Notch ဒီဇိုင်းနဲ့ ဖုန်းသစ်ကို မေလ ၁၆ ရက်နေ့ မိတ်ဆက်တော့မယ့် Nokia
0
1893
  • 3500mAh battery
Unicode Version
HMD Global အနေနဲ့သိပ်မကြာခင်အချိန်မှာ စမတ်ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။တရုတ်မှာ ပြသထားတဲ့ ကြော်ငြာတွေမှာတော့ ဒီဖုန်းဟာ Nokia X လို ့ပြောထားပေမယ့် ကုုမ္ပဏီအနေနဲ့ ဒီဖုန်းရဲ့ နာမည်ကို ထုတ်မပြောထားသေးပါဘူး။ လာမယ့် မေလ ၁၆ ရက်နေ ့မှာ တရားဝင် ကြေငြာသွားမယ့် ဒီဖုန်းဟာ နာမည်ကြီး iPhone X ရဲ့ notch ဒီဇိုင်းမျိုးသုံးထားပြီး ဖုန်းအရွယ်အစားအနေနဲ ့လည်း iPhone X လိုမျိုး ၅.၈ လက်မ မျက်နှာပြင် သုံးသွားမယ်လို့ ဆိုပါတယ်။
ပေါက်ကြားလာတဲ့ ဖုန်းပုံတွေအရ Nokia X ဟာ မှန်ကိုယ်ထည်နဲ ့လာပြီး edge-to-edge display ပါရှိမယ်လို ့ခန် ့မှန်းနေကြပြီး အားသွင်းစနစ်ကို USB Type-C port ကနေ အားသွင်းသွားဖို ့ရှိပါတယ်။ ကိုယ်ထည်ကိုတော့ Nokia X ကိုလက်ရှိ mid-range ဖုန်းတွေထဲမှာ ခေတ်စားလာတဲ့ 19:9 screen အချိုးဖြစ်တဲ့ ခပ်ရှည်ရှည်ပုံစံနဲ့ပါ။  Nokia နာမည်နဲ ့ထွက်သမျှ ဖုန်းတွေထဲမှာ ပထမဆုံး notch သုံးလာတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ ကင်မရာအနေနဲ ့ကျောဘက်အလယ်မှာ ထောင်လိုက် dual camera စနစ်နဲ ့လာမှာ ဖြစ်ပြီး ကင်မရာမှန်ဘီလူးစနစ်တွေကိုတော့ Nokia ဖုန်းသစ်တွေအတွက် ကင်မရာအစိတ်အပိုင်းကဏ္ဍ တာဝန်ယူထားတဲ့ Carl ZEISS ကနေပဲ ထုတ်ပေးသွားမှာပါ။ dual camera တွေရဲ့ အောက်မှာတော့ fingerprint တစ်ခု ထည့်ပေးသွားမှာ ဖြစ်ပြီး ကင်မရာကတော့ 12MP + 13MP Dual rear ဖြစ်နိုင်ခြေရှိပါတယ်။
ဖြန့်ချိရာနိုင်ငံရဲ့ စျေးကွက်အရ ဖုန်းကိုမော်ဒယ်၂မျိုးနဲ့ ထုတ်လုပ်သွားနိုင်ပြီး တစ်ခုကို MediaTek Helio P60 chipset နဲ ့နောက်မော်ဒယ်မှာတော့ Snapdragon 636 chipset ကို သုံးသွားမှာပါ။ ပရိုဆက်ဆာပိုင်းသာမကဘဲ RAM နဲ့ သိုလှောင်မှုပိုင်း ကိုလည်း 4GB/64GB အတွဲနဲ ့6GB/128GB အတွဲဆိုပြီး ဗားရှင်း နှစ်မျိုး ပါရှိမယ်လို ့သတင်းထွက်ထားပါတယ်။ ဒီဖုန်းနဲ ့ပတ်သတ်ပြီး စိတ်ဝင်စားစရာ feature တွေကိုတော့ လာမယ့် မေလ ၁၆ ရက်နေ ့မှာ ထပ်မံကြားသိရဦးမှာပါ။ လက်တလောထွက်ရှိထားတဲ့ အချက်အလက်တွေကိုအောက်မှာဖော်ပြပေးလိုက်ပါတယ်။
Nokia X Key Specifications (Expected)
5.8-inch full-HD+ display with 1080×2280 pixels resolution, and 19:9 aspect ratio.
4GB & 6GB RAM | 64GB & 128GB Internal Storage
Qualcomm Snapdragon 636 or a MediaTek Helio P60 SoC
Android 8.1 Oreo out of the box
Carl Zeiss branded 12MP + 13MP Dual rear camera sensors
Front camera information not available yet, but the lens comes with Carl Zeiss
Connectivity: 3.5 mm jack, 4G VoLTE, WiFi, GPS, GLONASS, USB Type C port and Bluetooth 4.2.
3500mAh battery
Leave a Reply