အိုင္းရြန္းမန္းျဖစ္ဖို႕ ေျခတစ္လွမ္းကပ္လာတဲ့ Leap Motion AR UI

0
2008

Zawgyi Version

ခုလတ္တေလာေခတ္ထေနတဲ့ Avengers: Infinity War ကိုၾကည့္ျပီးျပီလား။ ပါးစပ္အေဟာင္းသားျဖစ္ေအာင္အထိ ေကာင္းတယ္လို႕ၾကားထားတယ္။ ဒါေပမယ့္ တိုနီရဲ႕ Interface ေတြကေတာ့ လက္ေတြ႕မဆန္တာကို သိေလာက္မွာပါ။ အဲဒီလို UI ေတြရဖို႕ ကၽြန္ေတာ္တို႕ႏွစ္ေပါင္းမ်ားစြာ၊ ဆယ္စုႏွစ္ေပါင္းမ်ားစြာလည္း ျဖစ္သြားႏုိင္တယ္။ ဒါေပမယ့္ ဒီေန႕မွာ အေျခခံအုတ္ျမစ္တစ္ခုကို စတင္ႏုိင္ခဲ့ပါျပီ။ Leap Motion ဟာ သူ႕ရဲ႕ augmented reality UI ကို Project North Star ဆိုတာေလးအတြက္ လုပ္ေဆာင္ပါတယ္။ အဲဒီပေရာဂ်က္ကေတာ့ သင့္ေခါင္းထဲမွာ ပစၥည္းေလးေတြကို ျမင္တဲ့ပံုစံကို ေျပာင္းလဲေပးမွာပါ။

Leap Motion ကေတာ့ သူ႕ရဲ႕ hand-gesture recognition နဲ႕ပတ္သတ္လို႕ လူသိမ်ားပါတယ္။ အဲဒီဟာကေတာ့ AR နဲ႕ VR နယ္ပယ္မွာ လစ္လပ္ေနတဲ့အရာတစ္ခုျဖစ္ပါတယ္။ တစ္ေယာက္ေယာက္လုပ္မွာ ထိုင္ေစာင့္ေနျခင္းထက္ Leap Motion က Project North Star နဲ႕ ဒီလအေစာပိုင္းမွာ ၀င္ေရာက္လာပါတယ္။ ဒါေၾကာင့္ AR headset ကို၀တ္ဆင္လိုက္တာနဲ႕ သင္ဟာ mutant တစ္ေကာင္အျဖစ္ကုိ ေျပာင္းသြားသလား ထင္မွတ္ရေတာ့မွာပါ။

တကယ္လို႕ North Star UI က သူတို႕ေျပာထားသလို ျဖစ္လာခဲ့မယ္ဆိုရင္ေတာ့ စမ္းသပ္ၾကည့္သင့္ပါတယ္။ အဲဒီ UI ဟာ သံုးစြဲသူရဲ႕လက္နဲ႕ကပ္ေနတာမို႕ လက္ေတြ႕ပစၥည္းေတြကို ေကာက္ယူလိုက္သလို ျမင္ႏုိင္မွာျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့  “windows” ေတြကို ျပသေပးမွာျဖစ္ျပီးေတာ့ ေလထဲကေန ဆြဲယူျပီးဖြင့္ႏုိင္သလို လွည့္ၾကည့္ႏုိင္ဦးမွာပါ။ ဒီေတာ့ clipboard ေလးေတြကို ေမွာ္ဆန္ဆန္ ဆြဲခ်ိတ္ထားသလိုေပါ့။

ကၽြန္ေတာ္တို႕လို ဖန္ေတြကေတာ့ ဒီအရာေလးေတြက သဘာ၀က်တယ္လို႕ ထင္မွာပါ။ ဒါဟာေတြးၾကည့္လုိက္တာနဲ႕တင္ ရင္ခုန္ရတဲ့ခံစားမႈေပးႏုိင္ပါတယ္။ ေလထဲမွာ ဘာမွမရွိေပမယ့္လည္း UI က window အေရွ႕မွာေရာက္ေနသလို ျပသေပးမွာျဖစ္ျပီးေတာ့ လက္နဲ႕အုပ္လိုက္ရင္ အဲဒီအပိုင္းေလးေတြကို ေဖ်ာက္ေပးမွာျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ လက္ရဲ႕ေနာက္မွာရွိတဲ့ window ကိုလည္း မေျပာင္းလဲေအာင္ လုပ္ေဆာင္ထားမွာပါ။

