Instagram ထုတ္ေဖာ္ေျပာၾကားလုိက္တဲ့ feature အသစ္မ်ား

0
1698

Zawgyi Version

Facebook က သူ႕ရဲ႕ F8 developers conference ကို က်င္းပေနျပီး feature အသစ္ေတြကို ထုတ္ေဖာ္ေျပာၾကားေနပါတယ္။

Instagram ကလည္း လာမယ့္အပတ္ေတြ၊ လေတြမွာ feature အသစ္ေတြကို ထုတ္ေပးေတာ့မွာပါ။ ပထမဆံုးတစ္ခုကေတာ့ video calling ပါပဲ။ လက္ရွိမွာေတာ့ စမ္းသပ္ေနဆဲအဆင့္ျဖစ္ျပီးေတာ့ လာမယ့္လေတြမွာ ကမာၻတစ္၀န္းကို ျဖန္႕ခ်ိေပးသြားမွာပါ။ Live feature ကို ေန႕တုိင္းလိုလိုအသံုးျပဳေနတဲ့ သံုးစြဲသူေပါင္းက သန္း၁၀၀ ေလာက္ရွိတယ္လို႕ Instagram က တရား၀င္ေျပာထားပါတယ္။ ဒါေၾကာင့္သူတို႕ဘက္က video calling feature ကို လုပ္ေဆာင္ေပးဖုိ႕ စိတ္ကူးရလာခဲ့ပါတယ္။

InstagramNewExplore

သံုးစြဲသူေတြအေနနဲ႕ one-on-one ဒါမွမဟုတ္ small group အျဖစ္နဲ႕ အသံုးျပဳႏိုင္ပါတယ္။ ကင္မရာပံုေလးကို ႏွိပ္ျပီးေတာ့ video call တစ္ခုေခၚႏုိင္ပါျပီ။ Video call ေတြကို minimize လုပ္ထားလို႕ရတဲ့အတြက္ေၾကာင့္ Instagram ဆက္သံုးတာ၊ အျခားသူေတြနဲ႕ chat တာမ်ိဳးေတြလည္း အသံုးျပဳလို႕ရမွာပါ။

ေနာက္တစ္ခုက Explore page ကေတာ့ အိုင္ကြန္အသစ္ေလးေတြနဲ႕ ဒီဇုိင္းျပန္ျပင္ထားပါတယ္။ ျမင္ခ်င္တဲ့ content ကိုရွာဖို႕အတြက္ လြယ္ကူေအာင္လုပ္ေဆာင္ထားပါတယ္။ အဲဒီမွာ architecture ၊ photography ၊ animals စသျဖင့္ အေၾကာင္းအရာေလးေတြ ပါ၀င္ပါတယ္။ တစ္ခုကိုေရြးလိုက္တာနဲ႕ Explore page က သူ႕မွာရွိတဲ့ content ေတြထဲက ဆီေလ်ာ္ရာကို ျပသေပးသြားမွာပါ။

InstagramNewSharingStories

Explore page ကို လာမယ့္အပတ္ေတြထဲမွာ ထုတ္ေပးသြားမယ္လို႕ Instagram က ေျပာထားပါတယ္။

Instagram Stories ေတြဟာ share ဖုိ႕အတြက္ နည္းလမ္းအသစ္တမ်ိဳး ရလာမွာပါ။ Spotify လို app မ်ိဳးမွာေရာက္ေနမယ္၊ ျပီးရင္ sharing tool ကို ေရြးလိုက္ပါ။ Instagram Stories ကို default option အေနနဲ႕ ျမင္ရပါလိမ့္မယ္။ ဒါေၾကာင့္ သင့္အေနနဲ႕ built-in Instagram camera app ထဲကို ေရာက္သြားမွာပါ။ edit or share လုပ္ႏုိင္ျပီး Direct Message အျဖစ္နဲ႕ ေပးပို႕ႏုိင္ပါတယ္။ သံုးစြဲသူေတအေနနဲ႕ third-party app ကို သူတို႕ရဲ႕ Instagram account ခ်ိတ္ေပးစရာမလိုအပ္ဘဲ ရႏုိင္မွာပါ။

ေနာက္ဆံုးတစ္ခုကေတာ့ Camera Effects Platform ပါပဲ။ ဒါေလးက third-party ေတြကို ခံစားမႈအသစ္ေတြ၊ စာသားပံုစံေတြ၊ စတစ္ကာ၊ face filter ေတြထည့္သြင္းႏုိင္ေအာင္ ခြင့္ျပဳေပးထားပါတယ္။ “သင္အၾကိဳက္ဆံုးအေကာင့္ကေန ဖန္တီးမႈစြမ္းရည္ျမင့္မားတဲ့ effect တြကို ရႏုိင္ေတာ့မွာပါ။ Ariana Grande ၊ Baby Ariel ၊ Liza Koshy ၊ Vogue နဲ႕ Buzzfeed ေတြလည္း ပါ၀င္ပါတယ္။” ဒါေပမယ့္လည္း ထြက္ရွိလာမယ့္ရက္ကိုေတာ့ ေျပာထားျခင္းမရွိေသးပါဘူး။

