ေစ်းႏႈန္း 349 ယြမ္နဲ႔ GAMING HEADSET ကို XIAOMI ေၾကျငာ

0
1934

Zawgyi

တရုတ္အီလက္ထေရာနစ္နဲ႔ စမတ္ဖုန္းထုတ္လုပ္သူ Xiaomi ဟာအခုဆိုရင္ gaming နယ္ပယ္ထဲကိုပါ တျဖည္းျဖည္ေျခဆန္႔ဝင္ေရာက္လာခဲ့ပါၿပီ။ သူတု႔ိအေနနဲ႔ စမတ္ဖုန္း Mi MIX 2S
ကိုမိတ္ဆက္တဲ့ ပြဲမွာတုန္းက Xiaomiရဲ႕ပထမဆုံး Gaming Laptop တစ္လုံးကိုပါ ပူးတဲြမိတ္ဆက္ခဲ့ပါတယ္။ hardware နဲ႔ ဒီဇုိင္းပိုင္းမွာ အေကာင္းဆုံးပုံစံနဲ႔ ထြက္ရွိလာတာပဲျဖစ္ပါတယ္။
လက္ေတာ့ဖ္အသစ္ကို မိတ္ဆက္ၿပီး တစ္ပတ္အၾကာမွာေတာ့ ေနာက္ထပ္ဂိမ္းနယ္ပယ္ကို ဝင္ေရာက္မႈတစ္ခုလို႔ သတ္မွတ္ႏုိင္တဲ့ ဂိမ္းမင္းစမတ္ဖုန္း Xiaomi Black Shark ထပ္မံပြဲထုတ္ခဲ့ပါတယ္။
အခုဒီေန႔မွာေတာ့ Xiaomi ဟာ Gaming Headset တစ္ခုကိုပါထပ္မံ ပြဲထုတ္လုိက္ျပန္ပါၿပီ။ ဒါဆိုရင္ေတာ့ ဂိမ္းမင္းနယ္ပယ္အတြက္ Xiaomi ဝင္ေရာက္မႈဟာ အေတာ္ေလးထိေရာက္ေနၿပီလို႔ဆိုႏိုင္ပါတယ္။


Gaming Headset ကို မနက္ျဖန္ April 27 မနက္10နာရီမွာ ယြမ္ ၃၄၉နဲ႔စတင္ေရာင္းခ်သြားမွာပဲျဖစ္ပါတယ္။
Xiaomi Gaming Headset ဟာေဖ်ာ္ေျဖေရးဆိုင္ရာနဲ႔ ဂိမ္းကစားသူေတြအတြက္ စတူရီယုိ 7.1 virtual surround ေထာက္ပံ့မႈနဲ႔ျဖစ္ပါတယ္။ တိက်တဲ့အသံထြက္စနစ္နဲ႔ ပုံေဖာ္ႏိုင္မႈေတြေၾကာင့္ ဂိမ္းေဆာ့ကစားတဲ့အခ်ိန္မွာ
ရန္သူေတြကို ေကာင္းေကာင္းေျခရာခံ ပစ္ခတ္ႏိုင္ပါလိမ့္မယ္။
ၿပီးျပည့္စုံတံ့ အသံနဲ႔ ျမန္ႏႈန္းျမင့္တုံ႔ျပန္ႏုိင္စြမ္းကို နားကအေကာင္းဆုံးလက္ခံႏိုင္ေစဖို႔အတြက္ 40mm ႀကီးမားတဲ့ ဂရပ္ဖုိက္အေျမွးကိုလည္း တပ္ဆင္ေပးထားပါတယ္။
ဂိမ္းကစားတာျဖစ္ေစ၊ သီခ်င္းေတြနားေထာင္တဲ့ အခ်ိန္မွာျဖစ္ေစ အခန္းထဲကဆူညံသံေတြကို ေလ်ာ့ခ်ၿပီး ၾကည္လင္ျပတ္သားတဲ့ အသံထြက္ကိုရရွိေစမွာပါ။ 3.5mm audio jack ကိုအသုံးျပဳထားၿပီး ဂိမ္းေဆာ့ကစားနဲ႔တဲ့အခ်ိန္မွာ gaming light effects အတြက္ LED မီးအေရာင္စုံေလးေတြ
ထုတ္လႊတ္ေပးေနမွာျဖစ္ပါတယ္။

