Gaming ဖုန္းေတြထဲမွာ ဘယ္ဖုန္းအေကာင္းဆုံးလဲ

0
1011

ပရိုဆက္ဆာခပ္ျမင့္ျမင့္နဲ႔ ဂရပ္ဖစ္ေကာင္းေကာင္းဖုန္းေတြဟာ သာမန္ဖုန္းေပၚမွာပဲ ဂိမ္းေဆာ့လိုသူေတြအတြက္ အရမ္းကိုအဆင္ေျပေနပါၿပီ။ ဒီလိုအခ်ိန္မွာ စမတ္ဖုန္းထုတ္လုပ္သူေတြဟာ ဒီေလာက္အဆင့္မွာပဲ ရပ္တန္႔မေနၾကပဲ ဂိမ္းသီးသန္႔အတြက္ဆိုၿပီး ဖုန္းေတြအဆင့္ျမင့္တင္ထုတ္လုပ္ လာၾကပါတယ္။ ဒီလိုထုတ္လုပ္သူေတြထဲမွာ အေစာဆုံးျမင္ေတြရတာကေတာ့ Razer ျဖစ္ၿပီး သူရဲ႕ပုံစံဒီဇုိင္းကေတာ့ အနည္းငယ္ရိုးရွင္းတဲ့ပုံစံေဆာင္ပါတယ္။ သူရဲ႕ေနာက္ထပ္ထြက္လာတာကေတာ့ Xiaomi နဲ႔ အျခားတရုတ္စမတ္ဖုန္းထုတ္လုပ္သူ တစ္ဦးျဖစ္တဲ့ Nubia တို႔ပဲျဖစ္ပါတယ္။ ဂိမ္းပိုင္းကိုရည္ရြယ္ထုတ္လုပ္လိုက္လို႔လားမသိဘူး သူတို႔ဖုန္းေတြရဲ႕အျပင္အဆင္ကကို Gaming Laptop ဒီဇိုင္းနဲ႔ပါ။ ၂၀၁၈အတြက္ေဟာ့အျဖစ္ဆုံးလို႔သတ္မွတ္ႏိုင္မယ့္ ဂိမ္းမင္းစမတ္ဖုန္း၃မ်ိဳးမွာ ဘယ္ဖုန္းကအေကာင္းဆုံးျဖစ္မလဲ……

Display

Display ပိုင္းမွာႏိႈင္းယွဥ္လိုက္မယ္ဆိုရင္ေတာ့ Razer Phone ဖုန္းကိုအျခားဖုန္းေတြက ဘယ္လိုမွ လိုက္မွီမွာမဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုရင္ သူရဲ႕ Display ဖြဲ႔စည္းတည္ေဆာက္ပုံနဲ႔ ပံ့ပိုးႏုိင္စြမ္းဟာဂိမ္းကစားသူေတြအတြက္ အသင့္ေတာ္ဆုံး ပုံစံျဖစ္ေန လို႔ပါ။  5.7-inch QHD display မွာIPS LCD နည္းပညာသုံးထားၿပီး 120Hz refresh rate ရွိတာေၾကာင့္ လက္ရွိဖုန္းအား လုံး ထဲမွာ အေကာင္းဆုံးလို႔ေတာင္မွတ္ယူလို႔ရပါတယ္။ အျခားစမတ္ဖုန္းေတြရဲ႕ Screen refresh rate ဟာ 60 Hz ထိပဲရွိပါတယ္။ ဒါေၾကာင့္ တျခားဖုန္းေတြနဲ႔ ယွဥ္လိုက္မယ္ဆိုရင္ ၾကည့္ရႈရတဲ့ အေတြ႕အၾကံဳဟာ လုံးဝ smooth ျဖစ္ေနပါလိမ့္မယ္။ Xiaomi Black Shark မွာေတာ့ အရမ္းျမင့္မားတဲ့ Screen refresh rate မပါဝင္ပါဘူး။ သို႔ေပမယ့္ သူ႔မွာ DCI-P3 colour gamut ျဖစ္တာေၾကာင့္ အေရာင္ ထုတ္လႊင့္မႈအပိုင္းနဲ႔ ပံုရိပ္ေဖာ္ျပမႈအပိုင္းမွာ အေတာ္ႀကီးၾကည့့္ေကာင္းပါလိမ့္မယ္။ ကုမၸဏီကယခင္ထြက္ထား တဲ့ဖုန္းေတြ ထက္စာရင္ gaming အေတြ႕အႀကဳံသစ္ကို အေကာင္းဆုံးရေအာင္ျပဳလုပ္ေပးပါလိမ့္မယ္။ Black Shark မွာ 5.99-inch IPS LCD နဲ႔Full HD+ resolution အျပည့္အဝေပးပါလိမ့္မယ္။ ေနာက္ဆုံးထြက္လာတဲ့ စမတ္ဖုန္းျဖစ္တဲ့ Nubia ရဲ႕ Red Magic မွာေတာ့ wide colour gamut  လုပ္ေဆာင္ခ်က္တစ္ခုတည္းသာ ပါဝင္ၿပီး သိပ္ေကာင္းလွတယ္လို႔ မဆိုႏိုင္ပါဘူး။ သို႔ေပမယ့္သူ႕မွာ display ကာ ကြယ္ ႏုိင္စြမ္းအတြက္ Dinorex T2X-1 scratch နဲ႔ shock resistant glass တပ္ဆင္ေပးထားပါတယ္။  6-inch IPS LCD  နဲ႔ Full HD+ resolution ကိုသာျမင္ေတြ႕ရမွာပါ။ ၿခဳံငံုသုံးသပ္ရရင္ ဒီအပိုင္းမွာေတာ့ အျခားဖုန္း၂လုံးဟာ Razer Phone ဖုန္းကိုလုံးဝ မယွဥ္ႏိုင္ ပါဘူး။

