Enterprise Trending
Fund ရှာဖို့အတွက် Tool အသစ်မိတ်ဆက်လိုက်တဲ့ Facebook
Zawgyi Version
Unicode Version
Facebook ကတော့ ကျွန်တော်တို့ကို သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်အောင် လုပ်ဆောင်ပေးရုံနဲ့တင် အားမရသေးပါဘူး။ လုပ်ငန်းတွေကိုလည်း သူတို့ရဲ့သုံးစွဲသူတွေဆီ ရောက်အောင်လုပ်ဆောင်ပေးပါတယ်။ လူမှုရေးအဖွဲ့အစည်းတွေကိုလည်း သိရှိမှုများလာအောင်လုပ်ဆောင်ပေးပြီးတော့ ဖန်ငွေရအောင်လည်း လုပ်ဆောင်ပေးတော့မှာပါ။ Facebook ဟာ အရင်တုန်းကလည်း လုပ်ဆောင်ပေးခဲ့ဖူးပါတယ်။ အခုအချိန်မှာတော့ နည်းလမ်းအသစ်နဲ့ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။
အဲဒီထဲက tool အသစ်ကတော့ လှူဒါန်းမှုတွေကို အကျိုးအမြတ်မမျှော်ကိုးတဲ့လုပ်ငန်းတွေနဲ့ တွဲစပ်မိအောင်လုပ်ပေးမှာဖြစ်ပါတယ်။ “လူတွေက အလှူခံတဲ့အပိုင်းမှာလည်း Facebook ကို အသုံးပြုလာကြပါတယ်။ ကျွန်တော်တို့က ဒီဖြစ်စဉ်ကိုပိုမိုလွယ်ကူသွားအောင် လုပ်ဆောင်ပေးချင်တဲ့ သဘောပါ။ David Smith က သူမရဲ့ညီမလေးကို ၂၀၁၃ခုနှစ်ကားအက်ဆီးဒင့်မှာ ဆုံးရှုံးလိုက်ရတယ်။ ဒီနှစ်သူ့မွေးနေ့မှာ Mothers Against Drunk Driving (MADD) လို့ခေါ်တဲ့ မူးပြီးကားမောင်းတဲ့အမေတွေကို ဆန့်ကျင်ရေးအတွက် အလှူခံနေပါပြီ။ မိသားစုတွေနဲ့ သူငယ်ချင်းတွေဆီက ဒေါ်လာ 100 ရမယ်ဆိုရင် ကောင်းကောင်းလုပ်ဆောင်နိုင်မှာပါ။ အခုဆိုု၇င် ဒေါ်လာ 2360 အထိရောက်သွားပြီဖြစ်လို့ သူ့ရဲ့မူရင်းမျှော်မှန်းချက်ထက် ဆယ်ဆလောက် ရသွားပါပြီ။” လို့ Facebook က ပြောပါတယ်။
ဒီလိုဖြစ်ရပ်တွေနဲ့ပတ်သတ်ပြီးတော့ Facebook က အမျိုးအစားတွေ အများကြီးထပ်ထည့်ပေးသွားဦးမှာ ဖြစ်ပါတယ်။ “ကျွန်တော်တို့က တုံ့ပြန်မှုတွေအပေါ်မူတည်ပြီးတော့ အမျိုးအစားတွေထပ်ထည့်ပေးသွားမှာပါ။ (family, baby supplies), faith (religious community event), travel (educational trips or travel for medical needs) နဲ့ volunteering (volunteer programs or supplies) စသဖြင့် လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။”
အဲဒီပြောင်းလဲမှုတွေကို သင်က fundraiser တစ်ယောက်ဆိုရင်တော့ ရနေပြီးသားပါ။ အသေးစိတ်သိချင်တယ်ဆိုရင်တော့ Facebook’s fundraising page ကိုသွားလိုက်ပါ။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.