Huawei မှ ကိုယ်ပိုင် OS ကိုဖန်တီးနေ
0
2272
Zawgyi Version
Unicode Version
လွန်ခဲ့သောလပေါင်းများစွာကတည်းက ယူအက်စ်ကိုဝင်ရောက်နိုင်ဖို့ကြိုးစားရတာနဲ့ Huawei က ပင်ပန်းနေပါတယ်။ ဒါပေမယ့်လည်း ဒီအခြေအနေက မကြာခင်မှာတိုးတက်လာမယ်လို့ မပြောနိုင်ပါဘူး။ ZTE ကတော့ ယူအက်စ်မှာ အမည်ပျက်စာရင်းသွင်းခံလိုက်ရပါတယ်။ အကြောင်းကတော့ ကုန်သွယ်မှုမှာ သတ်မှတ်ထားတဲ့စည်းမျဉ်းတွေကို ချိုးဖောက်တဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် သူ့ရဲ့ Android license ကိုု ပိတ်သိမ်းလိုက်ပါတယ်။ ဒါကြောင့် ဒီဖြစ်ရပ်တွေကို ကာကွယ်ဖို့ Huawei က ကြိုးစားပါတော့မယ်။
Android အစား အသုံးပြုနိုင်မယ့် os ကို ဖန်တီးနေတယ်လို့ သတင်းကြားထားပါတယ်။ tablet နဲ့ PC version တွေမှာ အသုံးပြုနိုင်မယ့် ကိုယ်ပိုင် mobile OS ကိုလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ၂၀၁၂ခုနှစ် သူနဲ့ZTE အစစ်ခံနေရချိန်ကတည်းက လုပ်ဆောင်နေခဲ့တာပါ။
ဘယ်လိုတွေလုပ်ဆောင်မလဲဆိုတာ အသေးစိတ်တော့ မသိရသေးပါဘူး။ လက်ရှိမှာ stability ၊ quality မဖြစ်သေးသလို Android app တွေကိုလည်း ထောက်ပံ့မပေးနိုင်သေးပါဘူး။ ဒါကြောင့်လည်း တရားဝင်အသုံးမပြုနိုင်သေးတာပါ။ အဲဒီ OS ကို “worst-case scenarios” မှာ အသုံးပြုဖို့အတွက် လျာထားတာပါ။ ဒါကြောင့် ထုတ်လုပ်သွားမယ်လို့ စီစဉ်ထားခြင်းမရှိပါဘူး။
ယူအက်စ်အတွက် ခြေကုပ်မရသေးပေမယ့်လည်း သူဟာ ကုန်သွယ်စစ်ပွဲမှာ သားကောင်တစ်ယောက်ဖြစ်မယ်လို့ တွေးထားပုံရပါတယ်။ ဒါကြောင့်အမေရိကန်ဈးကွက်ကို ဆုံးရှုံးမှာထက် Android ကို ဆုံးရှုံးရနိုင်တာပါ။ Google OS မရှိတော့ရင် သူ့ရဲ့ဖုန်းတွေကို တရုတ်နဲ့အခြားနိုင်ငံတွေမှာ ရောင်းလို့မရတော့ပါဘူး။ ဒါပေမယ့် Huawei ရဲ့ in-house OS လေးကတော့ အသက်ကယ်အဖြစ်နဲ့ ဆောင်ရွက်ပေးပါလိမ့်မယ်။
Leave a Reply