ကင္မရာပိုင္း

Razer Phone ဖုန္းရဲ႕ေနာက္ေက်ာဘက္မွာေတာ့ 12MP + 12MP ေပါင္းစပ္ထားတဲ့ dual-camera တပ္ဆင္ထားၿပီး သူ႕ရဲ႕စြမ္းေဆာင္ခ်က္ေတြအေနနဲ႔ phase-detection autofocus, dual-tone dual-LED flash ေတြပါဝင္ၿပီး 4K video recording ျပဳလုပ္ႏုိင္ပါတယ္။ အေရွ႕ဘက္ကင္မရာငယ္ကေတာ့ 8MP သာတပ္ဆင္ထားပါတယ္။ ဒါဟာဂိမ္းကစားမယ့္ ဖုန္းတစ္လုံးအတြက္ ကင္မရာဟာသိပ္မလိုအပ္ဘူးလို႔ သတ္မွတ္ထားလို႔ ျဖစ္ႏိုင္ပါတယ္။ သိုေပမယ့္ Razerဟာ ေခတ္ရဲ႕Trend ျဖစ္တဲ့ကင္မရာ၂လုံးတပ္ လမ္းေၾကာင္းကိုေတာ့ ရေအာင္လိုက္ပါေသးတယ္။ Xiaomi ရဲ႕ Black Shark ဖုန္းမွာေတာ့ ဒီလိုမဟုတ္ေတာ့ပါဘူး။ ဂိမ္းပိုင္းတင္သာမကဘဲ ကုမၸဏီအေနနဲ႔ ကင္မရာပိုင္းကိုပါအားစိုက္ထားတယ္ဆိုတာကို ျပတဲ့အေနနဲ႔ 2MP + 20MP ဆင္ဆာ dual-cameraမွာ အျခားစြမ္းေဆာင္ခ်က္ေတြ ျဖစ္တဲ့ dual-pixel phase-detection autofocus, dual-tone dual-LED flash နဲ႔အတူ 4K video recording လုပ္ႏိုင္စြမ္းေတြေပါင္းထည့္ထားပါတယ္။ ဒါ့အျပင္ Black Shark ရဲ႕ အေရွ႕ကင္မရာဟာ စြမ္းေဆာင္မႈအျပည့္ 20MP ျဖစ္ၿပီး beauty လုပ္ေဆာင္ခ်က္ေတြ ေပါင္းထည့္ေပးထားပါေသးတယ္။ Nubia ရဲ႕ Red Magic ကေတာ့ အရမ္းကိုရိုးလြန္းပါတယ္။ အေရွ႕ေရာ၊အေနာက္ဘက္မွာ ကင္မရာ တစ္လုံးဆီသာတပ္ဆင္ထားပါတယ္။ အဓိကေနာက္ေက်ာဘက္ ကင္မရာဟာ24MP ျဖစ္ၿပီး၊ အေရွ႕ဘက္ Selfie ကင္မရာကေတာ့ 8MP ျဖစ္ပါတယ္။ အျခားေပါင္းထည့္ေပးမႈေတြကလည္း စိတ္ဝင္စားစရာ မေကာင္းလွပါဘဲ  phase-detection autofocus နဲ႔ single tone LED flash သာတပ္ဆင္ေပးထားပါတယ္။ သူလည္းဂိမ္းေဆာ့မယ့္ သူေတြအတြက္ ကင္မရာပိုင္းသိပ္မလိုအပ္ဘူးလို႔ ထင္ေလာက္ပါတယ္။ ကင္မရာပိုင္းကို ၿခံဳငံုသုံးသပ္ရရင္ေတာ့ အားလုံးထဲမွာ Black Shark ကအေကာင္းဆုံးလို႔ ဆိုႏိုင္ပါတယ္။

