Meizu M6 Note ကိုသံုးသပ္္ၾကည့္ျခင္း

0
2220

Zawgyi Version

အားသာခ်က္

ပရီမီယမ္ သတၳဳဒီဇုိင္း၊ display မိုက္မိုက္၊ ဘတ္ထရီသက္တမ္းၾကာရွည္ျခင္း၊ ျမန္ဆန္ေသာ လက္ေဗြစနစ္၊ 3.5mm headphone jack ၊ MicroSD card စိုက္ႏုိင္ျခင္း ၊ ကင္မရာႏွစ္လံုး

အားနည္းခ်က္

အလင္းအားနည္းခ်ိန္ကူးႏုိင္ေသာကင္မရာစနစ္၊ MicroUSB port ၊ LTE support မရွိျခင္း၊ Android Oreo မဟုတ္၊

Rating

Battery 9.0

Display 8.0

Camera 7.0

Performance 8.0

Software 8.5

Design 8.0

ျခံဳငံုခ်က္ 8.1

Meizu M6 Note ရဲ႕ သတၳဳဒီဇိုင္း၊ ဘတ္ထရီသက္တမ္း၊ ျမန္ဆန္ေသာလက္ေဗြရာစနစ္၊ ကင္မရာႏွစ္လံုးတို႕က ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္သင့္စမတ္ဖုန္းခံစားမႈကို ေပးစြမ္းႏုိင္ပါတယ္။ ဒါေပမယ့္လည္း ျပိဳင္ဘက္ေတြထက္ ထူးျခားေနတဲ့အခ်က္မ်ိဳး သူ႕မွာပါမေနပါဘူး။

Meizu M6 Note က စိတ္လႈပ္ရွားစရာေတြကို မေပးစြမ္းႏုိင္ေပမယ့္လည္း ဆိုးရြားမေနပါဘူး။ စမ္းသံုးၾကည့္လုိက္တဲ့အခါမွာ M6 Note ဟာ စြမ္းေဆာင္ရည္သင့္စမတ္ဖုန္းတစ္လံုးျဖစ္တာကို ေတြ႕ရွိရပါတယ္။ ေစ်းလည္းသင့္သလို features ေတြကလည္း သူ႕ဟာနဲ႕သူမိုက္ေနပါတယ္။ ကင္မရာႏွစ္လံုုး၊ သတၳဳကိုယ္ထည္ဒီဇိုင္း၊ FlymeOS တို႕က M6 Note ကို ဘတ္ဂ်က္ဖုန္းအျဖစ္နဲ႕ ၀ယ္သင့္ရဲ႕လားဆိုတာ စဥ္းစားႏုိင္ပါတယ္။ ဒီေတာ့ အျပည့္အစံုကိုၾကည့္လိုက္ရေအာင္။

ဒီဇိုင္း

M6 Note က အရည္အေသြးျမင့္စမတ္ဖုန္းလို႕ ခံစားရတယ္။

ဒီဇုိင္းပိုင္းကိုၾကည့္လုိက္မယ္ဆိုရင္ အမွားအမွားအယြင္းယြင္းျဖစ္ေနတာမရွိသလိုမ်ိဳးပဲ သူမ်ားထဲကထူးျခားေနတာမ်ိဳးလည္း မဟုတ္ပါဘူး။ ဒီဇိုင္းေကာင္းတယ္လို႕ဆိုရမွာျဖစ္ျပီး အျခားသူေတြမလုပ္ဖူးတဲ့ဒီဇုိင္းမ်ိဳးလည္း မဟုတ္ျပန္ပါဘူး။ ကိုင္ရတာ သတၳဳကိုယ္ထည္ေၾကာင့္ စီးပိုင္ေနျပီး ပရီမီယမ္ခံစားမႈကိုလည္း ေပးစြမ္းႏုိ္င္ပါတယ္။ ေထာင့္ေကြးျပီး ျပားကပ္တဲ့အပိုင္းေလးေတြက ကိုင္ရတာအဆင္ေျပေစပါတယ္။

အရြယ္အစားကိုၾကည့္လုိက္တဲ့အခါမွာ ပံုမွန္အရြယ္အစားလို႕ သတ္မွတ္ႏုိင္ပါတယ္။ ၾကီးမေနတဲ့အတြက္ လက္တစ္ဖက္နဲ႕ကိုင္သံုးႏုိင္ပါတယ္။ ပါ၀ါနဲ႕ အသံခလုတ္ေတြကလည္း လက္နဲ႕ေရာက္ႏုိင္တဲ့ေနရာေတြမွာထားထားလို႕ အရမ္းအဆင္ေျပပါတယ္။ flagship ကိုင္ေနရတဲ့ခံစားမႈကို ေပးႏုိင္တာ အေသအခ်ာပါပဲ။

