harry potter hogwarts mystery ဂိမ်းကို ဘယ်လိုဆော့ကြမလဲ
0
2068
ပေါ်တာဖန်တွေ အတော်များများမျှော်လင့်နေကြတဲ့ ဂိမ်းလေးတစ်ခုကတော့ ထွက်ပေါ်လာပါပြီ။ ဒီဂိမ်းဟာ Sim , Story လိုမျိုး ကိုယ့်ရဲ့ရွေးချယ်မှုအပေါ်မူတည်ပြီးတော့ ဇာတ်ကောင်က ကွဲပြားသွားတာဖြစ်ပါတယ်။ တိုက်ခိုက်ရတဲ့ဂိမ်းမဟုတ်တာကြောင့် မကြိုက်ကြတဲ့သူတွေလည်း ရှိနေပါတယ်။ အွန်လိုင်းဂိမ်းဖြစ်ပြီးတော့ ဒေါင်းလုတ်ဆွဲတာအရမ်းများတဲ့အတွက် ဝိုင်ဖိုင်နဲ့မှ အဆင်ပြေပါတယ်။ ဒီလိုမျိုးအကြောင်းအရာတွေကတော့ အခြားသတင်းဝက်ဘ်ဆိုက်တွေကလည်း တင်ပြီးသားဆိုတော့ ကြားပြီးဖြစ်လောက်ပါပြီ။ ဒီတော့ ဂိမ်းကိုဒေါင်းလုတ်ဆွဲပြီး ကြိုက်မကြိုက် ဆုံးဖြတ်မယ့်အစား ဗွီဒီယိုလေးကိုကြည့်ပြီး ဆုံးဖြတ်တာက အကုန်အကျသက်သာမယ်လို့ထင်မိပါတယ်။ ဒါကြောင့် ဆော့သင့် မဆော့သင့် ချိန်ညှိနေသူတွေအတွက် ဗွီဒီယိုလေးတစ်ခုကို တင်ပြပေးလိုက်ပါတယ်။ ကျွန်တော်ကတော့ Level 5 မှာရောက်နေပါတယ်။ နာမည်က Leo Allen ပါ။ စလေသရင်းရဲ့ ပထမနှစ်ကျောင်းသားလေးပါ။ တွေ့ရင်ခေါ်နိုင်ပါတယ်။
Leave a Reply