Windows 10 အတွက် Microsoft Store ထဲမှာ iTunes ရနေပြီ

0
2029

Zawgyi Version



Unicode Version

Apple က သူ့ရဲ့ iTunes app ကို Windows 10 app store မှာ ဒီနေ့ထည့်ပေးလိုက်ပါတယ်။ ၂၀၁၇ နှစ်ကုန်လောက်မှာ Microsoft Store ထဲကိုရောက်လာလိမ့်မယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ရက်ကနောက်ကျနေခဲ့တာပါ။ iTunes app ကတော့ အွန်လိုင်းမှာရနေတဲ့ desktop version နဲ့ အတူတူပါပဲ။ ဒါပေမယ့် Microsoft Store ကနေပြီးတော့ update လုပ်၊ အသုံးပြုနိုင်ပါတယ်။
iTunes ဆိုတာ Microsoft Store မှာ အရှာခံရဆုံး app တစ်ခုဖြစ်ပါတယ်။ Windows 10 S Mode ကိုလည်း ပိုပြီးတော့ အားကောင်းသွားစေနိုင်တဲ့အချက် ဖြစ်လာမှာပါ။ Windows 10 in S Mode ကိုတော့ Microsoft Store မှာ ရနိုင်တဲ့ app တွေသာ ထောက်ပံ့ပေးထားပါတယ်။ iTunes ဟာ Windows 10 သုံးစွဲသူတွေကို Apple Music သုံးစွဲခွင့်ပေးမှာ ဖြစ်ပါတယ်။ လက်ရှိမှာ အသုံးပြုနိုင်ပြီပဲ ဖြစ်ပါတယ်။

Leave a Reply