Display

တစ္ခ်က္ၾကည့္လုိက္မယ္ဆိုရင္ M6 Note ရဲ႕ ၅.၅လက္မ 1080p display က သင့္အာရံုကိုဆြဲေဆာင္ႏုိင္မွာ မဟုတ္ပါဘူး။ သူ႕ကို ထူထဲတဲ့ေဘာင္ေတြနဲ႕ကြပ္ထားလို႕ပါပဲ။ သူ႕မွာ 16:9 aspect ratioကို အသံုးျပဳထားလို႕ ၂၀၁၈ အတြက္ ဒိတ္ေအာက္ေနပါျပီ။ screen သက္သက္ဆိုရင္ေတာ့ ေကာင္းမြန္ပါတယ္။ ၅.၅လက္မက အၾကီးဆံုးမဟုတ္ေပမယ့္လည္း ၀က္ဘ္ၾကည့္တာ၊ စာရုိက္တာ၊ ဂိမ္း၊ ဇာတ္ကားေတြအတြက္ ေကာင္းမြန္တဲ့ခံစားမႈကို ရႏိုင္ပါေသးတယ္။

M6 Note ရဲ႕ IPS panel က OLED display ေလာက္ေတာ့ အေရာင္မစံုႏုိင္ေပမယ့္လည္း ကာလာေကာင္းေကာင္း၊ ျမင္ကြင္းေကာင္းေကာင္းေတြေတာ့ ခံစားႏုိင္ပါေသးတယ္။ ေနေရာင္ေအာက္မွာ အျမင့္ဆံုး brightness ထားလိုက္မယ္ဆိုရင္ ၾကည့္လို႕အဆင္ေျပပါတယ္။ 1080p resolution က QHD panel ထက္ေတာ့ နိမ့္ပါတယ္။ ဒါေပမယ့္လည္း ေကာင္းမြန္ေနတုန္းလို႕ဆိုရမွာပါ။

Performance

ဒီဖုန္းမွာ Snapdragon 625 SoC ၊ RAM က 3 or 4GB အသံုးျပဳထားပါတယ္။ benchmark ပိုင္းမွာ အေကာင္ၾကီးမဟုတ္ေပမယ့္လည္း စြမ္းေဆာင္ရည္ေတာ့ ေကာင္းမြန္ပါတယ္။ အခ်ိန္အမ်ားစုမွာ သံုးရတာေခ်ာေမြ႕ျပီးေတာ့ တံု႕ျပန္မႈျမန္ဆန္ပါတယ္။ ဒါေပမယ့္ task တုိင္းမွာ အဲဒီလိုမဟုတ္တာေတာ့ စိတ္မေကာင္းျဖစ္ရပါတယ္။ Snapchat လို app မ်ိဳးမွာေတာ့ နည္းနည္းေလး ေႏွးသြားတာကို ခံစားမိပါတယ္။ Clash Royale လိုဂိမ္းေတြကစားတဲ့အခါမွာလည္း နည္းနည္းေတာ့ စိတ္ရွဳပ္ရပါတယ္။ အဲဒီကိစၥကေတာ့ software နဲ႕ပတ္သတ္ေနမယ္လို႕ ေမွ်ာ္လင့္ထားပါတယ္။

Snapdragon 625 က စြမ္းေဆာင္ရည္အျမင့္ဆံုးမျဖစ္ေတာ့ေပမယ့္လည္း ဘတ္ထရီအတြက္ ေကာင္းမြန္ေနဆဲပါ။ ဘတ္ထရီကေတာ့ 4,000mAh ျဖစ္ပါတယ္။ စမ္းသပ္ေနတုန္းမွာ ေကာင္းေကာင္းအသံုးျပဳခဲ့ရပါတယ္။ screen on time ၅.၅နာရီေလာက္ထားျဖစ္ခဲ့ပါတယ္။ တစ္ခါအားသြင္းထားတာနဲ႕ ညေလာက္အထိ အသံုးျပဳႏုိင္ပါတယ္။ Meizu M6 Note မွာ battery-saving mode ၊ disable feature ေတြပါ၀င္လို႕ Bluetooth ၊ GPS တို႕ကို ပိတ္ထားႏုိင္ပါတယ္။ ဘတ္ထရီနည္းေနျပီးေတာ့ အားသြင္းမရေသးတဲ့အခ်ိန္အခါမ်ိဳးမွာ အသံုး၀င္တဲ့  feature ေလးေတြျဖစ္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ကေတာ့ အသံုးျပဳဖို႕လိုတယ္လို႕ မခံစားျဖစ္ခဲ့ပါဘူး။

