CMIIT မှ အသိအမှတ်ပြုလက်မှတ်ရရှိသွားတဲ့ Samsung Galaxy Note 9

0
2081

Zawgyi Version






Unicode Version

Samsung Galaxy Note 9 ကို သြဂုတ်လထဲမှာ မြင်တွေ့ရမယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲဒီဟန်းဆက်နဲ့ပတ်သတ်ပြီးတော့လည်း သတင်းတွေအများကြီး ကြားထားပါတယ်။ အဲဒီဟန်းဆက်ကတော့ Chinese Ministry of Industry and Information Technology (CMIIT) မှ အသိအမှတ်ပြုလက်မှတ်ရရှိသွားပါပြီ။
အဲဒီမှာ အသိအမှတ်ပြုလက်မှတ်ရသွားတာကတော့ မော်ဒယ်လ်နှစ်မျိုး SM-N9608 နဲ့ SIM-N9600 တို့ဖြစ်ပါတယ်။ ဒီတော့ Samsung Galaxy Note 9 မှာ မော်ဒယ်လ်နှစ်လုံးထွက်ရှိမယ်လို့ ပြောလိုက်သလိုပါပဲ။ နောက်တစ်ခုကတော့ SM-N960Uမော်ဒယ်လ်က ယူအက်စ်အတွက်ထုတ်လုပ်ထားတယ်လိုက Geekbench မှာ ပြောထားပါတယ်။
အဲဒီဟန်းဆက်ကတော့ ၆.၄လက်မ display ၊ QHD+ resolution ၊ ပရိုဆက်ဆာနှစ်မျိုးနဲ့ ထွက်ရှိလာမယ်လို့ ပြောနေကြပါတယ်။ ယူအက်စ်လိုမျိုးနိုင်ငံတွေကတော့ Qualcomm Snapdragon 845 processor ရမှာဖြစ်ပြီးတော့ အခြားနိုင်ငံတွေကတော့ Samsung Exynos 9810 processor ကို အသုံးပြုနိုင်မှာပါ။
အဲဒီဟန်းဆက်လေးမှာ RAM က 6GB ၊ storage က 64GB ပါဝင်မှာပါ။ 256GB အထိလည်း ထုတ်လုပ်သွားနိုင်ပါတယ်။ Android 8.1 Oreo နဲ့ အရှေ့အနောက်ကင်မရာတွေကလည်း အလန်းစားတွေ ဖြစ်နိုင်ပါတယ်။
Samsung ကတော့ Galaxy S9 နဲ့ S9 Plus တို့ရဲ့ကင်မရာတွေ အသုံးပြုဖို့ မျှော်မှန်းထားပါတယ်။ ဒါကြောင့် အရှေ့ဘက်မှာ 8 megapixel နဲ့ အနောက်ဘက်ကတော့ 12 megapixel Super Speed Dual Pixel ကင်မရာတွေကို အသုံးပြုထားမှာပါ။ သင်ရော အဆင်သင့်ဖြစ်နေပြီလား။

Leave a Reply