Leap Motion UI က လက္ရွိမွာေတာ့ အဲဒီအဆင့္ကို မေရာက္ႏုိင္ေသးပါဘူး။ သူ႕ရဲ႕ထုတ္ကုန္ကို ျမန္ျမန္္ဆန္ဆန္လုပ္မယ္ဆိုရင္ေတာ့ Microsoft မလုပ္ခင္မွာ ထြက္လာႏိုင္ေလာက္ပါတယ္။ ကဲ ထြက္လာရင္ စမ္းၾကည့္ၾကမလား။

Unicode Version

ခုလတ်တလောခေတ်ထနေတဲ့ Avengers: Infinity War ကိုကြည့်ပြီးပြီလား။ ပါးစပ်အဟောင်းသားဖြစ်အောင်အထိ ကောင်းတယ်လို့ကြားထားတယ်။ ဒါပေမယ့် တိုနီရဲ့ Interface တွေကတော့ လက်တွေ့မဆန်တာကို သိလောက်မှာပါ။ အဲဒီလို UI တွေရဖို့ ကျွန်တော်တို့နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်ပေါင်းများစွာလည်း ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ဒီနေ့မှာ အခြေခံအုတ်မြစ်တစ်ခုကို စတင်နိုင်ခဲ့ပါပြီ။ Leap Motion ဟာ သူ့ရဲ့ augmented reality UI ကို Project North Star ဆိုတာလေးအတွက် လုပ်ဆောင်ပါတယ်။ အဲဒီပရောဂျက်ကတော့ သင့်ခေါင်းထဲမှာ ပစ္စည်းလေးတွေကို မြင်တဲ့ပုံစံကို ပြောင်းလဲပေးမှာပါ။
Leap Motion ကတော့ သူ့ရဲ့ hand-gesture recognition နဲ့ပတ်သတ်လို့ လူသိများပါတယ်။ အဲဒီဟာကတော့ AR နဲ့ VR နယ်ပယ်မှာ လစ်လပ်နေတဲ့အရာတစ်ခုဖြစ်ပါတယ်။ တစ်ယောက်ယောက်လုပ်မှာ ထိုင်စောင့်နေခြင်းထက် Leap Motion က Project North Star နဲ့ ဒီလအစောပိုင်းမှာ ဝင်ရောက်လာပါတယ်။ ဒါကြောင့် AR headset ကိုဝတ်ဆင်လိုက်တာနဲ့ သင်ဟာ mutant တစ်ကောင်အဖြစ်ကို ပြောင်းသွားသလား ထင်မှတ်ရတော့မှာပါ။
တကယ်လို့ North Star UI က သူတို့ပြောထားသလို ဖြစ်လာခဲ့မယ်ဆိုရင်တော့ စမ်းသပ်ကြည့်သင့်ပါတယ်။ အဲဒီ UI ဟာ သုံးစွဲသူရဲ့လက်နဲ့ကပ်နေတာမို့ လက်တွေ့ပစ္စည်းတွေကို ကောက်ယူလိုက်သလို မြင်နိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ “windows” တွေကို ပြသပေးမှာဖြစ်ပြီးတော့ လေထဲကနေ ဆွဲယူပြီးဖွင့်နိုင်သလို လှည့်ကြည့်နိုင်ဦးမှာပါ။ ဒီတော့ clipboard လေးတွေကို မှော်ဆန်ဆန် ဆွဲချိတ်ထားသလိုပေါ့။
ကျွန်တော်တို့လို ဖန်တွေကတော့ ဒီအရာလေးတွေက သဘာဝကျတယ်လို့ ထင်မှာပါ။ ဒါဟာတွေးကြည့်လိုက်တာနဲ့တင် ရင်ခုန်ရတဲ့ခံစားမှုပေးနိုင်ပါတယ်။ လေထဲမှာ ဘာမှမရှိပေမယ့်လည်း UI က window အရှေ့မှာရောက်နေသလို ပြသပေးမှာဖြစ်ပြီးတော့ လက်နဲ့အုပ်လိုက်ရင် အဲဒီအပိုင်းလေးတွေကို ဖျောက်ပေးမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ လက်ရဲ့နောက်မှာရှိတဲ့ window ကိုလည်း မပြောင်းလဲအောင် လုပ်ဆောင်ထားမှာပါ။
Leap Motion UI က လက်ရှိမှာတော့ အဲဒီအဆင့်ကို မရောက်နိုင်သေးပါဘူး။ သူ့ရဲ့ထုတ်ကုန်ကို မြန်မြန်ဆန်ဆန်လုပ်မယ်ဆိုရင်တော့ Microsoft မလုပ်ခင်မှာ ထွက်လာနိုင်လောက်ပါတယ်။ ကဲ ထွက်လာရင် စမ်းကြည့်ကြမလား။

Leave a Reply