Notch ႏွစ္ခုနဲ႕ဒီဇိုင္းကို patent တင္လုိက္တဲ့ ZTE

0
1967

Zawgyi Version

ကဲ notch hater မ်ား မ်က္လံုးပိတ္ထားၾကပါ။ ZTE ရဲ႕ Nothc ႏွစ္ခုဖုန္း concept ကေတာ့ လက္ေတြ႕ျဖစ္္ဖို႕ နီးေနပါျပီ။

design patent တစ္ခုတင္တဲ့ရက္စြဲေၾကာင့္ ZTE ဟာ မႏွစ္က စက္တင္ဘာကတည္းက ၾကံစည္ေနတယ္ဆိုတာ သိလုိက္ရပါတယ္။ အဲဒီ patent က China SIPO ကေန publish လုပ္လိုက္တာကို Mobielkopen က ေတြ႕ျမင္ခဲ့တာျဖစ္ပါတယ္။

ပံုေတြၾကည့္ျပီးေတာ့ သိထားသေလာက္ျဖစ္မွာပါ။ ဒီဇိုိင္း patent က Iceberg concept နဲ႕ေတာ့ နည္းနည္းကြဲေနပါတယ္။ ထိပ္ပိုင္းမွာ နည္းနည္းေလးေျပာင္းလဲမႈရွိေပမယ့္လည္း ေအာက္ပိုင္းကေတာ့ စိတ္၀င္စားေအာင္ လုပ္ထားပါတယ္။

ZTE Iceberg patent comparison

Iceberg concept ထည့္မယ့္အစား ေအာက္ဘက္ notch မွာ ေနရာလြတ္ေတြထားထားတယ္ဆိုေတာ့ home button ထည့္မယ့္သေဘာရွိပါတယ္။

ဒါဟာ patent တစ္ခုပဲရွိပါေသးတယ္။ နည္းပညာလုပ္ငန္းေတြက တစ္ႏွစ္ကို patent ေပါင္းရာနဲ႕ခ်ီျပီးေတာ့ တင္ၾကပါတယ္။ ဒါေပမယ့္လည္း ထုတ္ကုန္အျဖစ္ထြက္မလာခဲ့တာ အမ်ားၾကီးပါ။ ေနာက္ျပီိး ယူအက္စ္မွာ ZTE ကို ban ထားေသးတယ္ေလ။ ဒီေတာ့ ဘယ္လိုေတြလုပ္မလဲဆိုတာကလည္း စိတ္၀င္စားစရာတစ္ခုပါပဲ။ အခုေတာ့ ဖုန္းအေၾကာင္း ပညာရွင္ေတြခန္႕မွန္းခ်က္နဲ႕ ေကာလဟာလေတြကို နားေထာင္ၾကည့္လိုက္ရေအာင္။

 

စမတ္ဖုန္းမ်က္ႏွာျပင္ အခ်ိဳင့္ေလးကို မၾကိဳက္တဲ့သူတစ္ေယာက္ဆိုရင္လည္း ဆက္ဖတ္ၾကည့္ပါဦး။ Android Authority က မဲခြဲဆံုးျဖတ္ျပီးေနာက္မွာေတာ့ အခ်ိဳင့္ေလးကို စမတ္ဖုန္းသံုးစြဲသူအမ်ားစုက အေရးမစိုက္ၾကတာကို ေတြ႕ရပါတယ္။ ZTE ကေတာ့ နားမေထာင္ပါဘူး။ အခ်ိဳင့္ကိုတစ္ခုေတာင္ မဟုတ္ပါဘူး။ ႏွစ္ခုေတာင္ပါတဲ့ဖုန္းကို ဒီဇုိင္းထုတ္ထားလို႕ပါပဲ။

ZTE Iceberg (codename) ကေတာ့ unibody ျဖစ္ဖို႕အတြက္ မွန္သားႏွစ္ခုကိုအသံုးျပဳထားတဲ့ နည္းပညာအသစ္ကို ဖန္တီးထားပါတယ္။ ဒါေၾကာင့္ ZTE Iceberg ရဲ႕ အေရွ႕ေရာက္အေနာက္ပါ ဖန္သားေတြကို အသံုးျပဳထားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူတို႕က ေရခဲတံုးေလးကိုကိုင္ေနရသလို ခံစားရမယ္လို႕ နာမည္ေလးက ရည္ညႊန္းထားတာပါ။ pane ႏွစ္ခုအၾကားက လုိင္းေတြကိုေတာင္ မျမင္ရေလာက္ေတာ့ပါဘူး။