Hardware

hardware feature ကေတာ့ စံႏႈန္းမီပါတယ္။ Internal storage က 16GB ၊ 32 or 64GB အထိ ေရြးခ်ယ္ႏုိ္င္သလို microSD လည္း ပါ၀င္ပါတယ္။ home button ေလးကို ေရွ႕ပိုင္းမွာထည့္သြင္းထားျပီးေတာ့ ႏွစ္ခ်က္ႏွိပ္လိုက္ရင္ fingerprint sensor အျဖစ္နဲ႕ အသံုးျပဳႏုိင္ပါတယ္။ sensor က unlock လုပ္ရတာလြယ္ကူျပီးေတာ့ ဒီအပိုင္းမွာ အခက္အခဲေတြ မရွိခဲ့ပါဘူး။ 5mm headphone jack ကို ေအာက္ဘက္မွာေတြ႕ရျပီးေတာ့ စပီကာတစ္လံုးကိုလည္း ေတြ႕ျမင္ရပါတယ္။ အေတြ႕မ်ားတဲ့ စပီကာေတြထက္ အသံပိုက်ယ္ပါတယ္။

ထူးဆန္းတဲ့ feature တစ္ခုကေတာ့ USB Type-C အစား ဒိတ္ေအာက္ေနတဲ့  MicroUSB port  ေလးပါပဲ။ ဒီအခ်က္ကေတာ့ ၾကိဳက္တဲ့သူရွိသလို၊ မၾကိဳက္တဲ့သူေတြလည္း ရွိေနဆဲပါပဲ။

ကင္မရာ

Meizu ဟာ ကင္မရာပိုင္းမွာ ေကာင္းမြန္စြာလုပ္ေဆာင္ႏုိင္တယ္ဆိုတာ ကၽြန္ေတာ္ေျပာစရာလိုမယ္ မထင္ပါဘူး။ M6 Note မွာ အေနာက္ဘက္ကင္မရာႏွစ္လံုးပါ၀င္ပါတယ္။ 12MP primary shooter နဲ႕ 5MP secondary sensor တို႕ကို အသံုးျပဳထားပါတယ္။ primary sensor ကသာ ဓါတ္ပံုရိုက္ကူးမွာျဖစ္ျပီးေတာ့ secondary sensor ကို depth အခ်က္အလက္ယူျခင္းအတြက္သာ အသံုးျပဳမွာျဖစ္ပါတယ္။

secondary sensor ကို blur effect လုပ္တဲ့အခ်ိန္မွာ အသံုးျပဳႏုိင္ပါေသးတယ္။ ဒါေၾကာင့္ subject နဲ႕ background ၾကားကျခားနားမႈကို သိႏုိင္ျပီးေတာ့ focus ထားႏုိင္ပါတယ္။ ဒါေၾကာင့္ dramatic effect ကို DSLR ေတြလိုရႏုိင္မွာပါ။ blur ျဖစ္တဲ့ႏႈန္းကိုေတာ့ ကစားလို႕မရပါဘူး။ focus ကိုေတာ့ ျပန္ညွိႏုိင္ပါတယ္။ ဒါေပမယ့္ မူရင္း focus ကို ေရႊ႕လိုက္တဲ့အခါမွာေတာ့ လက္ေတြ႕မဆန္ေတာ့သလို ျဖစ္ႏုိင္ပါတယ္။

ကင္မရာရဲ႕ အၾကီးမားဆံုးေသာအားနည္းခ်က္ကေတာ့ dynamic range မရွိပါဘူး။ ျပတ္သားၾကည္လင္မႈမွာေတာ့ ေကာင္းမြန္ပါတယ္။ Detail ေတြကေတာ့ အေမွာင္က်တဲ့၊ အလင္းျပန္တဲ့ေနရာေတြမွာ သိပ္မျမင္ရပါဘူး။ HDR ကေတာ့ သဘာ၀က်က်လွပတဲ့ ပံုရိပ္ေတြကို ေပးစြမ္းႏုိင္ပါတယ္။ HDR auto mode ကိုေတာ့ မထည့္ေပးထားပါဘူး။

Lens က bright ျဖစ္ျပီးေတာ့ f/1.9 aperture ကိုအသံုးျပဳထားပါတယ္။ ဒါေပမယ့္လည္း အလင္းအားနည္းခ်ိန္မွာေတာ့ စြမ္းေဆာင္ရည္က်ပါတယ္။ ကာလာေတြကေရာေနျပီးေတာ့ details ေတြကလည္း ေပ်ာ့ေနပါတယ္။ noise ေတြ သိသိသာသာ ျမင္ေနရပါတယ္။ Optical image stabilization ကေတာ့ ထည့္သြင္းဖို႕ေကာင္းပါတယ္။

