ဘတ္ဂ်က္စမတ္ဖုန္း ASUS ZenFone Max Pro M1 နဲ႕ Xiaomi Redmi Note 5 Pro ကို ႏိႈ္င္းယွဥ္ၾကည့္ျခင္း

0
2444

Zawgyi Version

ASUS က သူ႕ရဲ႕ေနာက္ဆံုးထြက္ဖုန္းနဲ႕ ဘတ္ဂ်က္ပိုင္းမွာ Xiaomi ကုိတိုက္ခိုက္ဖုိ႕ ၾကိဳးစားေနပါတယ္။

လြန္ခဲ့တဲ့သံုးႏွစ္နဲ႕ယွဥ္ၾကည့္လုိက္ရင္ Xiaomi ဟာ ဘယ္သူမွမသိတဲ့ တရုတ္ brand ေလးတစ္ခုကေန အိႏၵိယရဲ႕ အၾကီးမားဆံုးေသာ စမတ္ဖုန္းထုတ္္လုပ္သူတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ ဘတ္ဂ်က္စမတ္ဖုန္းေတြကို အရည္အေသြးေကာင္းေကာင္းေတြနဲ႕ ထုတ္လုပ္ေပးခဲ့ပါတယ္။ တစ္ႏွစ္တုန္းက ဘတ္ထရီသက္တမ္းကို ဦးစားေပးျပီး ထုတ္လုပ္ေပးခဲ့တယ္။ MIUI ကို ဘတ္ထရီသက္တမ္းၾကာေအာင္ ဦးစားေပးျပီးေတာ့ ျပင္ဆင္ခဲ့ပါတယ္။

ရလဒ္ကေတာ့ Xiaomi ဖုန္းေတြဟာ ဘတ္ထရီသက္တမ္းပိုင္းမွာ ဦးေဆာင္သူေတြ ျဖစ္လာခဲ့တယ္။ ႏွစ္ရက္ေလာက္အသံုးခံတဲ့ ဘတ္ထရီသက္တမ္းနဲ႕ ေကာင္းမြန္တဲ့ အခ်က္အလက္ေတြက Redmi Note 4 ကို အိႏၵိယမွာ ေရာင္းးအားအေကာင္းဆံုးဖုန္းအျဖစ္ ရပ္တည္ေစႏုိင္ခဲ့တယ္။ Redmi Note 5 Pro ကလည္း hardware ေကာင္းေကာင္း၊ ကင္မရာမိုက္မိုက္နဲ႕ တည္ေဆာက္ထားျပီး ဘတ္ထရီကလည္း အရင္ဖုန္းလိုမ်ိဳး ခံႏုိင္စြမ္းအျပည့္နဲ႕ပါ။

ZenFone Max Pro M1 ထြက္လာခ်ိန္မွာေတာ့ ASUS ဟာ Xiaomi ကို အႏုိင္တုိက္သြားပါတယ္။

ZenFone Max Pro M1 ဟာ Redmi Note 5 Pro လိုပဲ Snapdragon 636 chipset ကို အသံုးျပဳထားပါတယ္။ ဒီေတာ့ သူတို႕ႏွစ္ေယာက္ရဲ႕ အခ်က္အလက္ေလးေတြကို ယွဥ္ၾကည့္ရေအာင္။

 

ဘယ္ေနရာေတြက တူညီေနသလဲ

ႏွစ္ခုလံုးမွာ Snapdragon 636 chipset ၊ 4GB RAM ၊ 64GB storage ကို အသံုးျပဳထားပါတယ္။ Xiaomi က 6GB RAM နဲ႕ 64GB storage ေရာင္းျပီးေတာ့ ASUS ကေတာ့ ေနာက္ပိုင္းမွ လုပ္မယ္လို႕ေျပာထားပါတယ္။

ASUS မွာ အားသာခ်က္တစ္ခုက Max Pro M1 မွာ 3GB RAM ၊ 32GB storage ရွိတဲ့ base version ေလးက ေဒၚလာ၁၆၅ ပဲရွိပါတယ္။ ဒါေၾကာင့္ စဥ္းစားလို႕ေကာင္းတဲ့အခ်က္တစ္ခုပါပဲ။ Xiaomi မွာ အဲဒီေစ်းနဲ႕ရွိတာကေတာ့ standard Redmi Note 5 ျဖစ္ျပီး Snapdragon 625 နဲ႕သာ အားျဖည့္ထားတာျဖစ္ပါတယ္။

