၃၇စကၠန္႔အတြင္း အကုန္ေရာင္းထြက္သြားတဲ့ Nubia Red Magic စမတ္ဖုန္း

0
2030

Zawgyi Version

ဒီေန႔မွာေတာ့ Nubia ဟာသူတု႔ိရဲ႕ စမတ္ဖုန္းသစ္ကို JingDong မွာစတင္ေရာင္းလိုက္ပါတယ္။ Nubia Red Magic စမတ္ဖုန္းဟာ စတင္ေရာင္းခ်စဥ္အတြင္းမွာတင္အေကာင္းဆုံးရလဒ္ကိုရရွိခဲ့ၿပီး ၃၇စကၠန္႔အတြင္း စမတ္ဖုန္းအားလုံး ေရာင္းထြက္သြားခဲ့ပါတယ္။ ေယဘုယ်အားျဖင့္ Nubia ဖုန္းေတြကို JingDong မွာတင္ေရာင္းလုိက္တုိင္း
လြန္ႀကိဳက္အလြန္မ်ားလွပါတယ္။ ဒီေန႔မိတ္ဆက္ေရာင္းခ်လိုက္တဲ့ ဖုန္းကေတာ့ သူ႕အရင္ေရာင္းခ်ခဲ့တဲ့ Nubua Z18 mini နဲ႔ Nubia Z17 ထက္စံခ်ိန္သစ္တင္ႏုိင္ခဲ့တာျဖစ္ပါတယ္။
Nubia Red Magic ဖုန္းေပါင္း အလုံး၁ေသာင္းကို ပထမဆုံးအေနနဲ႔စတင္ေရာင္းခ်ခဲ့တာျဖစ္ၿပီး ဒီေန႔မွာမရလိုက္တဲ့သူေတြကေတာ့ ေမလ၁ရက္ေနေရာင္းခ်မႈကို ထပ္မံေစာင့္ဆိုင္းရမွာျဖစ္ပါတယ္။ Nubia Red Magic ရဲ႕ေစ်းႏႈန္းေတြကေတာ့ မူကြဲအနည္းငယ္ရွိၿပီး 6GBRAM+64GB ဗားရွင္းကို 2499ယြမ္နဲ႔ 8GBRAM+128GB ဗားရွင္းကိုေတာ့ 2999ယြမ္နဲ႔ ေရာင္းခ်ေပးတာျဖစ္ပါတယ္။
ဖုန္းရဲ႕ေထာင့္ပိုင္းေတြကို စစ္သေဘၤာစတိုင္ျဖင့္ ဖန္တီးထားၿပီး ေက်ာဘက္မွာ RGB LED မီးမ်ား ထည့္သြင္းထားပါတယ္။ ဒါ့အျပင္ ဂိမ္းေတြအခ်ိန္အၾကာႀကီး ကစားတဲ့အခါ ဖုန္းပူမႈကို အလွ်င္အျမန္အကာအကြယ္ေပးႏုိင္ဖို႔ ေလ၀င္ေလထြက္ေပါက္သံုးခု ထည့္သြင္းထားတဲ့အျပင္ graphite layer မ်ားလည္း ထည့္သြင္းထားပါေသးတယ္။
Nubia Red Magic က မ်က္ႏွာျပင္ ၆ လက္မရွိၿပီး LCD 2160×1080 px ႐ုပ္ထြက္ႏွင့္ ေထာက္ပံ့ထားပါတယ္။ NEG Dinore T2X-1 မွန္သံုးထားပါတယ္။ ဒီဇုိင္းပုိင္းက ဒီဖုန္းရဲ႕အားသာခ်က္လုိ႔ ေျပာႏုိင္ေပမယ့္လည္း ပါ၀ါေထာက္ပံ့ပုိင္းကုိလည္း အေကာင္းဆံုး လုပ္ေဆာင္ထားပါေသးတယ္။

ဒီဖုန္းကုိ Snapdragon 835 ႏွင့္ ပါ၀ါေထာက္ပံ့ထားၿပိး RAM6GB ၊ RAM8GB ဗားရွင္းဆိုၿပီး ေရြးခ်ယ္ႏုိင္ပါမယ္။ ဖုန္းတြင္းအခ်က္အလက္သိုေလွာင္မႈ 64GB (သုိ႔) 128GB အသီးသီး ပါ၀င္ပါမယ္။ Chipset က ပါ၀ါအျမင့္ဆံုး Snapdragon Chipset ေတာ့ မဟုတ္ပါဘူး။ Xiaomi ရဲ႕ Black Shark မွာေတာ့ Snapdragon 845 သံုးထားပါတယ္။ ဒါေပမယ့္ ႐ုပ္ထြက္ေဖာ္ျပမႈအပိုင္းမွာ 1080p screen ပဲ သံုးထားပါတယ္။
Red Magic မွာ ေက်ာဘက္ကင္မရာ 24MPနဲ႔အတူ f/1.7 Lens သံုးထားပါတယ္။ ေရွ႕ကင္မရာက 8MP နဲ႔ wide-angle lens f/2.0 ျဖစ္ပါတယ္။ဒါေၾကာင့္ ေရွ႕ကင္မရာနဲ႔ ျမင္ကြင္းက်ယ္ ႐ုိက္ကူးႏုိင္ပါမယ္။
Nubia Red Magic မွာ ဘက္ထရီ 3800 mAh ပါ၀င္ၿပီး အလွ်င္အျမန္အားသြင္းစနစ္ ေထာက္ပံ့ေပးထားပါတယ္။ လက္ေဗြရာစနစ္ကုိ ေက်ာဘက္မွာ ထည့္သြင္းထားပါတယ္။ ဂိမ္းဖုန္းလို႔ဆိုေပမယ့္ စပီကာတစ္လံုးတည္းပဲ တပ္ဆင္ေပးထားပါတယ္။ ဒါေပမယ့္ DTS အသံစနစ္ေထာက္ပံ့ေပးထားပါတယ္။ ဒီဖုန္းကုိ Android 8.1 Oreo အေျခခံ Red Magic Launcher သံုးထားပါတယ္။