တရုတ္ေတြအတြက္ေတာ့ ဆယ္လ္ဖီကအဓိကမလား။ ဒီေတာ့ -megapixel sensor ကို အသံုးျပဳေပးထားပါတယ္။ beauty mode ကိိုထည့္သြင္းေပးထားပါေသးတယ္။ မၾကိဳက္ရင္ smart နဲ႕ advanced mode ေတြလည္း ရွိပါေသးတယ္။ smart mode ကေတာ့ သင့္ကို intensity ထိန္းခ်ဳပ္ခြင့္ေလးတစ္ခုပဲေပးျပီးေတာ့ ကင္မရာကို အလုပ္ေပးတဲ့ပံုစံမ်ိဳးပါ။ The advanced mode ကေတာ့ settings ေတြကို စိတ္ၾကိဳက္ကစားႏုိင္ပါတယ္။ ဒီေတာ့ ဖန္တီးစြမ္းရည္ရွိသူေတြအတြက္ ေကာင္းမြန္ပါတယ္။

Software

custom FlymeOS software ေလးကို Android 7.1.2 Nougat ေပၚမွာ အသံုးျပဳထားပါတယ္။ မၾကာခင္ Android Oreo ေတာ့ထြက္လာေလာက္ပါတယ္။ ဒါေပမယ့္လည့္ ေစာင့္ၾကည့္ရမွာပါ။ အျခား software skins ေတြလိုပဲ FlymeOS မွာ app drawer မရွိပါဘူး။ ဒီေတာ့ home screens ေပၚမွာပဲ အားလံုးကရွိေနမွာပါ။ app drawer ထည့္ဖို႕အတြက္ built-in setting မရွိတာေၾကာင့္ သံုးခ်င္ရင္ third party launcher ကို ေဒါင္းလုတ္ဆြဲရမွာပါ။ ၾကည့္ရတဲ့သြင္ျပင္အပိုင္းမွာ ရွင္းလင္းျပီးေတာ့ ျပားကပ္ေနတဲ့ အုိင္ကြန္ေလးေတြနဲ႕ ကာလာအသံုးျပဳမႈက လက္ရာေျမာက္ပါတယ္။ theme engine ထဲကို၀င္ျပီး ကလိၾကည့္နုိင္ပါေသးတယ္။

FlymeOS ဟာ gesture control ေလးေတြလည္း ရွိပါတယ္။ display ႏႈိးတာ၊ ဖြင့္ေစခ်င္တဲ့ app ကိုဖြင့္ခိုင္းတာမ်ိဳး။ Meizu SmartTouch ကေတာ့ ေနာက္ထပ္ gesture-based feature ေလးတစ္ခုပါ။ OS နဲ႕ပတ္သတ္တဲ့ option ေတြလည္း ေတြ႕ျမင္ႏုိင္ပါတယ္။

FlymeOS က ကၽြန္ေတာ့အၾကိဳက္ေတာ့မဟုတ္ပါဘူး။ stock Android နဲ႕ အေတာ္ေလးကိုကြာျခားေနပါတယ္။ ဒါေပမယ့္လည္း အၾကိဳက္ေတြ႕ေစႏုိင္မယ့္ software tweak ေလးေတြကို ခံစားၾကည့္ႏုိင္ပါတယ္။

Specifications

Meizu M6 Note
Display 5.5-inch LCD
1,920 x 1,080
403ppi
Processor Qualcomm Snapdragon 625
RAM 3/4GB
Storage 32/64GB
Expandable up to 256GB via microSD
Camera Rear: 16MP sensor with f/1.9 aperture, PDAF + 5MP with f/2.0 aperture

Front: 16MP sensor with f/2.0 aperture

Battery 4,000mAh
Connectivity Bluetooth 4.2
Wi-Fi 802.11 a/b/g/n
MicroUSB
3.5mm headphone jack
Software Android 7.1.2 Nougat
FlymeOS 6.1.4

ေစ်းႏႈန္းနဲ႕ ေနာက္ဆံုးသံုးသပ္ခ်က္

Meizu M6 Note ကေဒၚလာ၂၀၀ ေလာက္ျဖစ္ႏုိင္ပါတယ္။ သူ႕မွာ ေမာ္ဒန္ဒီဇုိင္းရွိတယ္။ အဲဒီေစ်းမွာရွိတဲ့ feature ေတြထက္ေတာ့ သာလြန္ပါတယ္။