သူတို႕ေတြမွာ ၅.၉၉လက္မ IPS LCD display နဲ႕ resolution 2160×1080 ျဖစ္လို႕ ထပ္တူက်ေနပါတယ္။ vibrant color နဲ႕ viewing angle ေကာင္းေကာင္းေတြလည္း ေပးႏုိင္ပါတယ္။ M1 ရဲ႕ ambient light sensor ကို အခက္အခဲနည္းနည္းရွိတယ္လို႕ ေတြ႕ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ software update နဲ႕ ျပင္ေပးခဲ့ပါတယ္။

ZenFone Max Pro M1 နဲ႕ Redmi Note 5 Pro မွာ 3.5mm jack ရွိျပီးေတာ့ Xiaomi က IR blaster ပါ၀င္လို႕ ပိုေကာင္းတာကို ေတြ႕ရပါတယ္။

Redmi Note 5 Pro ရဲ႕အားသာခ်က္

Xiaomi က Redmi Note စီးရီးေတြကို အရမ္းၾကီးမေျပာင္းထားပါဘူး။ ဒီဇိုင္းပိုင္းကို ျပင္ဆင္ထားတာေလး အနည္းငယ္ေလာက္သာ ရွိခဲ့တာပါ။ Redmi Note 5 Pro ဟာ ေကာင္းမြန္စြာတည္ေဆာက္ထားျပီးေတာ့ ေသသပ္တဲ့ notch ေလးနဲ႕ထြက္ေပၚလာတာျဖစ္ပါတယ္။

ZenFone Max Pro M1 ကို အသံုးျပဳတဲ့အခ်ိန္မွာ အဲဒီခံစားခ်က္ကို ရေနစရာမလိုအပ္ပါဘူး။ 5000mAh ရွိတဲ့အတြက္ေၾကာင့္ Redmi Note 5 Pro ထက္ 1000mAh ပိုေနျပီး Xiaomi ဖုန္းထက္ ၁ဂရမ္ပိုေလးပါတယ္။ ဒါကေတာ့ တည္ေဆာက္မႈမွာအသံုးျပဳထားတဲ့ သတၳဳပစၥည္းေတြေၾကာင့္လို႕ ယူဆမိပါတယ္။ ၾကံ့ခိုင္တယ္္လုိ႕ မခံစားရသလို ဒီဇုိင္းပုိင္းမွာလည္း စိတ္လႈပ္ရွားစရာေကာင္းေနတာမ်ိဳး မရွိပါဘူး။

၅.၉၉လက္မ M1 ကေတာ့ ကာကြယ္မႈအားလံုးကို ေရွာင္ထားပါတယ္။ ဒါေၾကာင့္ မွန္ကပ္ေလးေတာ့ ေဆာင္ထားရလိမ့္မယ္။ Xiaomi က Redmi Note 5 Pro မွာ ဘယ္လို Gorilla Glass အမ်ိဳးအစားကို အသံုးျပဳထားသလဲ မေျပာထားေပမယ့္ သံုးထားတယ္ဆိုတာ ေသခ်ာပါတယ္။

ကင္မရာပိုင္းမွာ ခြဲျခားျပစရာ မ်ားမ်ားေတာ့မရွိပါဘူး။ ZenFone Max Pro M1 က outdoor ရုိက္ခ်က္ေတြမွာ ေယာင္ေယာင္ေလးသာျပီးေတာ့ Redmi Note 5 Pro က indoor ပိုင္းမွာ သာပါတယ္။ အလင္းအားနည္းရုိက္ခ်က္ေတြမွာဆုိရင္ေတာ့ Redmi Note 5 Pro မွာ details ေတြကို ခံစားႏုိင္ေပမယ့္လည္း အေရာင္ေတြက ေရာေနပါတယ္။

ASUS ZenFone Max Pro M1 camera sampleXiaomi Redmi Note 5 Pro camera sample

ZenFone Max Pro M1 ကအေပၚမွာျဖစ္ျပီး Redmi Note 5 Pro ကေတာ့ ေအာက္ဘက္မွာေတြ႕ျမင္ရမွာပါ။

ASUS ZenFone Max Pro M1 camera sampleXiaomi Redmi Note 5 Pro camera sample

portrait mode ကို ZenFone Max Pro M1 မွာစမ္းၾကည့္လုိက္တာ အဆင္မေျပပါဘူး။ Redmi Note 5 Pro က ပိုေကာင္းပါတယ္။ အခုအခ်ိန္မွာေတာ့ Redmi Note 5 Pro က ကင္မရာပိုင္းမွာ သာေနပါတယ္။