သင္ေရာ ဒီ feature ေတြကို ဘယ္လိုျမင္မိလဲ။

Unicode Version

Facebook က သူ့ရဲ့ F8 developers conference ကို ကျင်းပနေပြီး feature အသစ်တွေကို ထုတ်ဖော်ပြောကြားနေပါတယ်။
Instagram ကလည်း လာမယ့်အပတ်တွေ၊ လတွေမှာ feature အသစ်တွေကို ထုတ်ပေးတော့မှာပါ။ ပထမဆုံးတစ်ခုကတော့ video calling ပါပဲ။ လက်ရှိမှာတော့ စမ်းသပ်နေဆဲအဆင့်ဖြစ်ပြီးတော့ လာမယ့်လတွေမှာ ကမ္ဘာတစ်ဝန်းကို ဖြန့်ချိပေးသွားမှာပါ။ Live feature ကို နေ့တိုင်းလိုလိုအသုံးပြုနေတဲ့ သုံးစွဲသူပေါင်းက သန်း၁၀၀ လောက်ရှိတယ်လို့ Instagram က တရားဝင်ပြောထားပါတယ်။ ဒါကြောင့်သူတို့ဘက်က video calling feature ကို လုပ်ဆောင်ပေးဖို့ စိတ်ကူးရလာခဲ့ပါတယ်။
သုံးစွဲသူတွေအနေနဲ့ one-on-one ဒါမှမဟုတ် small group အဖြစ်နဲ့ အသုံးပြုနိုင်ပါတယ်။ ကင်မရာပုံလေးကို နှိပ်ပြီးတော့ video call တစ်ခုခေါ်နိုင်ပါပြီ။ Video call တွေကို minimize လုပ်ထားလို့ရတဲ့အတွက်ကြောင့် Instagram ဆက်သုံးတာ၊ အခြားသူတွေနဲ့ chat တာမျိုးတွေလည်း အသုံးပြုလို့ရမှာပါ။
နောက်တစ်ခုက Explore page ကတော့ အိုင်ကွန်အသစ်လေးတွေနဲ့ ဒီဇိုင်းပြန်ပြင်ထားပါတယ်။ မြင်ချင်တဲ့ content ကိုရှာဖို့အတွက် လွယ်ကူအောင်လုပ်ဆောင်ထားပါတယ်။ အဲဒီမှာ architecture ၊ photography ၊ animals စသဖြင့် အကြောင်းအရာလေးတွေ ပါဝင်ပါတယ်။ တစ်ခုကိုရွေးလိုက်တာနဲ့ Explore page က သူ့မှာရှိတဲ့ content တွေထဲက ဆီလျော်ရာကို ပြသပေးသွားမှာပါ။
Explore page ကို လာမယ့်အပတ်တွေထဲမှာ ထုတ်ပေးသွားမယ်လို့ Instagram က ပြောထားပါတယ်။
Instagram Stories တွေဟာ share ဖို့အတွက် နည်းလမ်းအသစ်တမျိုး ရလာမှာပါ။ Spotify လို app မျိုးမှာရောက်နေမယ်၊ ပြီးရင် sharing tool ကို ရွေးလိုက်ပါ။ Instagram Stories ကို default option အနေနဲ့ မြင်ရပါလိမ့်မယ်။ ဒါကြောင့် သင့်အနေနဲ့ built-in Instagram camera app ထဲကို ရောက်သွားမှာပါ။ edit or share လုပ်နိုင်ပြီး Direct Message အဖြစ်နဲ့ ပေးပို့နိုင်ပါတယ်။ သုံးစွဲသူတေအနေနဲ့ third-party app ကို သူတို့ရဲ့ Instagram account ချိတ်ပေးစရာမလိုအပ်ဘဲ ရနိုင်မှာပါ။
နောက်ဆုံးတစ်ခုကတော့ Camera Effects Platform ပါပဲ။ ဒါလေးက third-party တွေကို ခံစားမှုအသစ်တွေ၊ စာသားပုံစံတွေ၊ စတစ်ကာ၊ face filter တွေထည့်သွင်းနိုင်အောင် ခွင့်ပြုပေးထားပါတယ်။ “သင်အကြိုက်ဆုံးအကောင့်ကနေ ဖန်တီးမှုစွမ်းရည်မြင့်မားတဲ့ effect တွကို ရနိုင်တော့မှာပါ။ Ariana Grande ၊ Baby Ariel ၊ Liza Koshy ၊ Vogue နဲ့ Buzzfeed တွေလည်း ပါဝင်ပါတယ်။” ဒါပေမယ့်လည်း ထွက်ရှိလာမယ့်ရက်ကိုတော့ ပြောထားခြင်းမရှိသေးပါဘူး။
သင်ရော ဒီ feature တွေကို ဘယ်လိုမြင်မိလဲ။

Leave a Reply