င္စားဖြယ္ေကာင္းေသာ Facebook Dating

Zawgyi Version

F8 Developer Conference keynote တုန္းက Facebook CEO Mark Zuckerberg ဟာ သူတို႕ရဲ႕ mobile app အျဖစ္နဲ႕ထြက္ရွိလာေတာ့မယ့္ Facebook Dating ဆိုတဲ့ ထုတ္ကုန္အသစ္ေလးအေၾကာင္းကို ေၾကညာခဲ့ပါတယ္။

Zuckerberg ရဲ႕ေျပာၾကားခ်က္အရ အဲဒီ၀န္ေဆာင္မႈေလးက ၾကင္ဖက္ကို ေရြးခ်ယ္ႏုိင္တဲ့၀န္ေဆာင္မႈေလးျဖစ္ပါတယ္။ ခ်ိ္တ္ဆက္ေပးမယ့္၀န္ေဆာင္မႈမဟုတ္ပါဘူး။ ဒါေၾကာင့္ friends ျဖစ္ေနျပီးသားလူေတြကိုပဲ ခ်ိတ္ဆက္ေပးမွာမဟုတ္ဘူးလို႕ သိရပါတယ္။

သူ႕ရဲ႕ရည္ရြယ္ခ်က္ကေတာ့ အဓိပၸာယ္ရွိတဲ့ဆက္ဆံေရးေတြကို တည္ေဆာက္ႏုိင္ေစဖို႕ ျဖစ္ပါတယ္။ အဲဒီapp က သံုးစြဲသူေတြရဲ႕ ရွိေနျပီးသား Facebook profiles ေတြကေန အခ်က္အလက္အေတာ္မ်ားမ်ားကို ဆြဲထုတ္မယ္လို႕ ယူဆထားပါတယ္။ အလုပ္အကုိင္၊ ပညာအရည္အခ်င္း စတာေတြကို ေရြးထုတ္ျပီးေတာ့ စကားေျပာဆိုမႈစတင္ဖို႕အတြက္ ဆြဲထုတ္အသံုးျပဳသြားမွာပါ။

ဘယ္အခ်ိန္မွာ ဒီ၀န္ေဆာင္မႈေလးကို အသံုးျပဳႏုိင္မလဲဆိုတာကတာ့ မေၾကညာခဲ့ေသးပါ။

Facebook က ရွိေနျပီးသား dating app ေတြနဲ႕လည္း ရွဳပ္ေထြးတဲ့ပတ္သတ္မႈေတြ ရွိေနပါတယ္။ ၂၀၁၇ခုႏွစ္တုန္းက ဥေရာပသံုးစြဲသူတစ္ေယာက္က Tinder  နဲ႕ Facebook account ကို ခ်ိတ္ဆက္လိုက္တဲ့အခါမွာ သူမရဲ႕အခ်က္အလက္ေတြအေတာ္မ်ားမ်ား အသံုးျပဳေနတယ္လို႕ သိလိုက္ရပါတယ္။ ဒီလိုအခ်က္အလက္ေတြ မွ်ေ၀ေပးတဲ့ကိစၥေၾကာင့္ Cambridge Analytica အရွဳပ္ေတာ္ပံုမွာလည္း ပါ၀င္ပတ္သတ္ခဲ့ရပါတယ္။ ဒီေတာ့ သံုးစြဲသူအေတာ္မ်ားမ်ားက Facebook account နဲ႕ dating app ေတြကို ခ်ိတ္ဆက္မႈမလုပ္ၾကေတာ့ပါဘူး။

ဒီေတာ့ ရွိေနျပီးသားapp ေတြေတာင္မွ မခ်ိတ္ၾကေတာ့တာကို app အသစ္ထြက္လာရင္ သံုးၾကပါဦးမလားဆိုတာ Facebook စင္ျမင့္ထက္မွာ ရွဳစားၾကရေတာ့မွာပါ။

Unicode Version

F8 Developer Conference keynote တုန်းက Facebook CEO Mark Zuckerberg ဟာ သူတို့ရဲ့ mobile app အဖြစ်နဲ့ထွက်ရှိလာတော့မယ့် Facebook Dating ဆိုတဲ့ ထုတ်ကုန်အသစ်လေးအကြောင်းကို ကြေညာခဲ့ပါတယ်။
Zuckerberg ရဲ့ပြောကြားချက်အရ အဲဒီဝန်ဆောင်မှုလေးက ကြင်ဖက်ကို ရွေးချယ်နိုင်တဲ့ဝန်ဆောင်မှုလေးဖြစ်ပါတယ်။ ချိတ်ဆက်ပေးမယ့်ဝန်ဆောင်မှုမဟုတ်ပါဘူး။ ဒါကြောင့် friends ဖြစ်နေပြီးသားလူတွေကိုပဲ ချိတ်ဆက်ပေးမှာမဟုတ်ဘူးလို့ သိရပါတယ်။
သူ့ရဲ့ရည်ရွယ်ချက်ကတော့ အဓိပ္ပာယ်ရှိတဲ့ဆက်ဆံရေးတွေကို တည်ဆောက်နိုင်စေဖို့ ဖြစ်ပါတယ်။ အဲဒီapp က သုံးစွဲသူတွေရဲ့ ရှိနေပြီးသား Facebook profiles တွေကနေ အချက်အလက်အတော်များများကို ဆွဲထုတ်မယ်လို့ ယူဆထားပါတယ်။ အလုပ်အကိုင်၊ ပညာအရည်အချင်း စတာတွေကို ရွေးထုတ်ပြီးတော့ စကားပြောဆိုမှုစတင်ဖို့အတွက် ဆွဲထုတ်အသုံးပြုသွားမှာပါ။
ဘယ်အချိန်မှာ ဒီဝန်ဆောင်မှုလေးကို အသုံးပြုနိုင်မလဲဆိုတာကတာ့ မကြေညာခဲ့သေးပါ။
Facebook က ရှိနေပြီးသား dating app တွေနဲ့လည်း ရှုပ်ထွေးတဲ့ပတ်သတ်မှုတွေ ရှိနေပါတယ်။ ၂၀၁၇ခုနှစ်တုန်းက ဥရောပသုံးစွဲသူတစ်ယောက်က Tinder နဲ့ Facebook account ကို ချိတ်ဆက်လိုက်တဲ့အခါမှာ သူမရဲ့အချက်အလက်တွေအတော်များများ အသုံးပြုနေတယ်လို့ သိလိုက်ရပါတယ်။ ဒီလိုအချက်အလက်တွေ မျှဝေပေးတဲ့ကိစ္စကြောင့် Cambridge Analytica အရှုပ်တော်ပုံမှာလည်း ပါဝင်ပတ်သတ်ခဲ့ရပါတယ်။ ဒီတော့ သုံးစွဲသူအတော်များများက Facebook account နဲ့ dating app တွေကို ချိတ်ဆက်မှုမလုပ်ကြတော့ပါဘူး။
ဒီတော့ ရှိနေပြီးသားapp တွေတောင်မှ မချိတ်ကြတော့တာကို app အသစ်ထွက်လာရင် သုံးကြပါဦးမလားဆိုတာ Facebook စင်မြင့်ထက်မှာ ရှုစားကြရတော့မှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.