ေျပာတာကေတာ့ Max Pro M1 စမ္းတုန္းက ေနာက္ဆံုးထြက္ software build မဟုတ္ဘူးလို႕ေျပာပါတယ္။ ေနာက္ပိုင္းမွာ ကင္မရာပိုင္းအရည္အေသြးေတြကို ပိုေကာင္းေအာင္လုပ္ေဆာင္ထားတယ္လုိ႕ ASUS က ဆိုထားပါတယ္။ stable build ကို April 29 မွာ ထြက္ရွိမွာျဖစ္ပါတယ္။ ဒါကေတာ့ ေစာင့္ၾကည့္ရမယ့္အပိုင္းပါ။

ASUS ZenFone Max Pro M1 camera sampleXiaomi Redmi Note 5 Pro camera sample

ZenFone Max Pro M1 ရဲ႕ အားသာခ်က္

ZenFone Max Pro M1 ဟာ Redmi Note 5 Pro ကို အႏိုင္ရတဲ့အပိုင္းသံုးခုကေတာ့ software ၊ ဘတ္ထရီသက္တမ္း၊ ေငြေၾကးတုိ႕ ျဖစ္ပါတယ္။ ASUS ကေတာ့ pure Android နဲ႕ ZenUI ကိုေပါင္းစပ္ျပီးေတာ့ အိႏၵိယအသိုင္းအ၀ိုင္းရဲ႕ တံု႕ျပန္မႈကိုနားေထာင္ခဲ့ပါတယ္။ အဲဒီအေျပာင္းအလဲကို အားလံုးက ၾကိဳဆိုခဲ့ပါတယ္။ ေနာက္တစ္ခုက Android 8.1 Oreo က တစ္ခါတည္းထြက္ေပၚလာတာျဖစ္ျပီး Xiaomi ကေတာ့ Redmi Note 5 Pro မွာ ဘယ္အခ်ိန္ရမလဲဆိုတာ မေျပာႏုိင္ေသးပါဘူး။

ASUS ZenFone Max Pro M1 camera sampleXiaomi Redmi Note 5 Pro camera sample

M1 ရဲ႕ software experience ကေတာ့ အေခ်ာသတ္ဖို႕လိုေနပါေသးတယ္။ ASUS ကေတာ့ ေမ၃ရက္ေန႕မွာ public

build လုပ္ေပးမယ္လို႕ ေျပာထားပါတယ္။

5000mAh ဘတ္ထရီနဲ႕ဆိုေတာ့ ZenFone Max Pro M1 က ဘတ္ထရီပိုင္းမွာ အသာစီးရေနပါတယ္။ Redmi Note 5 Pro က တစ္ခါအားသြင္းထားရင္ ႏွစ္ရက္ေလာက္ခံႏုိင္တယ္ဆိုေပမယ့္လည္း M1 ကေတာ့ အျပတ္အသတ္ပါပဲ။

ASUS ZenFone Max Pro M1 camera sampleXiaomi Redmi Note 5 Pro camera sample

ေစ်းႏႈန္းအရဆိုရင္လည္း ASUS က ရူပီး ၁၀၉၉၉ နဲ႕ အႏိုင္ရထားပါတယ္။

Xiaomi hardware နဲ႔ပတ္သတ္ျပီးေတာ့ နည္းနည္းအခက္ၾကံဳရႏုိင္ေပမယ့္လည္း ASUS ဟာ pure Android ကို အသံုးျပဳထားပါတယ္။

Redmi Note 5 Pro ေရာင္းျပီးလို႕ ႏွစ္လၾကာေနတဲ့အခ်ိန္မွာ ေရာင္းအားအေၾကာင္းကို မၾကားရေသးပါဘူး။ flash sale နည္းဗ်ဴဟာက Samsung လိုထုတ္လုပ္သူအတြက္သာ အဆင္ေျပႏုိင္ေစမွာပါ။ Xiaomi ကေတာ့ ဒီလိုအဆင့္အတန္းေတြ မလိုအပ္ဘူးလို႕ ယူဆထားတဲ့ပံုပါပဲ။

