AirPort WiFi router ကို ရပ္တံ့လိုက္တဲ့ Apple

0
2031

Zawgyi Version





Unicode Version

WiFi လောကအတွက် မရှိမဖြစ်လိုအပ်နေတာတွေ မဟုတ်တော့ဘူး
WiFi router ဈေးကွက်ထဲမှာပျံ့နေတဲ့သတင်းတွေက မှန်လာပါပြီ။ AirPort နဲ့ Time Capsule base stations တွေကို တရားဝင် ရပ်တံ့လိုက်ပြီဖြစ်ပါတယ်။ hardware နဲ့ software support တွေကို ဆက်လက်ထုတ်ပေးသွားမှာဖြစ်ပြီး ပစ္စည်းကုန်တဲ့အထိတော့ ရောင်းပေးသွားမယ်လို့သိရပါတယ်။ ဝယ်ချင်တဲ့သုံးစွဲသူတွေအတွက်လည်း လမ်းညွှန်မှုတွေ ပြုလုပ်ပေးခဲ့ပါသေးတယ်။
AirPort ကို ဘာကြောင့်ရပ်တံ့လိုက်သလဲဆိုတဲ့ အကြောင်းရင်းကိုမသိရသေးပါဘူး။ နားလည်ဖို့တော့ မခက်ပါဘူး။ WiFi ဆိုတာက သုံးစွဲရလွယ်ကူလာပါပြီ။ ၁၉၉၉ခုနှစ်မှာ သူ့ရဲ့ AirPort တွေကိုမိတ်ဆက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ wireless networking ပစ္စည်းတွေက ဇိမ်ခံပစ္စည်းလိုမျိုး ဈေးကြီးနေပါတယ်။ ဆယ်စုနှစ်နှစ်ခုလောက်အကြာမှာတော့ အခြေအနေက ပြောင်းလဲသွားပါပြီ။ ဈေးသက်သာတဲ့ router တွေကိုလည်း အများသုံးအနေနဲ့ သုံးစွဲနိုင်နေပါပြီ။ အဆင့်မြင့်မြင့်သုံးစွဲချင်သူတွေအတွက်လည်း ရွေးချယ်စရာတွေ အများကြီးရှိနေပါပြီ။ ဒီတော့ AirPort router ကို ဘာကြောင့်ဝယ်နေတော့မှာလဲ။
ဖန်တွေအတွက်ကတော့ သိပ်ပြီးစိတ်မထိခိုက်လောက်ပါဘူး။ ဈေးနှုန်းအရကြည့်မယ်ဆိုရင်လည်း ဈေးသက်သက်သာသာနဲ့ မြန်ဆန်တဲ့wireless တွေကို ဝယ်ယူနိုင်နေပြီလေ။ AirPort တွေ ဝယ်ထားတဲ့သူတွေအတွက်ကတော့ ecosystem အတွက် နည်းနည်းစဉ်းစားရပါလိမ့်မယ်။

Leave a Reply