Smartphone Trending

Xiaomiရော Redmi ဖုန်းတွေကို Android One နဲ့ထုတ်နိုင်လား

Zawgyi Version





Unicode Version

Xiaomi က မနှစ်က Mi A1 နဲ့ ပထမဆုံး Android One ဖုန်းကို ထုတ်လုပ်ခဲ့ပါတယ်။ Xiaomi အနေနဲ့ သုံးစွဲသူတွေကို stock Android အရသာပေးစွမ်းလိုက်ခြင်းရဲ့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ Xiaomi ရဲ့ တွဲဖက်တည်ထောင်သူ စီအီးအို Lei Jun ကတော့ Android One ဖုန်းတွေကို မကြာခင်မှာ လုပ်ဆောင်သွားဦးမယ်လို့ ပြောကြားလိုက်ပါတယ်။ အဲဒီအထဲမှာ ဘတ်ဂျက် Redmi စီးရီးလည်း ပါဝင်မှာဖြစ်ပါတယ်။
Xiaomi ဖုန်းတွေက ဈေးကွက်မှာ ပြိုင်ဆိုင်အားမြင့်ပါတယ်။ သူတို့ဟာ ဈေးနှုန်းနဲ့ အချက်အလက်ကို ကောင်းကောင်းကိုင်တွယ်နိုင်လို့ပါပဲ။ Redmi လိုင်းနဲ့ဆိုရင် အာရှနဲ့အိန္ဒိယဈေးကွက်ကို သိမ်းထားတယ်လို့တောင် ပြောနိုင်ပါတယ်။ အိန္ဒိယမှာ အတော်လေးကို ပေါ်ပျူလာဖြစ်ပါတယ်။
Xiaomi သုံးစွဲသူအတော်များများက stock Android ကြိုက်တယ်လို့ သူကပြောပါတယ်။ အထူးသဖြင့် အိန္ဒိယကသုံးစွဲသူတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့ကဆက်ထုတ်ဖို့ကြိုးစားတာဖြစ်နိုင်ပါတယ်။
Xiaomi Mi A1 ကတော့ brand အတွက် ဖောက်ထွက်လိုက်တာပါ။ stock Android ကို update မြန်ဆန်ခြင်း၊ interface ကောင်းကောင်းတွေနဲ့အတူ သုံးစွဲသူတွေဆီကို အရောက်ပို့ပေးလိုက်တာဖြစ်ပါတယ်။ ဘယ်လို Xiaomi ဖုန်းအသစ်တွေမှာ Android One ပါဝင်မလဲဆိုတာ စောင့်ကြည့်ရင်ခုန်ရမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.