ဘယ္ဟာ၀ယ္သင့္လဲ? ZenFone Max Pro M1

Xiaomi ရဲ႕ စီးပြားေရးေမာ္ဒယ္လ္တစ္ခုလံုးက ဘတ္ဂ်က္စမတ္ဖုန္းေတြအေပၚအေျခခံထားတာပါ။ ZenFone Max Pro M1 ေရာက္လာေတာ့ Xiaomi အတြက္ စိုးရိမ္စရာပါပဲ။

ASUS မွာ အလံုးေရ ေလာက္ေလာက္ငွငွရွိရဲ႕လားဆိုတာ စိတ္၀င္စားစရာပါပဲ။ ေထာက္ပံ့မႈကိစၥေတြက အလံုးေရမေလာက္မငွမႈကို ျဖစ္ေစျပီးေတာ့ ေအာင္ျမင္မႈက အဲဒီအေရးအေပၚ မူတည္ေနပါတယ္။ ZenFone Max Pro M1 ကို ေမသံုးရက္ေန႕မွာ Flipkart ကတစ္ဆင့္ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

Unicode Version

ASUS က သူ့ရဲ့နောက်ဆုံးထွက်ဖုန်းနဲ့ ဘတ်ဂျက်ပိုင်းမှာ Xiaomi ကိုတိုက်ခိုက်ဖို့ ကြိုးစားနေပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်နဲ့ယှဉ်ကြည့်လိုက်ရင် Xiaomi ဟာ ဘယ်သူမှမသိတဲ့ တရုတ် brand လေးတစ်ခုကနေ အိန္ဒိယရဲ့ အကြီးမားဆုံးသော စမတ်ဖုန်းထုတ်လုပ်သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဘတ်ဂျက်စမတ်ဖုန်းတွေကို အရည်အသွေးကောင်းကောင်းတွေနဲ့ ထုတ်လုပ်ပေးခဲ့ပါတယ်။ တစ်နှစ်တုန်းက ဘတ်ထရီသက်တမ်းကို ဦးစားပေးပြီး ထုတ်လုပ်ပေးခဲ့တယ်။ MIUI ကို ဘတ်ထရီသက်တမ်းကြာအောင် ဦးစားပေးပြီးတော့ ပြင်ဆင်ခဲ့ပါတယ်။

ရလဒ်ကတော့ Xiaomi ဖုန်းတွေဟာ ဘတ်ထရီသက်တမ်းပိုင်းမှာ ဦးဆောင်သူတွေ ဖြစ်လာခဲ့တယ်။ နှစ်ရက်လောက်အသုံးခံတဲ့ ဘတ်ထရီသက်တမ်းနဲ့ ကောင်းမွန်တဲ့ အချက်အလက်တွေက Redmi Note 4 ကို အိန္ဒိယမှာ ရောင်းးအားအကောင်းဆုံးဖုန်းအဖြစ် ရပ်တည်စေနိုင်ခဲ့တယ်။ Redmi Note 5 Pro ကလည်း hardware ကောင်းကောင်း၊ ကင်မရာမိုက်မိုက်နဲ့ တည်ဆောက်ထားပြီး ဘတ်ထရီကလည်း အရင်ဖုန်းလိုမျိုး ခံနိုင်စွမ်းအပြည့်နဲ့ပါ။

ZenFone Max Pro M1 ထွက်လာချိန်မှာတော့ ASUS ဟာ Xiaomi ကို အနိုင်တိုက်သွားပါတယ်။

ZenFone Max Pro M1 ဟာ Redmi Note 5 Pro လိုပဲ Snapdragon 636 chipset ကို အသုံးပြုထားပါတယ်။ ဒီတော့ သူတို့နှစ်ယောက်ရဲ့ အချက်အလက်လေးတွေကို ယှဉ်ကြည့်ရအောင်။

ဘယ်နေရာတွေက တူညီနေသလဲ

နှစ်ခုလုံးမှာ Snapdragon 636 chipset ၊ 4GB RAM ၊ 64GB storage ကို အသုံးပြုထားပါတယ်။ Xiaomi က 6GB RAM နဲ့ 64GB storage ရောင်းပြီးတော့ ASUS ကတော့ နောက်ပိုင်းမှ လုပ်မယ်လို့ပြောထားပါတယ်။

ASUS မှာ အားသာချက်တစ်ခုက Max Pro M1 မှာ 3GB RAM ၊ 32GB storage ရှိတဲ့ base version လေးက ဒေါ်လာ၁၆၅ ပဲရှိပါတယ်။ ဒါကြောင့် စဉ်းစားလို့ကောင်းတဲ့အချက်တစ်ခုပါပဲ။ Xiaomi မှာ အဲဒီဈေးနဲ့ရှိတာကတော့ standard Redmi Note 5 ဖြစ်ပြီး Snapdragon 625 နဲ့သာ အားဖြည့်ထားတာဖြစ်ပါတယ်။