ZTE Iceberg ကေတာ့ အိပ္မ္ကဆိုးတစ္ခု ျဖစ္လာႏုိင္ပါတယ္။ ဖုန္းရဲ႕ေထာင့္ေတြဟာ ေကြးညြတ္ထားေပမယ့္လည္း Google Pixel 2 XL နဲ႕ေတာ့ မတူညီပါဘူး။ ဖုန္းရဲ႕ေထာင့္ေတြကလည္း ထိုးေဖာက္ျမင္ေနရပါတယ္။ ၾကည့္ရတာကေတာ့ လံုး၀ကိုကြဲထြက္ေနပါတယ္။

ဒါေပမယ့္ မ်က္လံုးေတြက ေအာက္အခ်ိဳင့္ေလးကို ေရာက္သြားတဲ့အခါမွာ တစ္မ်ိဳးျဖစ္သြားပါတယ္။ အေတာ္မ်ားမ်ားက အခ်ိဳင့္ကို အေပၚမွာသာထားၾကေပမယ့္လည္း ZTE Iceberg ကေတာ့ ေနာက္ထပ္အခ်ိဳင့္တစ္ခုကေတာ့ ေအာက္ဘက္မွာ စပီကာနဲ႕ မိုက္ခရိုဖုန္းေတြအတြက္ ထည့္ေပးထားပါတယ္။

zte iceberg

အခ်ိဳင့္နဲ႕ပတ္သတ္ျပီးေတာ့ ေ၀ဖန္သူအမ်ားစုကေတာ့ ဒီအခ်ိဳင့္ေၾကာင့္ ဖုန္းရဲ႕သဘာ၀ကိုထိခိုက္တယ္လို႕ ေျပာပါတယ္။ ZTE ကေတာ့ ရူးသြပ္စြာေရွ႕တုိးတယ္လို႕ဆိုရမလား။ အခ်ိဳင့္ကို ေအာက္ဘက္မွာေတာင္ ထပ္ထည့္ရဲတာ အံ့ၾသစရာပါပဲ။

ZTE Iceberg ကေတာ့ အခုအခ်ိန္မွာ concept အဆင့္ပဲရွိပါတယ္။ ထုတ္လုပ္မႈအေျခအေနကို ၾကားသိရဖို႕ဆိုရင္ေတာ့ ၂၀၁၈ မွာမျဖစ္ႏုိင္ေလာက္ပါဘူး။

ကဲ ဘယ္လိုထင္သလဲ။ အခ်ိဳင့္ႏွစ္ခုက တစ္ခုထက္ပိုေကာင္းလားမလား။ အခ်ိဳင့္ေတြက ဆိုးဆိုးရြားရြားေတြ ျဖစ္လာေစမလား။ ေ၀ဖန္ေပးၾကပါဦး။

Unicode Version

ကဲ notch hater များ မျက်လုံးပိတ်ထားကြပါ။ ZTE ရဲ့ Nothc နှစ်ခုဖုန်း concept ကတော့ လက်တွေ့ဖြစ်ဖို့ နီးနေပါပြီ။
design patent တစ်ခုတင်တဲ့ရက်စွဲကြောင့် ZTE ဟာ မနှစ်က စက်တင်ဘာကတည်းက ကြံစည်နေတယ်ဆိုတာ သိလိုက်ရပါတယ်။ အဲဒီ patent က China SIPO ကနေ publish လုပ်လိုက်တာကို Mobielkopen က တွေ့မြင်ခဲ့တာဖြစ်ပါတယ်။
ပုံတွေကြည့်ပြီးတော့ သိထားသလောက်ဖြစ်မှာပါ။ ဒီဇိုင်း patent က Iceberg concept နဲ့တော့ နည်းနည်းကွဲနေပါတယ်။ ထိပ်ပိုင်းမှာ နည်းနည်းလေးပြောင်းလဲမှုရှိပေမယ့်လည်း အောက်ပိုင်းကတော့ စိတ်ဝင်စားအောင် လုပ်ထားပါတယ်။
Iceberg concept ထည့်မယ့်အစား အောက်ဘက် notch မှာ နေရာလွတ်တွေထားထားတယ်ဆိုတော့ home button ထည့်မယ့်သဘောရှိပါတယ်။
ဒါဟာ patent တစ်ခုပဲရှိပါသေးတယ်။ နည်းပညာလုပ်ငန်းတွေက တစ်နှစ်ကို patent ပေါင်းရာနဲ့ချီပြီးတော့ တင်ကြပါတယ်။ ဒါပေမယ့်လည်း ထုတ်ကုန်အဖြစ်ထွက်မလာခဲ့တာ အများကြီးပါ။ နောက်ပြီး ယူအက်စ်မှာ ZTE ကို ban ထားသေးတယ်လေ။ ဒီတော့ ဘယ်လိုတွေလုပ်မလဲဆိုတာကလည်း စိတ်ဝင်စားစရာတစ်ခုပါပဲ။ အခုတော့ ဖုန်းအကြောင်း ပညာရှင်တွေခန့်မှန်းချက်နဲ့ ကောလဟာလတွေကို နားထောင်ကြည့်လိုက်ရအောင်။