စြမ္းေဆာင္ရည္

ဒီအပိုင္းကေတာ့ Gaming ဖုန္းတစ္လုံးအတြက္အရမ္းကို အေရးႀကီးအပိုင္းလို႔ သတ္မွတ္ႏိုင္ပါတယ္။ ဒီဇုိင္းပိုင္းဘယ္ေလာက္လွလွ၊ ကင္မရာပိုင္းဘယ္ေလာက္ေကာင္းေကာင္း၊ ၾကည္လင္ျပတ္သားတဲ့ မ်က္ႏွာျပင္ရွိေစပါအုံးေတာ့ ဖုန္းရဲ႕ Performance ပိုင္းမေကာင္း ရင္ေတာ့ ဘာမွလုပ္လို႔မရေလာက္ပါဘူး။ Nubia Red Magic နဲ႔ Razer Phone ဖုန္း၂မ်ိဳးလံုးမွာ Qualcomm ရဲ႕ Snapdragon 835 SoC ကိုသုံးထားၿပီး၊ ေနာက္ထပ္ဖုန္းတစ္လုံးျဖစ္တဲ့ Xiaomi Black shark မွာေတာ့ Qualcomm Snapdragon 845 SoC ကိုိုသုံးထား ပါတယ္။ Qualcomm Snapdragon 845 ဟာသူ႕အရင္ထြက္ထားတဲ့ Snapdragon 835 ထက္ processing နဲ႔ graphics ပိုင္းမွာအေတာ္ေလးသာပါတယ္။ Xiaomi Black ဖုန္းဟာ graphics စြမ္းေဆာင္ရည္ပိုင္းမွာ Gaming ဖုန္းတစ္လုံးမွာရွိသင့္တဲ့ အခ်က္ေတြနဲ႔ ျပည့္စံုေနပါတယ္။ စမတ္ဖုန္း၃မ်ိဳးလုံးမွာ Android 8.1 Oreo OS ေမာင္းႏွင္မွာ ျဖစ္ပါတယ္။ Razer Phone မွာလည္း ကုမၸဏီထည့္သြင္းထားတဲ့ stock Android UI ၊Black Shark မွာ MIUI 9 နဲ႔ Nubia Red Magic  မွာေတာ့ Red Magic custom UI ကိုျမင္ေတြ႕ရမွာျဖစ္ပါတယ္။  ဖုန္း၃မ်ိဳးလံုးထဲမွာMIUI ကသုံးစြဲသူေတြနဲ႔ ပိုမိုအကၽြမ္းတဝင္ရွိေလာက္ပါတယ္။ ေနာက္ထပ္အေရးႀကီး တဲ့အပိုင္းကေတာ့ ဘက္ထရီစြမ္းအားပါ။ ဘက္ထရီတာရွည္ခံမွ ဖုန္းမွာဂိမ္းေဆာ့ေနရင္ အခ်ိန္ၾကာၾကာကစားႏုိင္မွာပါ။ ေဆာ့လိုက္အား သြင္းလိုက္ဆို ဘယ္လိုမွ အဆင္မေျပႏိုင္ပါဘူး။ Razer Phone မွာေတာ့ 4000mAh ဘက္ထရီမွာ 24W Quick Charge 4+အားသြင္းျမန္မႈစနစ္ထည့္ေပးထားၿပီး၊ Xiaomi Black Shark မွာလည္း 4000mAh ဘက္ထရီစြမ္းအားထည့္ေပးထားပါတယ္။ သို႔ေပမယ့္အားနည္းခ်က္တစ္ခုက သူ႔မွာQuick Charge 3.0 အားသြင္းစနစ္သာ ေထာက္ပံ့ေပးထားပါတယ္။ Nubia Red Magic က ေတာ့ အျခားဖုန္း၂လုံးထက္စြမ္းအားနည္းတဲ့ 3800mAh ဘက္ထရီစြမ္းအားနဲ႔ပါ။ Red Magic မွာအားသြင္းျမန္တဲ့ စနစ္ပါ တယ္ဆိုေပ မယ့္ အားသြင္းႏႈန္းကိုေတာ့ ကုမၸဏီေျပာၾကားထားျခင္းမရွိပါဘူး။ ဒါေၾကာင့္ဒီအပိုင္းမွာေတာ့ Razer ကအျခားဖုန္းေတြထက္ ပိုသာ တယ္လို႔ဆိုႏိုင္ပါတယ္။