ႏုိင္ငံတကာေစ်းကြက္အတြက္ကေတာ့ ဒီဖုန္းေလးက ပရီမီယမ္ခံစားမႈ၊ ကင္မရာႏွစ္လံုး၊ ဘတ္ထရီသက္တမ္းၾကာရွည္မႈေတြနဲ႕ ဆြဲေဆာင္ႏုိင္ပါတယ္။ အမ်ားထဲကထူးျခားမေနေပမယ့္လည္း ေကာင္းမြန္ျပီး ေစ်းမၾကီးတဲ့ဖုန္းကို ကုိင္ခ်င္ရင္ အဆင္ေျပပါတယ္။ Meizu M6 Note ကို ေရြးလို္က္ပါ။

Unicode Version

အားသာချက်
ပရီမီယမ် သတ္ထုဒီဇိုင်း၊ display မိုက်မိုက်၊ ဘတ်ထရီသက်တမ်းကြာရှည်ခြင်း၊ မြန်ဆန်သော လက်ဗွေစနစ်၊ 3.5mm headphone jack ၊ MicroSD card စိုက်နိုင်ခြင်း ၊ ကင်မရာနှစ်လုံး
အားနည်းချက်
အလင်းအားနည်းချိန်ကူးနိုင်သောကင်မရာစနစ်၊ MicroUSB port ၊ LTE support မရှိခြင်း၊ Android Oreo မဟုတ်၊
Rating
Battery 9.0
Display 8.0
Camera 7.0
Performance 8.0
Software 8.5
Design 8.0
ခြုံငုံချက် 8.1
Meizu M6 Note ရဲ့ သတ္ထုဒီဇိုင်း၊ ဘတ်ထရီသက်တမ်း၊ မြန်ဆန်သောလက်ဗွေရာစနစ်၊ ကင်မရာနှစ်လုံးတို့က ကောင်းမွန်တဲ့ စွမ်းဆောင်ရည်သင့်စမတ်ဖုန်းခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့်လည်း ပြိုင်ဘက်တွေထက် ထူးခြားနေတဲ့အချက်မျိုး သူ့မှာပါမနေပါဘူး။
Meizu M6 Note က စိတ်လှုပ်ရှားစရာတွေကို မပေးစွမ်းနိုင်ပေမယ့်လည်း ဆိုးရွားမနေပါဘူး။ စမ်းသုံးကြည့်လိုက်တဲ့အခါမှာ M6 Note ဟာ စွမ်းဆောင်ရည်သင့်စမတ်ဖုန်းတစ်လုံးဖြစ်တာကို တွေ့ရှိရပါတယ်။ ဈေးလည်းသင့်သလို features တွေကလည်း သူ့ဟာနဲ့သူမိုက်နေပါတယ်။ ကင်မရာနှစ်လုံုး၊ သတ္ထုကိုယ်ထည်ဒီဇိုင်း၊ FlymeOS တို့က M6 Note ကို ဘတ်ဂျက်ဖုန်းအဖြစ်နဲ့ ဝယ်သင့်ရဲ့လားဆိုတာ စဉ်းစားနိုင်ပါတယ်။ ဒီတော့ အပြည့်အစုံကိုကြည့်လိုက်ရအောင်။
ဒီဇိုင်း
M6 Note က အရည်အသွေးမြင့်စမတ်ဖုန်းလို့ ခံစားရတယ်။
ဒီဇိုင်းပိုင်းကိုကြည့်လိုက်မယ်ဆိုရင် အမှားအမှားအယွင်းယွင်းဖြစ်နေတာမရှိသလိုမျိုးပဲ သူများထဲကထူးခြားနေတာမျိုးလည်း မဟုတ်ပါဘူး။ ဒီဇိုင်းကောင်းတယ်လို့ဆိုရမှာဖြစ်ပြီး အခြားသူတွေမလုပ်ဖူးတဲ့ဒီဇိုင်းမျိုးလည်း မဟုတ်ပြန်ပါဘူး။ ကိုင်ရတာ သတ္ထုကိုယ်ထည်ကြောင့် စီးပိုင်နေပြီး ပရီမီယမ်ခံစားမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ထောင့်ကွေးပြီး ပြားကပ်တဲ့အပိုင်းလေးတွေက ကိုင်ရတာအဆင်ပြေစေပါတယ်။
အရွယ်အစားကိုကြည့်လိုက်တဲ့အခါမှာ ပုံမှန်အရွယ်အစားလို့ သတ်မှတ်နိုင်ပါတယ်။ ကြီးမနေတဲ့အတွက် လက်တစ်ဖက်နဲ့ကိုင်သုံးနိုင်ပါတယ်။ ပါဝါနဲ့ အသံခလုတ်တွေကလည်း လက်နဲ့ရောက်နိုင်တဲ့နေရာတွေမှာထားထားလို့ အရမ်းအဆင်ပြေပါတယ်။ flagship ကိုင်နေရတဲ့ခံစားမှုကို ပေးနိုင်တာ အသေအချာပါပဲ။
Display
တစ်ချက်ကြည့်လိုက်မယ်ဆိုရင် M6 Note ရဲ့ ၅.၅လက်မ 1080p display က သင့်အာရုံကိုဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။ သူ့ကို ထူထဲတဲ့ဘောင်တွေနဲ့ကွပ်ထားလို့ပါပဲ။ သူ့မှာ 16:9 aspect ratioကို အသုံးပြုထားလို့ ၂၀၁၈ အတွက် ဒိတ်အောက်နေပါပြီ။ screen သက်သက်ဆိုရင်တော့ ကောင်းမွန်ပါတယ်။ ၅.၅လက်မက အကြီးဆုံးမဟုတ်ပေမယ့်လည်း ဝက်ဘ်ကြည့်တာ၊ စာရိုက်တာ၊ ဂိမ်း၊ ဇာတ်ကားတွေအတွက် ကောင်းမွန်တဲ့ခံစားမှုကို ရနိုင်ပါသေးတယ်။