စမတ်ဖုန်းမျက်နှာပြင် အချိုင့်လေးကို မကြိုက်တဲ့သူတစ်ယောက်ဆိုရင်လည်း ဆက်ဖတ်ကြည့်ပါဦး။ Android Authority က မဲခွဲဆုံးဖြတ်ပြီးနောက်မှာတော့ အချိုင့်လေးကို စမတ်ဖုန်းသုံးစွဲသူအများစုက အရေးမစိုက်ကြတာကို တွေ့ရပါတယ်။ ZTE ကတော့ နားမထောင်ပါဘူး။ အချိုင့်ကိုတစ်ခုတောင် မဟုတ်ပါဘူး။ နှစ်ခုတောင်ပါတဲ့ဖုန်းကို ဒီဇိုင်းထုတ်ထားလို့ပါပဲ။

ZTE Iceberg (codename) ကတော့ unibody ဖြစ်ဖို့အတွက် မှန်သားနှစ်ခုကိုအသုံးပြုထားတဲ့ နည်းပညာအသစ်ကို ဖန်တီးထားပါတယ်။ ဒါကြောင့် ZTE Iceberg ရဲ့ အရှေ့ရောက်အနောက်ပါ ဖန်သားတွေကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့က ရေခဲတုံးလေးကိုကိုင်နေရသလို ခံစားရမယ်လို့ နာမည်လေးက ရည်ညွှန်းထားတာပါ။ pane နှစ်ခုအကြားက လိုင်းတွေကိုတောင် မမြင်ရလောက်တော့ပါဘူး။

ZTE Iceberg ကတော့ အိပ်မ်ကဆိုးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဖုန်းရဲ့ထောင့်တွေဟာ ကွေးညွတ်ထားပေမယ့်လည်း Google Pixel 2 XL နဲ့တော့ မတူညီပါဘူး။ ဖုန်းရဲ့ထောင့်တွေကလည်း ထိုးဖောက်မြင်နေရပါတယ်။ ကြည့်ရတာကတော့ လုံးဝကိုကွဲထွက်နေပါတယ်။

ဒါပေမယ့် မျက်လုံးတွေက အောက်အချိုင့်လေးကို ရောက်သွားတဲ့အခါမှာ တစ်မျိုးဖြစ်သွားပါတယ်။ အတော်များများက အချိုင့်ကို အပေါ်မှာသာထားကြပေမယ့်လည်း ZTE Iceberg ကတော့ နောက်ထပ်အချိုင့်တစ်ခုကတော့ အောက်ဘက်မှာ စပီကာနဲ့ မိုက်ခရိုဖုန်းတွေအတွက် ထည့်ပေးထားပါတယ်။

အချိုင့်နဲ့ပတ်သတ်ပြီးတော့ ဝေဖန်သူအများစုကတော့ ဒီအချိုင့်ကြောင့် ဖုန်းရဲ့သဘာဝကိုထိခိုက်တယ်လို့ ပြောပါတယ်။ ZTE ကတော့ ရူးသွပ်စွာရှေ့တိုးတယ်လို့ဆိုရမလား။ အချိုင့်ကို အောက်ဘက်မှာတောင် ထပ်ထည့်ရဲတာ အံ့သြစရာပါပဲ။

ZTE Iceberg ကတော့ အခုအချိန်မှာ concept အဆင့်ပဲရှိပါတယ်။ ထုတ်လုပ်မှုအခြေအနေကို ကြားသိရဖို့ဆိုရင်တော့ ၂၀၁၈ မှာမဖြစ်နိုင်လောက်ပါဘူး။

ကဲ ဘယ်လိုထင်သလဲ။ အချိုင့်နှစ်ခုက တစ်ခုထက်ပိုကောင်းလားမလား။ အချိုင့်တွေက ဆိုးဆိုးရွားရွားတွေ ဖြစ်လာစေမလား။ ဝေဖန်ပေးကြပါဦး။

Leave a Reply