Unicode Version

ပရိုဆက်ဆာခပ်မြင့်မြင့်နဲ့ ဂရပ်ဖစ်ကောင်းကောင်းဖုန်းတွေဟာ သာမန်ဖုန်းပေါ်မှာပဲ ဂိမ်းဆော့လိုသူတွေအတွက် အရမ်းကိုအဆင်ပြေနေပါပြီ။ ဒီလိုအချိန်မှာ စမတ်ဖုန်းထုတ်လုပ်သူတွေဟာ ဒီလောက်အဆင့်မှာပဲ ရပ်တန့်မနေကြပဲ ဂိမ်းသီးသန့်အတွက်ဆိုပြီး ဖုန်းတွေအဆင့်မြင့်တင်ထုတ်လုပ် လာကြပါတယ်။ ဒီလိုထုတ်လုပ်သူတွေထဲမှာ အစောဆုံးမြင်တွေရတာကတော့ Razer ဖြစ်ပြီး သူရဲ့ပုံစံဒီဇိုင်းကတော့ အနည်းငယ်ရိုးရှင်းတဲ့ပုံစံဆောင်ပါတယ်။ သူရဲ့နောက်ထပ်ထွက်လာတာကတော့ Xiaomi နဲ့ အခြားတရုတ်စမတ်ဖုန်းထုတ်လုပ်သူ တစ်ဦးဖြစ်တဲ့ Nubia တို့ပဲဖြစ်ပါတယ်။ ဂိမ်းပိုင်းကိုရည်ရွယ်ထုတ်လုပ်လိုက်လို့လားမသိဘူး သူတို့ဖုန်းတွေရဲ့အပြင်အဆင်ကကို Gaming Laptop ဒီဇိုင်းနဲ့ပါ။ ၂၀၁၈အတွက်ဟော့အဖြစ်ဆုံးလို့သတ်မှတ်နိုင်မယ့် ဂိမ်းမင်းစမတ်ဖုန်း၃မျိုးမှာ ဘယ်ဖုန်းကအကောင်းဆုံးဖြစ်မလဲ……
Display

Display ပိုင်းမှာနှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ Razer Phone ဖုန်းကိုအခြားဖုန်းတွေက ဘယ်လိုမှ လိုက်မှီမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် သူရဲ့ Display ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ပံ့ပိုးနိုင်စွမ်းဟာဂိမ်းကစားသူတွေအတွက် အသင့်တော်ဆုံး ပုံစံဖြစ်နေ လို့ပါ။  5.7-inch QHD display မှာIPS LCD နည်းပညာသုံးထားပြီး 120Hz refresh rate ရှိတာကြောင့် လက်ရှိဖုန်းအား လုံး ထဲမှာ အကောင်းဆုံးလို့တောင်မှတ်ယူလို့ရပါတယ်။ အခြားစမတ်ဖုန်းတွေရဲ့ Screen refresh rate ဟာ 60 Hz ထိပဲရှိပါတယ်။ ဒါကြောင့် တခြားဖုန်းတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် ကြည့်ရှုရတဲ့ အတွေ့အကြုံဟာ လုံးဝ smooth ဖြစ်နေပါလိမ့်မယ်။ Xiaomi Black Shark မှာတော့ အရမ်းမြင့်မားတဲ့ Screen refresh rate မပါဝင်ပါဘူး။ သို့ပေမယ့် သူ့မှာ DCI-P3 colour gamut ဖြစ်တာကြောင့် အရောင် ထုတ်လွှင့်မှုအပိုင်းနဲ့ ပုံရိပ်ဖော်ပြမှုအပိုင်းမှာ အတော်ကြီးကြည့့်ကောင်းပါလိမ့်မယ်။ ကုမ္ပဏီကယခင်ထွက်ထား တဲ့ဖုန်းတွေ ထက်စာရင် gaming အတွေ့အကြုံသစ်ကို အကောင်းဆုံးရအောင်ပြုလုပ်ပေးပါလိမ့်မယ်။ Black Shark မှာ 5.99-inch IPS LCD နဲ့Full HD+ resolution အပြည့်အဝပေးပါလိမ့်မယ်။ နောက်ဆုံးထွက်လာတဲ့ စမတ်ဖုန်းဖြစ်တဲ့ Nubia ရဲ့ Red Magic မှာတော့ wide colour gamut  လုပ်ဆောင်ချက်တစ်ခုတည်းသာ ပါဝင်ပြီး သိပ်ကောင်းလှတယ်လို့ မဆိုနိုင်ပါဘူး။ သို့ပေမယ့်သူ့မှာ display ကာ ကွယ် နိုင်စွမ်းအတွက် Dinorex T2X-1 scratch နဲ့ shock resistant glass တပ်ဆင်ပေးထားပါတယ်။  6-inch IPS LCD  နဲ့ Full HD+ resolution ကိုသာမြင်တွေ့ရမှာပါ။ ခြုံငုံသုံးသပ်ရရင် ဒီအပိုင်းမှာတော့ အခြားဖုန်း၂လုံးဟာ Razer Phone ဖုန်းကိုလုံးဝ မယှဉ်နိုင် ပါဘူး။