M6 Note ရဲ့ IPS panel က OLED display လောက်တော့ အရောင်မစုံနိုင်ပေမယ့်လည်း ကာလာကောင်းကောင်း၊ မြင်ကွင်းကောင်းကောင်းတွေတော့ ခံစားနိုင်ပါသေးတယ်။ နေရောင်အောက်မှာ အမြင့်ဆုံး brightness ထားလိုက်မယ်ဆိုရင် ကြည့်လို့အဆင်ပြေပါတယ်။ 1080p resolution က QHD panel ထက်တော့ နိမ့်ပါတယ်။ ဒါပေမယ့်လည်း ကောင်းမွန်နေတုန်းလို့ဆိုရမှာပါ။
Performance
ဒီဖုန်းမှာ Snapdragon 625 SoC ၊ RAM က 3 or 4GB အသုံးပြုထားပါတယ်။ benchmark ပိုင်းမှာ အကောင်ကြီးမဟုတ်ပေမယ့်လည်း စွမ်းဆောင်ရည်တော့ ကောင်းမွန်ပါတယ်။ အချိန်အများစုမှာ သုံးရတာချောမွေ့ပြီးတော့ တုံ့ပြန်မှုမြန်ဆန်ပါတယ်။ ဒါပေမယ့် task တိုင်းမှာ အဲဒီလိုမဟုတ်တာတော့ စိတ်မကောင်းဖြစ်ရပါတယ်။ Snapchat လို app မျိုးမှာတော့ နည်းနည်းလေး နှေးသွားတာကို ခံစားမိပါတယ်။ Clash Royale လိုဂိမ်းတွေကစားတဲ့အခါမှာလည်း နည်းနည်းတော့ စိတ်ရှုပ်ရပါတယ်။ အဲဒီကိစ္စကတော့ software နဲ့ပတ်သတ်နေမယ်လို့ မျှော်လင့်ထားပါတယ်။
Snapdragon 625 က စွမ်းဆောင်ရည်အမြင့်ဆုံးမဖြစ်တော့ပေမယ့်လည်း ဘတ်ထရီအတွက် ကောင်းမွန်နေဆဲပါ။ ဘတ်ထရီကတော့ 4,000mAh ဖြစ်ပါတယ်။ စမ်းသပ်နေတုန်းမှာ ကောင်းကောင်းအသုံးပြုခဲ့ရပါတယ်။ screen on time ၅.၅နာရီလောက်ထားဖြစ်ခဲ့ပါတယ်။ တစ်ခါအားသွင်းထားတာနဲ့ ညလောက်အထိ အသုံးပြုနိုင်ပါတယ်။ Meizu M6 Note မှာ battery-saving mode ၊ disable feature တွေပါဝင်လို့ Bluetooth ၊ GPS တို့ကို ပိတ်ထားနိုင်ပါတယ်။ ဘတ်ထရီနည်းနေပြီးတော့ အားသွင်းမရသေးတဲ့အချိန်အခါမျိုးမှာ အသုံးဝင်တဲ့ feature လေးတွေဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အသုံးပြုဖို့လိုတယ်လို့ မခံစားဖြစ်ခဲ့ပါဘူး။
Hardware
hardware feature ကတော့ စံနှုန်းမီပါတယ်။ Internal storage က 16GB ၊ 32 or 64GB အထိ ရွေးချယ်နိုင်သလို microSD လည်း ပါဝင်ပါတယ်။ home button လေးကို ရှေ့ပိုင်းမှာထည့်သွင်းထားပြီးတော့ နှစ်ချက်နှိပ်လိုက်ရင် fingerprint sensor အဖြစ်နဲ့ အသုံးပြုနိုင်ပါတယ်။ sensor က unlock လုပ်ရတာလွယ်ကူပြီးတော့ ဒီအပိုင်းမှာ အခက်အခဲတွေ မရှိခဲ့ပါဘူး။ 5mm headphone jack ကို အောက်ဘက်မှာတွေ့ရပြီးတော့ စပီကာတစ်လုံးကိုလည်း တွေ့မြင်ရပါတယ်။ အတွေ့များတဲ့ စပီကာတွေထက် အသံပိုကျယ်ပါတယ်။
ထူးဆန်းတဲ့ feature တစ်ခုကတော့ USB Type-C အစား ဒိတ်အောက်နေတဲ့ MicroUSB port လေးပါပဲ။ ဒီအချက်ကတော့ ကြိုက်တဲ့သူရှိသလို၊ မကြိုက်တဲ့သူတွေလည်း ရှိနေဆဲပါပဲ။
ကင်မရာ
Meizu ဟာ ကင်မရာပိုင်းမှာ ကောင်းမွန်စွာလုပ်ဆောင်နိုင်တယ်ဆိုတာ ကျွန်တော်ပြောစရာလိုမယ် မထင်ပါဘူး။ M6 Note မှာ အနောက်ဘက်ကင်မရာနှစ်လုံးပါဝင်ပါတယ်။ 12MP primary shooter နဲ့ 5MP secondary sensor တို့ကို အသုံးပြုထားပါတယ်။ primary sensor ကသာ ဓါတ်ပုံရိုက်ကူးမှာဖြစ်ပြီးတော့ secondary sensor ကို depth အချက်အလက်ယူခြင်းအတွက်သာ အသုံးပြုမှာဖြစ်ပါတယ်။