unicode

တရုတ်အီလက်ထရောနစ်နဲ့ စမတ်ဖုန်းထုတ်လုပ်သူ Xiaomi ဟာအခုဆိုရင် gaming နယ်ပယ်ထဲကိုပါ တဖြည်းဖြည်ခြေဆန့်ဝင်ရောက်လာခဲ့ပါပြီ။ သူတို့အနေနဲ့ စမတ်ဖုန်း Mi MIX 2S
ကိုမိတ်ဆက်တဲ့ ပွဲမှာတုန်းက Xiaomiရဲ့ပထမဆုံး Gaming Laptop တစ်လုံးကိုပါ ပူးတွဲမိတ်ဆက်ခဲ့ပါတယ်။ hardware နဲ့ ဒီဇိုင်းပိုင်းမှာ အကောင်းဆုံးပုံစံနဲ့ ထွက်ရှိလာတာပဲဖြစ်ပါတယ်။
လက်တော့ဖ်အသစ်ကို မိတ်ဆက်ပြီး တစ်ပတ်အကြာမှာတော့ နောက်ထပ်ဂိမ်းနယ်ပယ်ကို ဝင်ရောက်မှုတစ်ခုလို့ သတ်မှတ်နိုင်တဲ့ ဂိမ်းမင်းစမတ်ဖုန်း Xiaomi Black Shark ထပ်မံပွဲထုတ်ခဲ့ပါတယ်။
အခုဒီနေ့မှာတော့ Xiaomi ဟာ Gaming Headset တစ်ခုကိုပါထပ်မံ ပွဲထုတ်လိုက်ပြန်ပါပြီ။ ဒါဆိုရင်တော့ ဂိမ်းမင်းနယ်ပယ်အတွက် Xiaomi ဝင်ရောက်မှုဟာ အတော်လေးထိရောက်နေပြီလို့ဆိုနိုင်ပါတယ်။
Gaming Headset ကို မနက်ဖြန် April 27 မနက်10နာရီမှာ ယွမ် ၃၄၉နဲ့စတင်ရောင်းချသွားမှာပဲဖြစ်ပါတယ်။
Xiaomi Gaming Headset ဟာဖျော်ဖြေရေးဆိုင်ရာနဲ့ ဂိမ်းကစားသူတွေအတွက် စတူရီယို 7.1 virtual surround ထောက်ပံ့မှုနဲ့ဖြစ်ပါတယ်။ တိကျတဲ့အသံထွက်စနစ်နဲ့ ပုံဖော်နိုင်မှုတွေကြောင့် ဂိမ်းဆော့ကစားတဲ့အချိန်မှာ
ရန်သူတွေကို ကောင်းကောင်းခြေရာခံ ပစ်ခတ်နိုင်ပါလိမ့်မယ်။
ပြီးပြည့်စုံတံ့ အသံနဲ့ မြန်နှုန်းမြင့်တုံ့ပြန်နိုင်စွမ်းကို နားကအကောင်းဆုံးလက်ခံနိုင်စေဖို့အတွက် 40mm ကြီးမားတဲ့ ဂရပ်ဖိုက်အမြှေးကိုလည်း တပ်ဆင်ပေးထားပါတယ်။
ဂိမ်းကစားတာဖြစ်စေ၊ သီချင်းတွေနားထောင်တဲ့ အချိန်မှာဖြစ်စေ အခန်းထဲကဆူညံသံတွေကို လျော့ချပြီး ကြည်လင်ပြတ်သားတဲ့ အသံထွက်ကိုရရှိစေမှာပါ။ 3.5mm audio jack ကိုအသုံးပြုထားပြီး ဂိမ်းဆော့ကစားနဲ့တဲ့အချိန်မှာ gaming light effects အတွက် LED မီးအရောင်စုံလေးတွေ
ထုတ်လွှတ်ပေးနေမှာဖြစ်ပါတယ်။

Leave a Reply