Huawei Mate 10 ေကာင္းေၾကာင္းကို iPhone သုံးျပီးပုိ႕စ္တင္လုိက္မိတဲ့ Wonder Woman မင္းသမီး

0
2245

Wonder Woman ရုပ္ရွင္ရဲ႕ မင္းသမီး Gal Gadot ဟာ ယခုႏွစ္အေစာပိုင္းမွာ Huawei ရဲ႕ Brand Ambassador ျဖစ္လာပါတယ္။ သူမဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းက သူမရဲ႕ Huawei Mate 10 ေကာင္းေၾကာင္းကို ေၾကာ္ညာတဲ့ အေနနဲ႔ တြစ္တာမွာ ဗီဒီယိုတစ္ခု တင္ခဲ့ပါတယ္။ ဒါေပမယ့္ သူမဟာ မလုပ္သင့္တဲ့ အရာတစ္ခုကို ျပဳလုပ္မိခဲ့ပါတယ္။

နည္းပညာ အေၾကာင္း ေရးသားတဲ့ Marques Brownlee က သူမဟာ အဲဒီ ပို႔စ္ကို တြစ္တာမွာ အိုင္ဖုန္းကေန တင္ခဲ့တယ္ဆိုတာကို ေတြ႕ခဲ့ပါတယ္။ ပို႔စ္တင္ၿပီး သိပ္မၾကာခင္မွာေတာ့ သူမဟာ အဲဒီ ပို႔စ္ကို ဖ်က္ခဲ့ၿပီး အသစ္တင္ခဲ့ပါတယ္။ သူမက Cnet ကို အခုလို ရွင္းျပခဲ့ပါတယ္။

“ လူအခ်ိဳ႕က ကြ်န္မရဲ႕ ဟြာေ၀း စမတ္ဖုန္းနဲ႔ ပတ္သက္တဲ့  ပို႔စ္အေၾကာင္းကို ေမးၾကပါတယ္။ ကြ်န္မဟာ အို္င္ဖုန္း သံုးေနတယ္လို႔ ထင္ၾကပါတယ္။ ကြ်န္မဟာ လူမႈကြန္ရက္မ်ားမွာ ပို႔စ္မ်ား၊ ဗီဒီယိုမ်ား တင္ဖို႔အတြက္ ကြ်န္မရဲ႕  အဖြဲ႕ကို အားကိုးရပါတယ္။ ဒါ့ေၾကာင့္ ဒီလို ျဖစ္သြားတာပါ။ “  လို႔ သူမက ေျပာပါတယ္။

သူမရဲ႕ အဖြဲ႕၀င္တစ္ဦးဟာ သူမ ကိုယ္စား  ပို႔စ္တင္ခဲ့တာလို႔ ထင္ရပါတယ္။ သူဟာ သူ႔ရဲ႕ အိုင္ဖုန္းကေန သတိလက္လြတ္ျဖစ္ၿပီး တင္ခဲ့တာပါ။ ဒီလို ျဖစ္ရပ္မ်ိဳး အရင္ကလည္း ျဖစ္ခဲ့ဖူးပါတယ္။ ၂၀၁၄ ခုႏွစ္မွာ LG ဟာ iPhone 6 ကို တိုက္ခိုက္တဲ့ ပို႔စ္ကို အိုင္ဖုန္းကေန တင္ခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္မွာ BlackBerry ဟာ အင္စတာဂရမ္မွာ သူ႔ထုတ္ကုန္အေၾကာင္းကို အိုင္ဖုန္းကေန  တင္ခဲ့ပါတယ္။

Unicode Version

Wonder Woman ရုပ်ရှင်ရဲ့ မင်းသမီး Gal Gadot ဟာ ယခုနှစ်အစောပိုင်းမှာ Huawei ရဲ့ Brand Ambassador ဖြစ်လာပါတယ်။ သူမဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက သူမရဲ့ Huawei Mate 10 ကောင်းကြောင်းကို ကြော်ညာတဲ့ အနေနဲ့ တွစ်တာမှာ ဗီဒီယိုတစ်ခု တင်ခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ မလုပ်သင့်တဲ့ အရာတစ်ခုကို ပြုလုပ်မိခဲ့ပါတယ်။

နည်းပညာ အကြောင်း ရေးသားတဲ့ Marques Brownlee က သူမဟာ အဲဒီ ပို့စ်ကို တွစ်တာမှာ အိုင်ဖုန်းကနေ တင်ခဲ့တယ်ဆိုတာကို တွေ့ခဲ့ပါတယ်။ ပို့စ်တင်ပြီး သိပ်မကြာခင်မှာတော့ သူမဟာ အဲဒီ ပို့စ်ကို ဖျက်ခဲ့ပြီး အသစ်တင်ခဲ့ပါတယ်။ သူမက Cnet ကို အခုလို ရှင်းပြခဲ့ပါတယ်။

“ လူအချို့က ကျွန်မရဲ့ ဟွာဝေး စမတ်ဖုန်းနဲ့ ပတ်သက်တဲ့  ပို့စ်အကြောင်းကို မေးကြပါတယ်။ ကျွန်မဟာ အိုင်ဖုန်း သုံးနေတယ်လို့ ထင်ကြပါတယ်။ ကျွန်မဟာ လူမှုကွန်ရက်များမှာ ပို့စ်များ၊ ဗီဒီယိုများ တင်ဖို့အတွက် ကျွန်မရဲ့  အဖွဲ့ကို အားကိုးရပါတယ်။ ဒါ့ကြောင့် ဒီလို ဖြစ်သွားတာပါ။ “  လို့ သူမက ပြောပါတယ်။

သူမရဲ့ အဖွဲ့ဝင်တစ်ဦးဟာ သူမ ကိုယ်စား  ပို့စ်တင်ခဲ့တာလို့ ထင်ရပါတယ်။ သူဟာ သူ့ရဲ့ အိုင်ဖုန်းကနေ သတိလက်လွတ်ဖြစ်ပြီး တင်ခဲ့တာပါ။ ဒီလို ဖြစ်ရပ်မျိုး အရင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၁၄ ခုနှစ်မှာ LG ဟာ iPhone 6 ကို တိုက်ခိုက်တဲ့ ပို့စ်ကို အိုင်ဖုန်းကနေ တင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ BlackBerry ဟာ အင်စတာဂရမ်မှာ သူ့ထုတ်ကုန်အကြောင်းကို အိုင်ဖုန်းကနေ  တင်ခဲ့ပါတယ်။

Leave a Reply