ကိုယ့်ရဲ့လက်ကို touchscreen အဖြစ်အသုံးပြရမယ့် LumiWatch concept
0
1937
Zawgyi Version
LumiWatch
Unicode Version
အောက်မှာပြထားတဲ့ဗွီဒီယိုလေးကို ကြည့်ပြီးတော့ Carnegie Mellon တက္ကသိုလ်ကဖန်တီးထားတဲ့ LumiWatch လေးအကြောင်း ရှုစားကြည့်လိုက်ပါဦး။ LumiWatch ကတော့ interactive touchscreen display ကို ဝတ်ဆင်ထားတဲ့လက်ပေါ်မှာ အလင်းတွေနဲ့ထုတ်လွှတ်ပေးမှာဖြစ်ပါတယ်။ မြန်ဆန်တဲ့ဗွီဒီယိုပြသမှုလေးက အလုပ်လုပ်ပုံကို ရှင်းပြနိုင်ပါတယ်။ သူ့မှာ logic board ၊ projector ၊ depth sensor ၊ metal enclosure နဲ့ ဘတ်ထရီတို့ကို အသုံးပြုပြီးတည်ဆောက်ထားတာပါ။
LumiWatch smartwatch မှာ 15 lumen scanned-laser projector ကိုအသုံးပြုထားတဲ့အတွက်ကြောင့် continuous 2D finger tracking ကို လုပ်ဆောင်နိုင်ပါတယ်။ နောက်ပြီး Qualcomm 1.2 Ghz quad-core processor ၊ 768MB RAM နဲ့ အားဖြည့်ထားပြီး 4GB flash memory ၊ 740 mAh lithium ion battery တို့လည်း ပါဝင်မှာဖြစ်ပါတယ်။ Connectivity ပိုင်းမှာတော့ wireless နဲ့ Bluetooth နည်းပညာတွေကို ထောက်ပံ့ပေးထားပြီး Google ရဲ့ Android 5.1 operating system ကို အသုံးပြုနိုင်ပါတယ်။ လက်ရှိမှာတော့ မိနစ်ခြောက်ဆယ်လောက် ဆက်တိုက်အသုံးပြုနိုင်ပါတယ်။ ဘတ်ထရီအရတော့ ၂၄နာရီခံသင့်ပါတယ်။
ဈေးနှုန်းကိုတော့ ဒေါ်လာ၆၀၀လောက်ကျသင့်မယ်လို့ ခန့်မှန်းထားပါတယ်။ prototype လေးကတော့ 50mm x 41mm x 17mm အရွယ်အစားရှိပါတယ်။ “အခက်အခဲတွေရှိပေမယ့်လည်း ကျွန်တော်တို့ရဲ့ စမတ်နာရီလေးကို လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ”
Leave a Reply