ကင်မရာပိုင်း

Razer Phone ဖုန်းရဲ့နောက်ကျောဘက်မှာတော့ 12MP + 12MP ပေါင်းစပ်ထားတဲ့ dual-camera တပ်ဆင်ထားပြီး သူ့ရဲ့စွမ်းဆောင်ချက်တွေအနေနဲ့ phase-detection autofocus, dual-tone dual-LED flash တွေပါဝင်ပြီး 4K video recording ပြုလုပ်နိုင်ပါတယ်။ အရှေ့ဘက်ကင်မရာငယ်ကတော့ 8MP သာတပ်ဆင်ထားပါတယ်။ ဒါဟာဂိမ်းကစားမယ့် ဖုန်းတစ်လုံးအတွက် ကင်မရာဟာသိပ်မလိုအပ်ဘူးလို့ သတ်မှတ်ထားလို့ ဖြစ်နိုင်ပါတယ်။ သိုပေမယ့် Razerဟာ ခေတ်ရဲ့Trend ဖြစ်တဲ့ကင်မရာ၂လုံးတပ် လမ်းကြောင်းကိုတော့ ရအောင်လိုက်ပါသေးတယ်။ Xiaomi ရဲ့ Black Shark ဖုန်းမှာတော့ ဒီလိုမဟုတ်တော့ပါဘူး။ ဂိမ်းပိုင်းတင်သာမကဘဲ ကုမ္ပဏီအနေနဲ့ ကင်မရာပိုင်းကိုပါအားစိုက်ထားတယ်ဆိုတာကို ပြတဲ့အနေနဲ့ 2MP + 20MP ဆင်ဆာ dual-cameraမှာ အခြားစွမ်းဆောင်ချက်တွေ ဖြစ်တဲ့ dual-pixel phase-detection autofocus, dual-tone dual-LED flash နဲ့အတူ 4K video recording လုပ်နိုင်စွမ်းတွေပေါင်းထည့်ထားပါတယ်။ ဒါ့အပြင် Black Shark ရဲ့ အရှေ့ကင်မရာဟာ စွမ်းဆောင်မှုအပြည့် 20MP ဖြစ်ပြီး beauty လုပ်ဆောင်ချက်တွေ ပေါင်းထည့်ပေးထားပါသေးတယ်။ Nubia ရဲ့ Red Magic ကတော့ အရမ်းကိုရိုးလွန်းပါတယ်။ အရှေ့ရော၊အနောက်ဘက်မှာ ကင်မရာ တစ်လုံးဆီသာတပ်ဆင်ထားပါတယ်။ အဓိကနောက်ကျောဘက် ကင်မရာဟာ24MP ဖြစ်ပြီး၊ အရှေ့ဘက် Selfie ကင်မရာကတော့ 8MP ဖြစ်ပါတယ်။ အခြားပေါင်းထည့်ပေးမှုတွေကလည်း စိတ်ဝင်စားစရာ မကောင်းလှပါဘဲ  phase-detection autofocus နဲ့ single tone LED flash သာတပ်ဆင်ပေးထားပါတယ်။ သူလည်းဂိမ်းဆော့မယ့် သူတွေအတွက် ကင်မရာပိုင်းသိပ်မလိုအပ်ဘူးလို့ ထင်လောက်ပါတယ်။ ကင်မရာပိုင်းကို ခြံုငုံသုံးသပ်ရရင်တော့ အားလုံးထဲမှာ Black Shark ကအကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။

