iPhone X ရောင်းအားကို အခြားသူတွေလို မကျေမနပ်ဖြစ်နေတဲ့ Apple
0
2110
Zawgyi Version
Unicode Version
report အတော်များများကိုဖတ်ကြည့်လိုက်တော့ iPhone X ရောင်းအားက အတော်လေးကျပ်တည်းခဲ့တယ်ဆိုတာ သိရပါတယ်။ ဒီနှစ်ဝက်လောက်မှာ iPhone X အလုံးရေ ၈သန်းလောက်ပဲထုတ်တော့မယ်လို့လည်း ပြောနေပါတယ်။
ရောင်းအားကို မကျေမနပ်ဖြစ်နေပြီးတော့ ဒေါ်လာ ၁၀၀၀ တန်ဖုန်းက လက်ရှိစမတ်ဖုန်းဈေးကွက်ကို အနိုင်ရနိုင်တဲ့ နည်းလမ်းမဖြစ်နိုင်ဘူးလားဆိုတာ သံသယတောင်ဝင်နေပါတယ်။
၂၀၁၇ခုနှစ်နောက်ပိုင်းမှာ iPhone X ရောင်းအားအတော်များများကို လက်ခံခဲ့ပါတယ်။ iPhone X ရောင်းအားတွေထွက်လာချိန်မှာ တစ်ဆင့်ခံရောင်းသူတွေလက်ထဲမှာတော့ အပုံလိုက်ကြီးကျန်နေခဲ့ပါတယ်။
iPhone X ထုတ်လုပ်မှုကို ၈သန်းဆိုပြီးတော့ ဘာကြောင့်သတ်မှတ်လိုက်တာလဲဆိုတာ သိမြင်လာရပါတယ်။ Apple က ဒီနှစ်ရဲ့ ပထမသုံးလလောက်မှာ iPhone X အလုံးရေ ၁၄သန်းလောက် ရောင်းရမယ်လို့ တွေးခဲ့ပါတယ်။ ဒီဇင်ဘာတုန်းကလည်း ၂၇သန်းလောက်မှန်းထားပေမယ့် မရခဲ့ပါဘူး။
iPhone X ထုတ်လုပ်မှုဟာ ဝင်ငွေနည်းနေတဲ့အတွက်ကြောင့် ဒီလတွေမှာ ထုတ်လုပ်မှုနည်းသွားနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီအကြောင်းကိုတော့ Apple အတွက် ထောက်ပံ့သူတွေက ပြောခဲ့တာပါ။ ဒီစာရင်းထဲမှာ A11 chip supplier TSMC ပါဝင်နေပါတယ်။ Samsung ကတော့ iPhone X အတွက် OLED တွေကို တစ်ဦးတည်းထောက်ပံ့ပေးနေသူဖြစ်ပြီး သူကလည်း မှာယူမှုနည်းသွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
သုံးလတစ်ဖြတ်စုစုပေါင်းရောင်းအားကိုသာ Apple အနေနဲ့ ထုတ်ပြောသွားမှာဖြစ်ပါတယ။် ဈေးနှုန်းကြောင့်လည်း iPhone X ရဲ့ ရောင်းအားတွေက အခုလိုုဖြစ်နေတာ မဖြစ်နိုင်ပေဘူးလား။
ခရစ္စမတ်တုန်းက ASP ဟာ ဒေါ်လာ၇၉၆ အထိ တိုးတက်လာခဲ့လို့ ၇၇.၃သန်းရဲ့ ရာခိုင်နှုန်းအတော်များများကို ရောင်းခဲ့ရပါသေးတယ်။
မတ်လအတွက်စာရင်းကိုတော့ မေလတစ်ရက်နေ့မှာ ထုတ်ဖော်ပြောကြားမှာပါ။ ASP ကတော့ စောင့်ကြည့်ရမယ့်အရာတစ်ခု ဖြစ်နေပါပြီ။
best-case အတွက်ဆိုရင်တော့ Apple ဟာ ပထမနှစ်အတွင်း iPhone X အလုံးရေ သန်း၆၀ရောင်းချနိုင်ကောင်းပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်ထိတော့ ၃၃သန်းတောင် ရောင်းနိုင်အောင် ကြိုးစားနေရပါတယ်။
Leave a Reply