dual 8K display နဲ့ wireless AR/VR headset ကို Apple လုပ်ဆောင်နေ

0
1795

Zawgyi Version





Unicode Version

Apple ဟာ လက်ရှိမှာ dual 8K display နဲ့ wireless AR/VR headset ကို လုပ်ဆောင်နေပါတယ်။ အဲဒီ headset လေးက virtual ရော augmented reality ပါ ခံစားနိုင်မှာဖြစ်ပါတယ်။ codename T288 လို့အမည်ပေးထားတဲ့ အဲဒီပစ္စည်းလေးကတော့ ကြိုးမဲ့ဖြစ်တဲ့အတွက်ကြောင့် Mac ၊ iPhone နဲ့ ချိတ်ဆက်စရာမလိုအပ်ပါဘူး။ launch လုပ်မှာကတော့ ၂၀၂၀ခုနှစ်မှ ဖြစ်ပါတယ်။
Apple headset ဟာ မြန်ဆန်တဲ့နှုန်း၊ short-range ကြိုးမဲ့နည်းပညာတွေကို အသုံးပြုပြီးတော့ box လေးနဲ့ ချိတ်ဆက်ထားမှာဖြစ်ပါတယ်။ အဲဒီ box လေးကိုတော့ custom Apple processor နဲ့ အားဖြည့်ထားမှာပါ။ အဲဒီ processor ကတော့ လက်ရှိဟာတွေထက် စွမ်းဆောင်ရည်ပိုမြင့်မှာဖြစ်ပါတယ်။ AR/VR headset အတွက် အဓိကလုပ်ဆောင်ပေးမယ့်သူလည်း ဖြစ်ပါတယ်။ box လေးကို PC tower အဖြစ်နဲ့လုပ်ဆောင်ထားပေမယ့်လည်း Mac computer ဖြစ်လာမှာတော့ မဟုတ်ပါဘူး။
HTC Vive နဲ့ မတူညီတာကတော့ သုံးစွဲသူတွေအနေနဲ့ အခန်းထဲမှာ သူတို့ရဲ့တည်နေရာကိုသိနိုင်အောင် အထူးအထွေကင်မရာတွေ တပ်ဆင်စရာမလိုအပ်ပါဘူး။ အရာတိုင်းက headset နဲ့ box လေးထဲမှာ ဆင်ထားပြီးသားပါ။
VR/AR headset လေးကိုတည်ဆောက်တဲ့နေရာမှာ နှစ်တွေကြာလိမ့်ဦးမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ augmented reality အတွက် patent တွေ အများကြီးတင်ထားပြီးတော့ ကျွမ်းကျင်သူတွေကိုလည်း ငှားရမ်းထားပါတယ်။ AR/VR tech startup လေးတွေကိုလည်း ခေါ်ယူထားပြီး ဖြစ်ပါတယ်။

Leave a Reply