secondary sensor ကို blur effect လုပ်တဲ့အချိန်မှာ အသုံးပြုနိုင်ပါသေးတယ်။ ဒါကြောင့် subject နဲ့ background ကြားကခြားနားမှုကို သိနိုင်ပြီးတော့ focus ထားနိုင်ပါတယ်။ ဒါကြောင့် dramatic effect ကို DSLR တွေလိုရနိုင်မှာပါ။ blur ဖြစ်တဲ့နှုန်းကိုတော့ ကစားလို့မရပါဘူး။ focus ကိုတော့ ပြန်ညှိနိုင်ပါတယ်။ ဒါပေမယ့် မူရင်း focus ကို ရွှေ့လိုက်တဲ့အခါမှာတော့ လက်တွေ့မဆန်တော့သလို ဖြစ်နိုင်ပါတယ်။
ကင်မရာရဲ့ အကြီးမားဆုံးသောအားနည်းချက်ကတော့ dynamic range မရှိပါဘူး။ ပြတ်သားကြည်လင်မှုမှာတော့ ကောင်းမွန်ပါတယ်။ Detail တွေကတော့ အမှောင်ကျတဲ့၊ အလင်းပြန်တဲ့နေရာတွေမှာ သိပ်မမြင်ရပါဘူး။ HDR ကတော့ သဘာဝကျကျလှပတဲ့ ပုံရိပ်တွေကို ပေးစွမ်းနိုင်ပါတယ်။ HDR auto mode ကိုတော့ မထည့်ပေးထားပါဘူး။
Lens က bright ဖြစ်ပြီးတော့ f/1.9 aperture ကိုအသုံးပြုထားပါတယ်။ ဒါပေမယ့်လည်း အလင်းအားနည်းချိန်မှာတော့ စွမ်းဆောင်ရည်ကျပါတယ်။ ကာလာတွေကရောနေပြီးတော့ details တွေကလည်း ပျော့နေပါတယ်။ noise တွေ သိသိသာသာ မြင်နေရပါတယ်။ Optical image stabilization ကတော့ ထည့်သွင်းဖို့ကောင်းပါတယ်။
တရုတ်တွေအတွက်တော့ ဆယ်လ်ဖီကအဓိကမလား။ ဒီတော့ -megapixel sensor ကို အသုံးပြုပေးထားပါတယ်။ beauty mode ကိုထည့်သွင်းပေးထားပါသေးတယ်။ မကြိုက်ရင် smart နဲ့ advanced mode တွေလည်း ရှိပါသေးတယ်။ smart mode ကတော့ သင့်ကို intensity ထိန်းချုပ်ခွင့်လေးတစ်ခုပဲပေးပြီးတော့ ကင်မရာကို အလုပ်ပေးတဲ့ပုံစံမျိုးပါ။ The advanced mode ကတော့ settings တွေကို စိတ်ကြိုက်ကစားနိုင်ပါတယ်။ ဒီတော့ ဖန်တီးစွမ်းရည်ရှိသူတွေအတွက် ကောင်းမွန်ပါတယ်။
Software
custom FlymeOS software လေးကို Android 7.1.2 Nougat ပေါ်မှာ အသုံးပြုထားပါတယ်။ မကြာခင် Android Oreo တော့ထွက်လာလောက်ပါတယ်။ ဒါပေမယ့်လည့် စောင့်ကြည့်ရမှာပါ။ အခြား software skins တွေလိုပဲ FlymeOS မှာ app drawer မရှိပါဘူး။ ဒီတော့ home screens ပေါ်မှာပဲ အားလုံးကရှိနေမှာပါ။ app drawer ထည့်ဖို့အတွက် built-in setting မရှိတာကြောင့် သုံးချင်ရင် third party launcher ကို ဒေါင်းလုတ်ဆွဲရမှာပါ။ ကြည့်ရတဲ့သွင်ပြင်အပိုင်းမှာ ရှင်းလင်းပြီးတော့ ပြားကပ်နေတဲ့ အိုင်ကွန်လေးတွေနဲ့ ကာလာအသုံးပြုမှုက လက်ရာမြောက်ပါတယ်။ theme engine ထဲကိုဝင်ပြီး ကလိကြည့်နိုင်ပါသေးတယ်။
FlymeOS ဟာ gesture control လေးတွေလည်း ရှိပါတယ်။ display နှိုးတာ၊ ဖွင့်စေချင်တဲ့ app ကိုဖွင့်ခိုင်းတာမျိုး။ Meizu SmartTouch ကတော့ နောက်ထပ် gesture-based feature လေးတစ်ခုပါ။ OS နဲ့ပတ်သတ်တဲ့ option တွေလည်း တွေ့မြင်နိုင်ပါတယ်။
FlymeOS က ကျွန်တော့အကြိုက်တော့မဟုတ်ပါဘူး။ stock Android နဲ့ အတော်လေးကိုကွာခြားနေပါတယ်။ ဒါပေမယ့်လည်း အကြိုက်တွေ့စေနိုင်မယ့် software tweak လေးတွေကို ခံစားကြည့်နိုင်ပါတယ်။
Specifications

