LG Watch Timepiece ေလးကို ဒီတစ္ပတ္အတြင္းေၾကညာမည္

0
1955

Zawgyi Version

LG က နာရီအသစ္ေတြကို မိတ္ဆက္ဖို႕လုပ္ေနပါတယ္။ LG Watch Sport ၊ LG Watch Style ၊ LG Watch Urbane တို႕ထြက္ေပၚလာႏုိင္ပါတယ္။ LG Watch Timepiece ထြက္ေပၚလာေတာ့မွပဲ ဒီသတင္းေတြကို သိလိုက္ရတာျဖစ္ပါတယ္။ အဲဒီ LG Watch ေလးက Google ရဲ႕ ေနာက္ဆံုးထြက္ wearable platform ကို အသံုးျပဳထားမယ္လို႕ ခန္႕မွန္းထားပါတယ္။ LG Watch Timepiece ေလးဟာ mechanical clock နဲ႕ wearable OS တို႕ကိုေပါင္းစပ္ထားတဲ့ hybrid ေလးျဖစ္မွာပါ။ ဒီေတာ့ ရိုးရိုးေလးျပန္ေျပာရရင္ ဒီဂ်စ္တယ္နဲ႕ analog ေပါင္းစပ္ထားတဲ့ စမတ္နာရီေလးေပါ့။

LG Watch Timepiece အေၾကာင္းေတာ့ အေသးစိတ္သိထားပါတယ္။ IP68-rating နဲ႕ဆိုေတာ့ ၾကိဳက္ျပီေလ။ analog အပုိင္းမွာေတာ့ တကယ့္နာရီလက္တံေလးေတြကို အသံုးျပဳထားပါတယ္။ digital display မေျပာင္းဘဲနဲ႕ အခ်ိန္ကို သာမန္နာရီတစ္လံုးလိုမ်ိဳး သိႏိုင္မွာျဖစ္ပါတယ္။ Watch Mode က တစ္နာရီအားသြင္းထားတာနဲ႕ သံုးလေလာက္ခံမယ့္  240mAh ဘတ္ထရီေလးကို အသံုးျပဳထားပါတယ္။

အဲဒီနာရီမွာ 1.2-inch LCD panel ၊ 360 x 360 pixel resolution ၊ 4GB eMMC storage ၊ Qualcomm 1.1GHz Snapdragon 2100 processor ၊ 768MB LPDDR3 RAM ၊ USB Type-C 2.0 port တို႕ပါ၀င္မွာျဖစ္ပါတယ္။ သူ႕မွာ Bluetooth 4.2 ၊ Wi-Fi 802.11 b/g/n တို႕ကိုလည္း ေတြ႕ျမင္ရမွာပါ။ စိတ္မေကာင္းစရာကေတာ့ GPS ၊ cellular support ၊ NFC တို႕ပါ၀င္မွာ မဟုတ္ပါဘူး။ nine-axis motion sensor ေတာ့ပါ၀င္မွာျဖစ္ပါတယ္။

LG Watch Timepiece ကိုေတာ့ ဒီအပတ္ထဲမွာ ေၾကညာမွာျဖစ္ျပီး ဂၽြန္လမွာ ေစ်းကြက္ထဲကိုျဖန္႕ခ်ိမွာ ျဖစ္ပါတယ္။ ရရွိနုိင္မႈနဲ႕ ေစ်းႏႈန္းေတြကေတာ့ မသိရေသးပါဘူး။ Cloud Silver နဲ႕ Aurora Black version တို႕ထြက္လာလိမ့္မယ္လို႕ ခန္႕မွန္းေပးခ်င္ပါတယ္။ ေရစိမ္ခံတာဆိုေတာ့ ေဒၚလာ၂၅၀ ေအာက္ေရာင္းခ်မယ္လို႕ တြက္ဆထားပါတယ္။

Unicode Version

LG က နာရီအသစ်တွေကို မိတ်ဆက်ဖို့လုပ်နေပါတယ်။ LG Watch Sport ၊ LG Watch Style ၊ LG Watch Urbane တို့ထွက်ပေါ်လာနိုင်ပါတယ်။ LG Watch Timepiece ထွက်ပေါ်လာတော့မှပဲ ဒီသတင်းတွေကို သိလိုက်ရတာဖြစ်ပါတယ်။ အဲဒီ LG Watch လေးက Google ရဲ့ နောက်ဆုံးထွက် wearable platform ကို အသုံးပြုထားမယ်လို့ ခန့်မှန်းထားပါတယ်။ LG Watch Timepiece လေးဟာ mechanical clock နဲ့ wearable OS တို့ကိုပေါင်းစပ်ထားတဲ့ hybrid လေးဖြစ်မှာပါ။ ဒီတော့ ရိုးရိုးလေးပြန်ပြောရရင် ဒီဂျစ်တယ်နဲ့ analog ပေါင်းစပ်ထားတဲ့ စမတ်နာရီလေးပေါ့။
LG Watch Timepiece အကြောင်းတော့ အသေးစိတ်သိထားပါတယ်။ IP68-rating နဲ့ဆိုတော့ ကြိုက်ပြီလေ။ analog အပိုင်းမှာတော့ တကယ့်နာရီလက်တံလေးတွေကို အသုံးပြုထားပါတယ်။ digital display မပြောင်းဘဲနဲ့ အချိန်ကို သာမန်နာရီတစ်လုံးလိုမျိုး သိနိုင်မှာဖြစ်ပါတယ်။ Watch Mode က တစ်နာရီအားသွင်းထားတာနဲ့ သုံးလလောက်ခံမယ့် 240mAh ဘတ်ထရီလေးကို အသုံးပြုထားပါတယ်။
အဲဒီနာရီမှာ 1.2-inch LCD panel ၊ 360 x 360 pixel resolution ၊ 4GB eMMC storage ၊ Qualcomm 1.1GHz Snapdragon 2100 processor ၊ 768MB LPDDR3 RAM ၊ USB Type-C 2.0 port တို့ပါဝင်မှာဖြစ်ပါတယ်။ သူ့မှာ Bluetooth 4.2 ၊ Wi-Fi 802.11 b/g/n တို့ကိုလည်း တွေ့မြင်ရမှာပါ။ စိတ်မကောင်းစရာကတော့ GPS ၊ cellular support ၊ NFC တို့ပါဝင်မှာ မဟုတ်ပါဘူး။ nine-axis motion sensor တော့ပါဝင်မှာဖြစ်ပါတယ်။
LG Watch Timepiece ကိုတော့ ဒီအပတ်ထဲမှာ ကြေညာမှာဖြစ်ပြီး ဂျွန်လမှာ ဈေးကွက်ထဲကိုဖြန့်ချိမှာ ဖြစ်ပါတယ်။ ရရှိနိုင်မှုနဲ့ ဈေးနှုန်းတွေကတော့ မသိရသေးပါဘူး။ Cloud Silver နဲ့ Aurora Black version တို့ထွက်လာလိမ့်မယ်လို့ ခန့်မှန်းပေးချင်ပါတယ်။ ရေစိမ်ခံတာဆိုတော့ ဒေါ်လာ၂၅၀ အောက်ရောင်းချမယ်လို့ တွက်ဆထားပါတယ်။

Leave a Reply