စွမ်းဆောင်ရည်

ဒီအပိုင်းကတော့ Gaming ဖုန်းတစ်လုံးအတွက်အရမ်းကို အရေးကြီးအပိုင်းလို့ သတ်မှတ်နိုင်ပါတယ်။ ဒီဇိုင်းပိုင်းဘယ်လောက်လှလှ၊ ကင်မရာပိုင်းဘယ်လောက်ကောင်းကောင်း၊ ကြည်လင်ပြတ်သားတဲ့ မျက်နှာပြင်ရှိစေပါအုံးတော့ ဖုန်းရဲ့ Performance ပိုင်းမကောင်း ရင်တော့ ဘာမှလုပ်လို့မရလောက်ပါဘူး။ Nubia Red Magic နဲ့ Razer Phone ဖုန်း၂မျိုးလုံးမှာ Qualcomm ရဲ့ Snapdragon 835 SoC ကိုသုံးထားပြီး၊ နောက်ထပ်ဖုန်းတစ်လုံးဖြစ်တဲ့ Xiaomi Black shark မှာတော့ Qualcomm Snapdragon 845 SoC ကိိုုသုံးထား ပါတယ်။ Qualcomm Snapdragon 845 ဟာသူ့အရင်ထွက်ထားတဲ့ Snapdragon 835 ထက် processing နဲ့ graphics ပိုင်းမှာအတော်လေးသာပါတယ်။ Xiaomi Black ဖုန်းဟာ graphics စွမ်းဆောင်ရည်ပိုင်းမှာ Gaming ဖုန်းတစ်လုံးမှာရှိသင့်တဲ့ အချက်တွေနဲ့ ပြည့်စုံနေပါတယ်။ စမတ်ဖုန်း၃မျိုးလုံးမှာ Android 8.1 Oreo OS မောင်းနှင်မှာ ဖြစ်ပါတယ်။ Razer Phone မှာလည်း ကုမ္ပဏီထည့်သွင်းထားတဲ့ stock Android UI ၊Black Shark မှာ MIUI 9 နဲ့ Nubia Red Magic  မှာတော့ Red Magic custom UI ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။  ဖုန်း၃မျိုးလုံးထဲမှာMIUI ကသုံးစွဲသူတွေနဲ့ ပိုမိုအကျွမ်းတဝင်ရှိလောက်ပါတယ်။ နောက်ထပ်အရေးကြီး တဲ့အပိုင်းကတော့ ဘက်ထရီစွမ်းအားပါ။ ဘက်ထရီတာရှည်ခံမှ ဖုန်းမှာဂိမ်းဆော့နေရင် အချိန်ကြာကြာကစားနိုင်မှာပါ။ ဆော့လိုက်အား သွင်းလိုက်ဆို ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ Razer Phone မှာတော့ 4000mAh ဘက်ထရီမှာ 24W Quick Charge 4+အားသွင်းမြန်မှုစနစ်ထည့်ပေးထားပြီး၊ Xiaomi Black Shark မှာလည်း 4000mAh ဘက်ထရီစွမ်းအားထည့်ပေးထားပါတယ်။ သို့ပေမယ့်အားနည်းချက်တစ်ခုက သူ့မှာQuick Charge 3.0 အားသွင်းစနစ်သာ ထောက်ပံ့ပေးထားပါတယ်။ Nubia Red Magic က တော့ အခြားဖုန်း၂လုံးထက်စွမ်းအားနည်းတဲ့ 3800mAh ဘက်ထရီစွမ်းအားနဲ့ပါ။ Red Magic မှာအားသွင်းမြန်တဲ့ စနစ်ပါ တယ်ဆိုပေ မယ့် အားသွင်းနှုန်းကိုတော့ ကုမ္ပဏီပြောကြားထားခြင်းမရှိပါဘူး။ ဒါကြောင့်ဒီအပိုင်းမှာတော့ Razer ကအခြားဖုန်းတွေထက် ပိုသာ တယ်လို့ဆိုနိုင်ပါတယ်။

Leave a Reply