Unicode Version

ဒီနေ့မှာတော့ Nubia ဟာသူတို့ရဲ့ စမတ်ဖုန်းသစ်ကို JingDong မှာစတင်ရောင်းလိုက်ပါတယ်။ Nubia Red Magic စမတ်ဖုန်းဟာ စတင်ရောင်းချစဉ်အတွင်းမှာတင်အကောင်းဆုံးရလဒ်ကိုရရှိခဲ့ပြီး ၃၇စက္ကန့်အတွင်း စမတ်ဖုန်းအားလုံး ရောင်းထွက်သွားခဲ့ပါတယ်။ ယေဘုယျအားဖြင့် Nubia ဖုန်းတွေကို JingDong မှာတင်ရောင်းလိုက်တိုင်း
လွန်ကြိုက်အလွန်များလှပါတယ်။ ဒီနေ့မိတ်ဆက်ရောင်းချလိုက်တဲ့ ဖုန်းကတော့ သူ့အရင်ရောင်းချခဲ့တဲ့ Nubua Z18 mini နဲ့ Nubia Z17 ထက်စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
Nubia Red Magic ဖုန်းပေါင်း အလုံး၁သောင်းကို ပထမဆုံးအနေနဲ့စတင်ရောင်းချခဲ့တာဖြစ်ပြီး ဒီနေ့မှာမရလိုက်တဲ့သူတွေကတော့ မေလ၁ရက်နေရောင်းချမှုကို ထပ်မံစောင့်ဆိုင်းရမှာဖြစ်ပါတယ်။ Nubia Red Magic ရဲ့စျေးနှုန်းတွေကတော့ မူကွဲအနည်းငယ်ရှိပြီး 6GBRAM+64GB ဗားရှင်းကို 2499ယွမ်နဲ့ 8GBRAM+128GB ဗားရှင်းကိုတော့ 2999ယွမ်နဲ့ ရောင်းချပေးတာဖြစ်ပါတယ်။
ဖုန်းရဲ့ထောင့်ပိုင်းတွေကို စစ်သင်္ဘောစတိုင်ဖြင့် ဖန်တီးထားပြီး ကျောဘက်မှာ RGB LED မီးများ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ဂိမ်းတွေအချိန်အကြာကြီး ကစားတဲ့အခါ ဖုန်းပူမှုကို အလျှင်အမြန်အကာအကွယ်ပေးနိုင်ဖို့ လေဝင်လေထွက်ပေါက်သုံးခု ထည့်သွင်းထားတဲ့အပြင် graphite layer များလည်း ထည့်သွင်းထားပါသေးတယ်။
Nubia Red Magic က မျက်နှာပြင် ၆ လက်မရှိပြီး LCD 2160×1080 px ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ NEG Dinore T2X-1 မှန်သုံးထားပါတယ်။ ဒီဇိုင်းပိုင်းက ဒီဖုန်းရဲ့အားသာချက်လို့ ပြောနိုင်ပေမယ့်လည်း ပါ၀ါထောက်ပံ့ပိုင်းကိုလည်း အကောင်းဆုံး လုပ်ဆောင်ထားပါသေးတယ်။

ဒီဖုန်းကို Snapdragon 835 နှင့် ပါ၀ါထောက်ပံ့ထားပြိး RAM6GB ၊ RAM8GB ဗားရှင်းဆိုပြီး ရွေးချယ်နိုင်ပါမယ်။ ဖုန်းတွင်းအချက်အလက်သိုလှောင်မှု 64GB (သို့) 128GB အသီးသီး ပါ၀င်ပါမယ်။ Chipset က ပါ၀ါအမြင့်ဆုံး Snapdragon Chipset တော့ မဟုတ်ပါဘူး။ Xiaomi ရဲ့ Black Shark မှာတော့ Snapdragon 845 သုံးထားပါတယ်။ ဒါပေမယ့် ရုပ်ထွက်ဖော်ပြမှုအပိုင်းမှာ 1080p screen ပဲ သုံးထားပါတယ်။
Red Magic မှာ ကျောဘက်ကင်မရာ 24MPနဲ့အတူ f/1.7 Lens သုံးထားပါတယ်။ ရှေ့ကင်မရာက 8MP နဲ့ wide-angle lens f/2.0 ဖြစ်ပါတယ်။ဒါကြောင့် ရှေ့ကင်မရာနဲ့ မြင်ကွင်းကျယ် ရိုက်ကူးနိုင်ပါမယ်။
Nubia Red Magic မှာ ဘက်ထရီ 3800 mAh ပါ၀င်ပြီး အလျှင်အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားပါတယ်။ လက်ဗွေရာစနစ်ကို ကျောဘက်မှာ ထည့်သွင်းထားပါတယ်။ ဂိမ်းဖုန်းလို့ဆိုပေမယ့် စပီကာတစ်လုံးတည်းပဲ တပ်ဆင်ပေးထားပါတယ်။ ဒါပေမယ့် DTS အသံစနစ်ထောက်ပံ့ပေးထားပါတယ်။ ဒီဖုန်းကို Android 8.1 Oreo အခြေခံ Red Magic Launcher သုံးထားပါတယ်။

Leave a Reply