Xiaomi Mi 7 ကိုယခုလ၂၃ရက္ေန႔မွာ မိတ္ဆက္ေတာ့မွာလား ?

0
1943

Xiaomi စမတ္ဖုန္းသစ္ Mi 7 ကုိမိတ္ဆက္မယ့္ တရားဝင္ေၾကာ္ျငာပိုစတာလို႔ ထင္ရတဲ့ပုံရိပ္တစ္ခုဒီေန႔မွာေတာ့ ထြက္ေပၚလာပါတယ္။ သို႔ေပမယ့္ တရားဝင္လို႔ေတာ့ မသတ္မွတ္ႏိုင္ပါဘူး။ အဆိုပါ ပိုစတာမွာ လုံေလာက္တဲ့အခ်က္အလက္ေတြ ေဖာ္ျပထားျခင္းမရွိေပမယ့္ Mi Logo နဲ႔အတူ အေရာင္ေတြေလာင္ကၽြမ္းေနတဲ့ 7(severn) ပုံစံနဲ႔ ေမ၂၃ဆိုတဲ့ ရက္စဲြပါရွိလာပါတယ္။ ပိုစတာရဲ႕အရည္အေသြးဟာ ျမင့္မားတဲ့အရည္အေသြးပုံစံ မရွိတဲ့အျပင္ Xiaomi ရဲ႕တရားဝင္  Weibo အေကာင့္ကေနလည္း တင္ထားတာမဟုတ္ပါဘူး။ အျခား Weibo acc တစ္ခုမွာတင္ထားတာကိုေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ ဒီအခ်က္အလက္ကိုယုံၾကည္လို႔ေတာ့ မရေသးပါဘူး။ သုိ႔ေပမယ့္ စမတ္ဖုန္းထုတ္လုပ္သူ Xiaomi ဟာၿပီးခဲ့တဲ့ႏွစ္ဧၿပီလေလာက္က Xiaomi Mi 6 ဆိုကိုမိတ္ဆက္ခဲ့ဘူးတာေၾကာင့္ ဒါဟာျဖစ္ႏုိင္ေျခေတာ့ ရွိပါေသးတယ္။

ဒီေန႔အထိ ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းအခ်က္အလက္မ်ားအရ သူ႔မွာ Qualcomm Snapdragon 845 ပရိုဆက္ဆာထည့္သြင္းထားမယ္လို႔ Benchmark အမွတ္မ်ားအရ သိရပါတယ္။ မ်က္ႏွာျပင္ 5.65-Inch Display ကိုသံုးထားျပီး အရည္အေသြးမွာ Full HD+ ျဖစ္ပါတယ္။ မ်က္ႏွာျပင္အခ်ိဳးမွာ 18:9 ျဖစ္ပါတယ္။ တျခား Specs ေတြ Feature ေတြကေတာ့ ၾကိဳးမဲ့အားသြင္းစနစ္၊ Android Oreo (Miui Skin) Storage 64GB/ 128GB/ 256GB စတာေတြပါ။ Ram 6GB သို႔မဟုတ္ 8GB ျဖစ္ပါလိမ့္မယ္။ Xiaomi က Mi 7 အျပင္ Mi 7 Plus ကိုလည္း မိတ္ဆက္မယ္လို႔ ေနာက္ဆံုး သတင္းမ်ားအရ သိရပါတယ္။ သူ႔မွာ ၆.၀၁ လက္မ Full HD+ Display ပါမွာ ျဖစ္ၿပီး မ်က္နွုာျပင္ အခ်ိဳးဟာ 18:9 ျဖစ္ႏုိင္ပါတယ္။ Mi 7 Plus မွာ Always-On Display Feature နဲ႔အတူ OLED Display ကိုသံုးထားမယ္လို႔သိရပါတယ္။

Weibo မွာေတာ့ Xiaomi ရဲ႕တည္ေထာင္သူ Lei Jun ကိုယ္တိုင္က In-Display Fingerprint Scanner ပါမယ္လို႔ အတည္ျပဳခဲ့ျပီးသားပါ။ ဒီ္ပိုစတာဟာ တရားဝင္လို႔ မသတ္မွတ္ႏိုင္ေသးတဲ့အတြက္ Mi 7 မဟုတ္ပဲ အျခားစမတ္ဖုန္းလည္း ျဖစ္ႏုိင္ေျခရွိပါေသးတယ္။ ေမ၂၃မွာ Mi 7 အမွန္တကယ္ထြက္လားမလားဆိုတာကုိေတာ့ ၁၀ရက္ေန႔ေနာက္ပိုင္း တရုတ္လူမႈကြန္ရက္ Weibo မွာတက္လာမယ့္ အခ်က္အလက္ေတြကို ေစာင္ၾကည့္ရပါလိမ့္မယ္။ Mi 7တကယ္သာ ထြက္လာမယ္ဆုိရင္ေတာ့ Xiaomi သုံးစြဲသူေတြအေနနဲ႔ ေရြးခ်ယ္စရာေနာက္ထပ္ high-end ဖုန္းတစ္လုံးထပ္တိုးလာပါေတာ့မယ္။