သူတို့တွေမှာ ၅.၉၉လက်မ IPS LCD display နဲ့ resolution 2160×1080 ဖြစ်လို့ ထပ်တူကျနေပါတယ်။ vibrant color နဲ့ viewing angle ကောင်းကောင်းတွေလည်း ပေးနိုင်ပါတယ်။ M1 ရဲ့ ambient light sensor ကို အခက်အခဲနည်းနည်းရှိတယ်လို့ တွေ့ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ software update နဲ့ ပြင်ပေးခဲ့ပါတယ်။

ZenFone Max Pro M1 နဲ့ Redmi Note 5 Pro မှာ 3.5mm jack ရှိပြီးတော့ Xiaomi က IR blaster ပါဝင်လို့ ပိုကောင်းတာကို တွေ့ရပါတယ်။

Redmi Note 5 Pro ရဲ့အားသာချက်

Xiaomi က Redmi Note စီးရီးတွေကို အရမ်းကြီးမပြောင်းထားပါဘူး။ ဒီဇိုင်းပိုင်းကို ပြင်ဆင်ထားတာလေး အနည်းငယ်လောက်သာ ရှိခဲ့တာပါ။ Redmi Note 5 Pro ဟာ ကောင်းမွန်စွာတည်ဆောက်ထားပြီးတော့ သေသပ်တဲ့ notch လေးနဲ့ထွက်ပေါ်လာတာဖြစ်ပါတယ်။

ZenFone Max Pro M1 ကို အသုံးပြုတဲ့အချိန်မှာ အဲဒီခံစားချက်ကို ရနေစရာမလိုအပ်ပါဘူး။ 5000mAh ရှိတဲ့အတွက်ကြောင့် Redmi Note 5 Pro ထက် 1000mAh ပိုနေပြီး Xiaomi ဖုန်းထက် ၁ဂရမ်ပိုလေးပါတယ်။ ဒါကတော့ တည်ဆောက်မှုမှာအသုံးပြုထားတဲ့ သတ္ထုပစ္စည်းတွေကြောင့်လို့ ယူဆမိပါတယ်။ ကြံ့ခိုင်တယ်လို့ မခံစားရသလို ဒီဇိုင်းပိုင်းမှာလည်း စိတ်လှုပ်ရှားစရာကောင်းနေတာမျိုး မရှိပါဘူး။

၅.၉၉လက်မ M1 ကတော့ ကာကွယ်မှုအားလုံးကို ရှောင်ထားပါတယ်။ ဒါကြောင့် မှန်ကပ်လေးတော့ ဆောင်ထားရလိမ့်မယ်။ Xiaomi က Redmi Note 5 Pro မှာ ဘယ်လို Gorilla Glass အမျိုးအစားကို အသုံးပြုထားသလဲ မပြောထားပေမယ့် သုံးထားတယ်ဆိုတာ သေချာပါတယ်။

ကင်မရာပိုင်းမှာ ခွဲခြားပြစရာ များများတော့မရှိပါဘူး။ ZenFone Max Pro M1 က outdoor ရိုက်ချက်တွေမှာ ယောင်ယောင်လေးသာပြီးတော့ Redmi Note 5 Pro က indoor ပိုင်းမှာ သာပါတယ်။ အလင်းအားနည်းရိုက်ချက်တွေမှာဆိုရင်တော့ Redmi Note 5 Pro မှာ details တွေကို ခံစားနိုင်ပေမယ့်လည်း အရောင်တွေက ရောနေပါတယ်။

ZenFone Max Pro M1 ကဘယ်ဘက်မှာဖြစ်ပြီး Redmi Note 5 Pro ကတော့ ညာဘက်မှာတွေ့မြင်ရမှာပါ။

portrait mode ကို ZenFone Max Pro M1 မှာစမ်းကြည့်လိုက်တာ အဆင်မပြေပါဘူး။ Redmi Note 5 Pro က ပိုကောင်းပါတယ်။ အခုအချိန်မှာတော့ Redmi Note 5 Pro က ကင်မရာပိုင်းမှာ သာနေပါတယ်။