Meizu M6 Note
Display 5.5-inch LCD
1,920 x 1,080
403ppi
Processor Qualcomm Snapdragon 625
RAM 3/4GB
Storage 32/64GB
Expandable up to 256GB via microSD
Camera Rear: 16MP sensor with f/1.9 aperture, PDAF + 5MP with f/2.0 aperture

Front: 16MP sensor with f/2.0 aperture

Battery 4,000mAh
Connectivity Bluetooth 4.2
Wi-Fi 802.11 a/b/g/n
MicroUSB
3.5mm headphone jack
Software Android 7.1.2 Nougat
FlymeOS 6.1.4

ဈေးနှုန်းနဲ့ နောက်ဆုံးသုံးသပ်ချက်
Meizu M6 Note ကဒေါ်လာ၂၀၀ လောက်ဖြစ်နိုင်ပါတယ်။ သူ့မှာ မော်ဒန်ဒီဇိုင်းရှိတယ်။ အဲဒီဈေးမှာရှိတဲ့ feature တွေထက်တော့ သာလွန်ပါတယ်။
နိုင်ငံတကာဈေးကွက်အတွက်ကတော့ ဒီဖုန်းလေးက ပရီမီယမ်ခံစားမှု၊ ကင်မရာနှစ်လုံး၊ ဘတ်ထရီသက်တမ်းကြာရှည်မှုတွေနဲ့ ဆွဲဆောင်နိုင်ပါတယ်။ အများထဲကထူးခြားမနေပေမယ့်လည်း ကောင်းမွန်ပြီး ဈေးမကြီးတဲ့ဖုန်းကို ကိုင်ချင်ရင် အဆင်ပြေပါတယ်။ Meizu M6 Note ကို ရွေးလိုက်ပါ။

Leave a Reply