Qualcomm Snapdragon 660 chipset အသံုးျပဳႏိုင္တဲ့ Xiaomi Mi A1 ရဲ႕ ေနာက္ဆက္တြဲဖုန္းမ်ား

0
2021
XIAOMI Mi A1XIAOMI Mi A1 4G Phablet 4GB RAM Global Version

Zawgyi Version

Xiaomi ကေတာ့ Mi A1 ရဲ႕ေနာက္ဆက္တြဲဖုန္းအတြက္ ျပင္ဆင္ေနတယ္လို႕ XDA က ေဖာ္ျပထားပါတယ္။ ဒီလိုခန္႕မွန္းမႈကေတာ့ အဲဒီဖုန္းရဲ႕ firmware ဖုိင္ေတြကိုအေျခခံထားတာျဖစ္ပါတယ္။ သူဟာလည္း Android One ဟန္းဆက္တစ္လံုး ျဖစ္လာမွာပါ။

အဲဒီစမတ္ဖုန္းကိုေတာ့ “jasmine_sprout” လို႕ codename ေပးထားျပီး Xiaomi Mi A2 အေနနဲ႕ ထြက္လာမယ္လို႕ ေျပာေနၾကပါတယ္။ အဲဒီဖုန္းမွာ Qualcomm Snapdragon 660 chipset ကို အသံုးျပဳထားႏုိင္ပါတယ္။ Xiaomi Mi 6X ကို ပံုစံယူထားျပီးေတာ့ Project Treble support နဲ႕အတူ Android 8.1 Oreo အသံုးျပဳခြင့္ရႏုိင္မွာပါ။

Mi 6X ဟာ ၆လက္မ ၊ Full HD+ (2160 x 1080) display ၊ Snapdragon 660 SoC ၊ RAM က 4 or 6GB ၊ 128 GB storage ေတြနဲ႕အတူ dual 12MP + 20MP အေနာက္ကင္မရာ၊ 2x optical zoom ၊ 3010 mAh ဘတ္ထရီတို႕နဲ႕ ထြက္ေပၚလာပါတယ္။

Xiaomi Redmi Android One ျဖစ္ႏုိင္တဲ့ Qualcomm Snapdragon 625 chip သံုးဖုန္းတစ္လံုးကိုလည္း ၾကားထားပါေသးတယ္။ သူ႕ရဲ႕ codename ကေတာ့ “daisy_sprout” ျဖစ္ပါတယ္။ မၾကာေသးခင္က ေပါက္ၾကားထားတဲ့ Xiaomi Redmi S2 ကေတာ့ Snapdragon 625 chipset ပါ၀င္မွာျဖစ္ျပီးေတာ့ Redmi Android One ဖုန္းျဖစ္လာႏုိင္ေခ်ေတြရွိေနပါတယ္။ စီအီးအိုျဖစ္သူကလည္း Redmi ဖုန္းေတြကို Android One လုပ္ေဆာင္သြားမယ္လို႕ ေျပာထားလို႕ပါ။

Firmware ဖုိင္ေတြနဲ႕  “_sprout” လို႕အဆံုးသတ္ထားတဲ့အတြက္ေၾကာင့္ Android One ဖုန္းေတြမွန္း ေျပာလို႕ရေနပါတယ္။ Xiaomi Mi A1 တုန္းကလည္း “tissot_sprout” လို႕ ထြက္ေပၚခဲ့ပါတယ္။ MIUI system app ေတြကို firmware ဖိုိင္ေတြထဲမွာ မျမင္ရျခင္းကလည္း Android One ျဖစ္ေၾကာင္း ေဖာ္ျပေနပါတယ္။

ဟန္းဆက္ေတြရဲ႕ အေသးစိတ္ကုိေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္လည္း မၾကာခင္မွာ သိရွိရေတာ့မွာ ျဖစ္ပါတယ္။

Unicode Version

Xiaomi ကတော့ Mi A1 ရဲ့နောက်ဆက်တွဲဖုန်းအတွက် ပြင်ဆင်နေတယ်လို့ XDA က ဖော်ပြထားပါတယ်။ ဒီလိုခန့်မှန်းမှုကတော့ အဲဒီဖုန်းရဲ့ firmware ဖိုင်တွေကိုအခြေခံထားတာဖြစ်ပါတယ်။ သူဟာလည်း Android One ဟန်းဆက်တစ်လုံး ဖြစ်လာမှာပါ။
အဲဒီစမတ်ဖုန်းကိုတော့ “jasmine_sprout” လို့ codename ပေးထားပြီး Xiaomi Mi A2 အနေနဲ့ ထွက်လာမယ်လို့ ပြောနေကြပါတယ်။ အဲဒီဖုန်းမှာ Qualcomm Snapdragon 660 chipset ကို အသုံးပြုထားနိုင်ပါတယ်။ Xiaomi Mi 6X ကို ပုံစံယူထားပြီးတော့ Project Treble support နဲ့အတူ Android 8.1 Oreo အသုံးပြုခွင့်ရနိုင်မှာပါ။
Mi 6X ဟာ ၆လက်မ ၊ Full HD+ (2160 x 1080) display ၊ Snapdragon 660 SoC ၊ RAM က 4 or 6GB ၊ 128 GB storage တွေနဲ့အတူ dual 12MP + 20MP အနောက်ကင်မရာ၊ 2x optical zoom ၊ 3010 mAh ဘတ်ထရီတို့နဲ့ ထွက်ပေါ်လာပါတယ်။
Xiaomi Redmi Android One ဖြစ်နိုင်တဲ့ Qualcomm Snapdragon 625 chip သုံးဖုန်းတစ်လုံးကိုလည်း ကြားထားပါသေးတယ်။ သူ့ရဲ့ codename ကတော့ “daisy_sprout” ဖြစ်ပါတယ်။ မကြာသေးခင်က ပေါက်ကြားထားတဲ့ Xiaomi Redmi S2 ကတော့ Snapdragon 625 chipset ပါဝင်မှာဖြစ်ပြီးတော့ Redmi Android One ဖုန်းဖြစ်လာနိုင်ချေတွေရှိနေပါတယ်။ စီအီးအိုဖြစ်သူကလည်း Redmi ဖုန်းတွေကို Android One လုပ်ဆောင်သွားမယ်လို့ ပြောထားလို့ပါ။
Firmware ဖိုင်တွေနဲ့ “_sprout” လို့အဆုံးသတ်ထားတဲ့အတွက်ကြောင့် Android One ဖုန်းတွေမှန်း ပြောလို့ရနေပါတယ်။ Xiaomi Mi A1 တုန်းကလည်း “tissot_sprout” လို့ ထွက်ပေါ်ခဲ့ပါတယ်။ MIUI system app တွေကို firmware ဖိုင်တွေထဲမှာ မမြင်ရခြင်းကလည်း Android One ဖြစ်ကြောင်း ဖော်ပြနေပါတယ်။
ဟန်းဆက်တွေရဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့်လည်း မကြာခင်မှာ သိရှိရတော့မှာ ဖြစ်ပါတယ်။

Leave a Reply