ပြောတာကတော့ Max Pro M1 စမ်းတုန်းက နောက်ဆုံးထွက် software build မဟုတ်ဘူးလို့ပြောပါတယ်။ နောက်ပိုင်းမှာ ကင်မရာပိုင်းအရည်အသွေးတွေကို ပိုကောင်းအောင်လုပ်ဆောင်ထားတယ်လို့ ASUS က ဆိုထားပါတယ်။ stable build ကို April 29 မှာ ထွက်ရှိမှာဖြစ်ပါတယ်။ ဒါကတော့ စောင့်ကြည့်ရမယ့်အပိုင်းပါ။

ZenFone Max Pro M1 ရဲ့ အားသာချက်

ZenFone Max Pro M1 ဟာ Redmi Note 5 Pro ကို အနိုင်ရတဲ့အပိုင်းသုံးခုကတော့ software ၊ ဘတ်ထရီသက်တမ်း၊ ငွေကြေးတို့ ဖြစ်ပါတယ်။ ASUS ကတော့ pure Android နဲ့ ZenUI ကိုပေါင်းစပ်ပြီးတော့ အိန္ဒိယအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှုကိုနားထောင်ခဲ့ပါတယ်။ အဲဒီအပြောင်းအလဲကို အားလုံးက ကြိုဆိုခဲ့ပါတယ်။ နောက်တစ်ခုက Android 8.1 Oreo က တစ်ခါတည်းထွက်ပေါ်လာတာဖြစ်ပြီး Xiaomi ကတော့ Redmi Note 5 Pro မှာ ဘယ်အချိန်ရမလဲဆိုတာ မပြောနိုင်သေးပါဘူး။

M1 ရဲ့ software experience ကတော့ အချောသတ်ဖို့လိုနေပါသေးတယ်။ ASUS ကတော့ မေ၃ရက်နေ့မှာ public

build လုပ်ပေးမယ်လို့ ပြောထားပါတယ်။

5000mAh ဘတ်ထရီနဲ့ဆိုတော့ ZenFone Max Pro M1 က ဘတ်ထရီပိုင်းမှာ အသာစီးရနေပါတယ်။ Redmi Note 5 Pro က တစ်ခါအားသွင်းထားရင် နှစ်ရက်လောက်ခံနိုင်တယ်ဆိုပေမယ့်လည်း M1 ကတော့ အပြတ်အသတ်ပါပဲ။

ဈေးနှုန်းအရဆိုရင်လည်း ASUS က ရူပီး ၁၀၉၉၉ နဲ့ အနိုင်ရထားပါတယ်။

Xiaomi hardware နဲ့ပတ်သတ်ပြီးတော့ နည်းနည်းအခက်ကြုံရနိုင်ပေမယ့်လည်း ASUS ဟာ pure Android ကို အသုံးပြုထားပါတယ်။

Redmi Note 5 Pro ရောင်းပြီးလို့ နှစ်လကြာနေတဲ့အချိန်မှာ ရောင်းအားအကြောင်းကို မကြားရသေးပါဘူး။ flash sale နည်းဗျူဟာက Samsung လိုထုတ်လုပ်သူအတွက်သာ အဆင်ပြေနိုင်စေမှာပါ။ Xiaomi ကတော့ ဒီလိုအဆင့်အတန်းတွေ မလိုအပ်ဘူးလို့ ယူဆထားတဲ့ပုံပါပဲ။

ဘယ်ဟာဝယ်သင့်လဲ? ZenFone Max Pro M1

Xiaomi ရဲ့ စီးပွားရေးမော်ဒယ်လ်တစ်ခုလုံးက ဘတ်ဂျက်စမတ်ဖုန်းတွေအပေါ်အခြေခံထားတာပါ။ ZenFone Max Pro M1 ရောက်လာတော့ Xiaomi အတွက် စိုးရိမ်စရာပါပဲ။

ASUS မှာ အလုံးရေ လောက်လောက်ငှငှရှိရဲ့လားဆိုတာ စိတ်ဝင်စားစရာပါပဲ။ ထောက်ပံ့မှုကိစ္စတွေက အလုံးရေမလောက်မငှမှုကို ဖြစ်စေပြီးတော့ အောင်မြင်မှုက အဲဒီအရေးအပေါ် မူတည်နေပါတယ်။ ZenFone Max Pro M1 ကို မေသုံးရက်နေ့မှာ Flipkart ကတစ်ဆင့် ရောင်းချသွားမှာ ဖြစ်ပါတယ်။

Leave a Reply