Unicode Version

Xiaomi စမတ်ဖုန်းသစ် Mi 7 ကိုမိတ်ဆက်မယ့် တရားဝင်ကြော်ငြာပိုစတာလို့ ထင်ရတဲ့ပုံရိပ်တစ်ခုဒီနေ့မှာတော့ ထွက်ပေါ်လာပါတယ်။ သို့ပေမယ့် တရားဝင်လို့တော့ မသတ်မှတ်နိုင်ပါဘူး။ အဆိုပါ ပိုစတာမှာ လုံလောက်တဲ့အချက်အလက်တွေ ဖော်ပြထားခြင်းမရှိပေမယ့် Mi Logo နဲ့အတူ အရောင်တွေလောင်ကျွမ်းနေတဲ့ 7(severn) ပုံစံနဲ့ မေ၂၃ဆိုတဲ့ ရက်စွဲပါရှိလာပါတယ်။ ပိုစတာရဲ့အရည်အသွေးဟာ မြင့်မားတဲ့အရည်အသွေးပုံစံ မရှိတဲ့အပြင် Xiaomi ရဲ့တရားဝင်  Weibo အကောင့်ကနေလည်း တင်ထားတာမဟုတ်ပါဘူး။ အခြား Weibo acc တစ်ခုမှာတင်ထားတာကိုတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဒီအချက်အလက်ကိုယုံကြည်လို့တော့ မရသေးပါဘူး။ သို့ပေမယ့် စမတ်ဖုန်းထုတ်လုပ်သူ Xiaomi ဟာပြီးခဲ့တဲ့နှစ်ဧပြီလလောက်က Xiaomi Mi 6 ဆိုကိုမိတ်ဆက်ခဲ့ဘူးတာကြောင့် ဒါဟာဖြစ်နိုင်ခြေတော့ ရှိပါသေးတယ်။

ဒီနေ့အထိ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းအချက်အလက်များအရ သူ့မှာ Qualcomm Snapdragon 845 ပရိုဆက်ဆာထည့်သွင်းထားမယ်လို့ Benchmark အမှတ်များအရ သိရပါတယ်။ မျက်နှာပြင် 5.65-Inch Display ကိုသုံးထားပြီး အရည်အသွေးမှာ Full HD+ ဖြစ်ပါတယ်။ မျက်နှာပြင်အချိုးမှာ 18:9 ဖြစ်ပါတယ်။ တခြား Specs တွေ Feature တွေကတော့ ကြိုးမဲ့အားသွင်းစနစ်၊ Android Oreo (Miui Skin) Storage 64GB/ 128GB/ 256GB စတာတွေပါ။ Ram 6GB သို့မဟုတ် 8GB ဖြစ်ပါလိမ့်မယ်။ Xiaomi က Mi 7 အပြင် Mi 7 Plus ကိုလည်း မိတ်ဆက်မယ်လို့ နောက်ဆုံး သတင်းများအရ သိရပါတယ်။ သူ့မှာ ၆.၀၁ လက်မ Full HD+ Display ပါမှာ ဖြစ်ပြီး မျက်နှုာပြင် အချိုးဟာ 18:9 ဖြစ်နိုင်ပါတယ်။ Mi 7 Plus မှာ Always-On Display Feature နဲ့အတူ OLED Display ကိုသုံးထားမယ်လို့သိရပါတယ်။

Weibo မှာတော့ Xiaomi ရဲ့တည်ထောင်သူ Lei Jun ကိုယ်တိုင်က In-Display Fingerprint Scanner ပါမယ်လို့ အတည်ပြုခဲ့ပြီးသားပါ။ ဒီ်ပိုစတာဟာ တရားဝင်လို့ မသတ်မှတ်နိုင်သေးတဲ့အတွက် Mi 7 မဟုတ်ပဲ အခြားစမတ်ဖုန်းလည်း ဖြစ်နိုင်ခြေရှိပါသေးတယ်။ မေ၂၃မှာ Mi 7 အမှန်တကယ်ထွက်လားမလားဆိုတာကိုတော့ ၁၀ရက်နေ့နောက်ပိုင်း တရုတ်လူမှုကွန်ရက် Weibo မှာတက်လာမယ့် အချက်အလက်တွေကို စောင်ကြည့်ရပါလိမ့်မယ်။ Mi 7တကယ်သာ ထွက်လာမယ်ဆိုရင်တော့ Xiaomi သုံးစွဲသူတွေအနေနဲ့ ရွေးချယ်စရာနောက်ထပ် high-end ဖုန်းတစ်လုံးထပ်တိုးလာပါတော့မယ်။

 

Leave a Reply