မေလ၂၀ရက်နေ့မှစတင်ပြီး Android 7.5 နှင့်အောက်ဗားရှင်းများအတွက် Google+ သုံးခွင့်ရမည်မဟုတ်
0
2263
Zawgyi Version
Unicode Version
Google Photos ကို ၂၀၁၅ခုနှစ်မှာ ထွက်ရှိပြီးနောက်မှာ Google+ ရဲ့ photo backup လုပ်ဆောင်ချက်တွေကို မဖြုတ်ခဲ့သေးပါဘူး။ သုံးစွဲသူအတော်များများကတော့ Google+ ကို ဆက်လက်သုံးစွဲနေတဲ့သူရှိသလို cloud photo ဘက်ကို ပြောင်းတဲ့သူတွေလည်း ရှိနေပါပြီ။ သုံးနှစ်အကြာမှာတော့ အနားယူတော့မယ့်ပုံရပါတယ်။ ဒါကြောင့် Google Photos မသုံးသေးဘူးဆိုရင်လည်း သုံးကြည့်ရမယ့်အချိန် ရောက်လာပါပြီ။
Google+ ကို မသုံးကြည့်ရသေးဘူးဆိုရင် သူ့ရဲ့အသုံးဝင်ဆုံး feature တွေကတော့ ပုံတွေကို back up လုပ်ပေးတယ်။ ပြင်လို့ရတယ်။ network ပေါ်မှာ အခြားသူတွေနဲ့ မျှဝေလို့ရတယ်။ Google က အဲဒီ feature ကို Google Photos မှာ ထည့်သွင်းလိုက်ပြီးတော့ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ဒီတော့ Google+ ကို ဗားရှင်းအဟောင်းတွေမှာ အနားယူဖို့ ခွင့်ပေးလိုက်ပါပြီ။
Android 7.5 နဲ့အောက်ဗားရှင်းတွေကို အသုံးပြုနေတယ်ဆိုရင်တော့ Google+ သုံုးလို့ရတော့မှာ မဟုတ်ပါဘူး။ back up တွေလုပ်ထားတယ်ဆိုရင်တောင် မေ၂၀နေ့ပြီးရင် သုံးလို့ရတော့မှာ မဟုတ်ပါဘူး။ အရင်တုန်းက back up လုပ်ထားတဲ့ပုံတွေကတော့ ထိခိုက်မှာမဟုတ်ပါဘူူး။ ဒီတော့ Google Photos မှာ ပြောင်းတင်လိုက်ပါ။ version 1.25 နဲ့အထက်ဆိုရင်တော့ အလိုအလျောက် တင်ပေးသွားမှာပါ။
Google+ ကို လုံးဝသတ်ပစ်လိုက်မလဲဆိုတာ မသိသေးပါဘူး။ ဒါပေမယ့်လည်း ဒါဟာပထမခြေလှမ်းဖြစ်လာနိုင်ပါတယ်။
Leave a Reply