Dual ကင္မရာ၊သတၱဴကိုယ္ထည္နဲ႔ တန္ဘိုးနည္း Cool 2 ဖုန္း

0
1828

Coolpad အေနနဲ႔စမတ္ဖုန္းသစ္ တစ္လုံးမိတ္ဆက္ေပးမယ္ဆိုတာကို ဘယ္သူမွမသိေလာက္ေအာင္ အစေဖ်ာက္ၿပီးေနခဲ့ပါတယ္။ စမတ္ဖုန္းသုံးစြဲသူေတြဟာ အျခားစမတ္ဖုန္းသတင္းေတြနဲ႔အတူ Coolpad ကိုေမ့ေနၾကပါတယ္။ အခုေတာ့ Coolpad ဟာတန္ဘိုးနည္းစမတ္ဖုနး္ျဖစ္တဲ့ Coolpad Cool 2 ကိုမိတ္ဆက္လိုက္ပါတယ္။

သို႔ေပမယ့္ဒီုဖုန္းဟာ Cool စီးရီးဖုန္းေတြအတြက္ ေနာက္ကြယ္ကေထာက္ပံ့မႈလုပ္ေနတဲ့  LeEco အတြက္ျဖစ္ပါတယ္။ တန္ဘိုးနည္း ဆိုေပမယ့္ သူ႔မွာ ယေန႔ ေခတ္စားေနတဲ့ 18:9 Screen နဲ႔ Dual Rear ကင္မရာမ်ား တပ္ဆင္ထားပါတယ္။ Coolpad Cool 2 မွာ ၅.၇ လက္မ HD+ 1440x720p LCD Display တပ္ဆင္ထားၿပီး မ်က္ႏွာျပင္ အခ်ိဳးမွာ 18:9 ျဖစ္ပါတယ္။ ဖုန္းရဲ႕ ေထာင့္စြန္းမ်ားဟာ လံုး၀န္းပါတယ္။ အရြယ္အစား အျပည့္အစံုမွာ 154.7 x 73.3 x 9mm ျဖစ္ပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ႏွစ္လံုး တပ္ဆင္ထားၿပီး 13MP+0.3MP ျဖစ္ပါတယ္။ အေရွ႕ဘက္မွာ 8MP ကင္မရာတပ္ဆင္ေပးထားပါတယ္။

 

ဖုန္းကို biometric unlocking လုပ္ႏုိင္မယ့္ လက္ေဗြရာဆင္ဆာ ကို အေနာက္ဘက္မွာ တပ္ဆင္ထားပါတယ္။ ဖုန္းရဲ႕ ဘယ္ဘက္ျခမ္းမွာ ပါ၀ါခလုတ္နဲ႔ အသံခလုတ္မ်ားကို တပ္ဆင္ထားပါတယ္။ ညာဘက္ျခမ္းမွာ SIM Slot , micorSD Card Slot မ်ား ထည့္ေပးထားပါတယ္။ 3.5mm Headphone Jack ကိုလည္း ထည့္သြင္းထားပါတယ္။ စြမ္းအားပိုင္းအတြက္ 3200mAh Battery ကို အေသတပ္ဆင္ထားပါတယ္။ အားသြင္းျမန္ဆန္တဲ့ စနစ္ကိုေတာ့ ထည့္သြင္းထားျခင္းမရွိပါဘူး။ 4GB RAM နဲ႔အတူအခ်က္အလက္သိုေလွာင္ႏိုင္မႈအတြက္ 64GB Storage မ်ား ထည့္သြင္းထားပါတယ္။ Android 7.0 Nougat ကို အေျချပဳထားတဲ့ UI ပါပါတယ္။  သူ႔ရဲ႕ ေစ်းႏႈန္းကိုေတာ့ ကုမၸဏီက တိက်စြာမေျပာေသးေပ့မယ္ တရုတ္မွာ ေရာင္းခ်ေပးေတာ့မွာ ျဖစ္ပါတယ္။

Unicode Version

Coolpad အနေနဲ့စမတ်ဖုန်းသစ် တစ်လုံးမိတ်ဆက်ပေးမယ်ဆိုတာကို ဘယ်သူမှမသိလောက်အောင် အစဖျောက်ပြီးနေခဲ့ပါတယ်။ စမတ်ဖုန်းသုံးစွဲသူတွေဟာ အခြားစမတ်ဖုန်းသတင်းတွေနဲ့အတူ Coolpad ကိုမေ့နေကြပါတယ်။ အခုတော့ Coolpad ဟာတန်ဘိုးနည်းစမတ်ဖုနး်ဖြစ်တဲ့ Coolpad Cool 2 ကိုမိတ်ဆက်လိုက်ပါတယ်။

သို့ပေမယ့်ဒီုဖုန်းဟာ Cool စီးရီးဖုန်းတွေအတွက် နောက်ကွယ်ကထောက်ပံ့မှုလုပ်နေတဲ့  LeEco အတွက်ဖြစ်ပါတယ်။ တန်ဘိုးနည်း ဆိုပေမယ့် သူ့မှာ ယနေ့ ခေတ်စားနေတဲ့ 18:9 Screen နဲ့ Dual Rear ကင်မရာများ တပ်ဆင်ထားပါတယ်။ Coolpad Cool 2 မှာ ၅.၇ လက်မ HD+ 1440x720p LCD Display တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ 18:9 ဖြစ်ပါတယ်။ ဖုန်းရဲ့ ထောင့်စွန်းများဟာ လုံးဝန်းပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 154.7 x 73.3 x 9mm ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ နှစ်လုံး တပ်ဆင်ထားပြီး 13MP+0.3MP ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 8MP ကင်မရာတပ်ဆင်ပေးထားပါတယ်။

ဖုန်းကို biometric unlocking လုပ်နိုင်မယ့် လက်ဗွေရာဆင်ဆာ ကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ ဖုန်းရဲ့ ဘယ်ဘက်ခြမ်းမှာ ပါ၀ါခလုတ်နဲ့ အသံခလုတ်များကို တပ်ဆင်ထားပါတယ်။ ညာဘက်ခြမ်းမှာ SIM Slot , micorSD Card Slot များ ထည့်ပေးထားပါတယ်။ 3.5mm Headphone Jack ကိုလည်း ထည့်သွင်းထားပါတယ်။ စွမ်းအားပိုင်းအတွက် 3200mAh Battery ကို အသေတပ်ဆင်ထားပါတယ်။ အားသွင်းမြန်ဆန်တဲ့ စနစ်ကိုတော့ ထည့်သွင်းထားခြင်းမရှိပါဘူး။ 4GB RAM နဲ့အတူအချက်အလက်သိုလှောင်နိုင်မှုအတွက် 64GB Storage များ ထည့်သွင်းထားပါတယ်။ Android 7.0 Nougat ကို အခြေပြုထားတဲ့ UI ပါပါတယ်။  သူ့ရဲ့ စျေးနှုန်းကိုတော့ ကုမ္ပဏီက တိကျစွာမပြောသေးပေ့မယ် တရုတ်မှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။

Leave a Reply