LG G7 notch တွေကို ဖျောက်လို့ရနိုင်ချေရှိ
0
2136
Zawgyi Version
Unicode Version
LG က iPhone X ကို ကော်ပီကူးနေတာလား။ notch ကတော့ သေချာပေါက်ပါလာမှာပါ။ သူ့ဆီကနေ နောက်ဆုံးထွက်လာမယ့်ဖုန်းကတော့ LG G7 ThinQ ဖြစ်ပါတယ်။ Essential Phone ၊ OPPO R15 ၊ ASUS ZenFone 5 နဲ့ ASUS ZenFone 5 လိုမျိုး notch ဒီဇိုင်းနဲ့ Android ဖုန်းတွေစာရင်းကို ပါဝင်လာမှာဖြစ်ပါတယ်။ official ကြေညာချက်မတိုင်ခင်အထိတော့ သတင်းတွေ ဆက်စောင့်ရဦီးမှာပါ။
စိတ်ဝင်စားစရာကောင်းတာက LG ဟာ notch လေးကိုဖျောက်တဲ့ feature တစ်ခုပါလိမ့်မယ်လို့ ကြားထားပါတယ်။ notch လေးကို လူတွေက မကြိုက်တာမျိုးလည်း ရှိနေပါတယ်။ တချိုု့လူတွေကတော့ မျက်နှာပြင်ကျယ်ကျယ်မြင်ရလို့ဆိုပြီး သဘောတွေ့နေကြပါတယ်။ Weibo ရဲ့ ပေါက်ကြားလာတဲ့ပုံရိပ်လေးက notch လေးကိုဖျောက်ထားနိုင်တဲ့ customizations နဲ့ settings လေးကို ပြသနေပါတယ်။
Display ဆီကနေ များများမသိရပေမယ့်လည်း notch လေးကို ဖော်မလား၊ ဖျောက်မလား လုပ်နိုင်တယ်ဆိုတာကိုတော့ သိလိုက်ရပါတယ်။
ဒီပုံရိပ်လေးက ‘New Second Screen’ လိုမျိုးကို ပြသပေးနေပါတယ်။ ဒီဟာလေးကတော့ အရင်တုန်းက LG V10 မှာ တွေ့ရတဲ့ပုံစံမျိုးပါ။ LG G7 ThinQ7 ရဲ့ notch အပိုင်းမှာ feature အသစ်တွေ၊ ကွဲပြားမှုတွေ ဘယ်လိုပါလာနိုင်သလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ။
Leave a Reply