Facebook က Facebook ဘယ္ေလာက္ဆိုးရြားလာေၾကာင္းေဖာ္ျပထားတဲ့ ေၾကာ္ျငာေလးတစ္ခု

0
2010

Zawgyi Version

သူ႕ရဲ႕ကြန္ရက္မွာ ျဖစ္ေနတဲ့ကိစၥေတြကို ျပန္ျပင္ႏုိင္ေအာင္ ေၾကာ္ျငာေလးတစ္ခုလုပ္ထားပါတယ္။ အဲဒီေၾကာ္ျငာေလးကို ဂ်ဴလိုငလအထိ တီဗြီနဲ႕ ရုပ္ရွင္ရံုေတြမွာ ျပသမွာပါ။ NBA playoff game ေတြမွာလည္း ျပသသြားမွာပါ။

Facebook ရဲ႕ အရင္တုန္းက interface အေဟာင္းေလးနဲ႕ စတင္ျပီးေတာ့ လူသားေတြကို အဆက္အသြယ္ေတြရေအာင္ လုပ္ေပးခဲ့ေၾကာင္း စတင္ထားပါတယ္။ အားလံုးမွာ ၀မ္းနည္းစရာ ပီယာႏိုတီးလံုးေလး တီးေပးထားပါတယ္။ ျပီးေတာ့ spam ၊ clickbait ၊ သတင္းအမွား၊ အခ်က္အလက္အလြဲသံုးမႈေတြကို ရင္ဆုိင္သြားရမယ္လို႕ ေျပာၾကားထားပါတယ္။

အဆံုးသတ္မွာေတာ့ ေျပာင္းလဲရေတာ့မယ္။ အခုကစလို႕ Facebook က သင့္လံုျခံဳေရးကို ကာကြယ္ေပးႏုိင္ေအာင္ လုပ္ေဆာင္သြားမယ္လို႕ ေျပာထားပါတယ္။ သင့္ရဲ႕သူငယ္ခ်င္းေတြကို ဦးတည္မွာျဖစ္ျပီးေတာ့ ႏုိင္ငံေရး၀ါဒျဖန္႕ျခင္း၊ သတင္းေတြကို ဦးစားေပးေတာ့မွာ မဟုတ္ေတာ့ပါဘူး။

Facebook ဟာ Cambridge Analytica ရဲ႕ အရွဳပ္ေတာ္ပံုေၾကာင့္ မတ္ဇူကာဘတ္ေတာင္ အစစ္ခံေနရပါျပီ။ ဒီေတာ့ အဓိကအခက္အခဲက ဘာေတြျဖစ္ေနတာလဲ။ သတင္းေတြ၊ ၀ါဒျဖန္႕တာေတြတက္ေနတာလား။ မဟုတ္ပါဘူး။ သံုးစြဲသူရဲ႕ယံုၾကည္မႈေတြ ေပ်ာက္ကုန္တာပါ။ ဒါဟာ ဒီ၀န္ေဆာင္မႈေလးရဲ႕ မူရင္းရည္ရြယ္ခ်က္ကို ေပ်ာက္သြားတယ္လို႕ခံစားလိုက္ရလို႕ပါ။ ဒီေၾကာ္ျငာေလးက အရာတုိင္းကို မေျပာင္းလဲႏုိင္ပါဘူး။ ဒါေပမယ့္လည္း မွန္ကန္တဲ့အရာေတြကို ေျပာသြားတာပါ။

ဒီေၾကာ္ျငာေလးတစ္ခုတည္းကို Facebook က လုပ္ေနတာမဟုတ္ပါဘူး။ ေနာက္ထပ္ သတင္းအမွားက သင့္သူငယ္ခ်င္းမဟုတ္ဘူး တို႕၊ spam က သင့္သူငယ္ခ်င္းမဟုတ္ဘူးတို႕ဆိုတဲ့ ေၾကာ္ျငာေတြလည္း ရွိပါေသးတယ္။ ဒီအရာေလးေတြကေတာ့ ျပီးခဲ့တဲ့လမွာ စတင္ခဲ့ျပီးေတာ့ ေနရာအေတာ္မ်ားမ်ားကိုေရာက္ႏွင့္ေနပါျပီ။ ကၽြန္ေတာ္တို႕ဆီမွာေတာ့ မျမင္ရေသးပါဘူး။ မၾကာခင္ျမင္လာ၇ေတာ့မွာပါ။

Unicode Version

သူ့ရဲ့ကွန်ရက်မှာ ဖြစ်နေတဲ့ကိစ္စတွေကို ပြန်ပြင်နိုင်အောင် ကြော်ငြာလေးတစ်ခုလုပ်ထားပါတယ်။ အဲဒီကြော်ငြာလေးကို ဂျူလိုငလအထိ တီဗွီနဲ့ ရုပ်ရှင်ရုံတွေမှာ ပြသမှာပါ။ NBA playoff game တွေမှာလည်း ပြသသွားမှာပါ။
Facebook ရဲ့ အရင်တုန်းက interface အဟောင်းလေးနဲ့ စတင်ပြီးတော့ လူသားတွေကို အဆက်အသွယ်တွေရအောင် လုပ်ပေးခဲ့ကြောင်း စတင်ထားပါတယ်။ အားလုံးမှာ ဝမ်းနည်းစရာ ပီယာနိုတီးလုံးလေး တီးပေးထားပါတယ်။ ပြီးတော့ spam ၊ clickbait ၊ သတင်းအမှား၊ အချက်အလက်အလွဲသုံးမှုတွေကို ရင်ဆိုင်သွားရမယ်လို့ ပြောကြားထားပါတယ်။
အဆုံးသတ်မှာတော့ ပြောင်းလဲရတော့မယ်။ အခုကစလို့ Facebook က သင့်လုံခြုံရေးကို ကာကွယ်ပေးနိုင်အောင် လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။ သင့်ရဲ့သူငယ်ချင်းတွေကို ဦးတည်မှာဖြစ်ပြီးတော့ နိုင်ငံရေးဝါဒဖြန့်ခြင်း၊ သတင်းတွေကို ဦးစားပေးတော့မှာ မဟုတ်တော့ပါဘူး။
Facebook ဟာ Cambridge Analytica ရဲ့ အရှုပ်တော်ပုံကြောင့် မတ်ဇူကာဘတ်တောင် အစစ်ခံနေရပါပြီ။ ဒီတော့ အဓိကအခက်အခဲက ဘာတွေဖြစ်နေတာလဲ။ သတင်းတွေ၊ ဝါဒဖြန့်တာတွေတက်နေတာလား။ မဟုတ်ပါဘူး။ သုံးစွဲသူရဲ့ယုံကြည်မှုတွေ ပျောက်ကုန်တာပါ။ ဒါဟာ ဒီဝန်ဆောင်မှုလေးရဲ့ မူရင်းရည်ရွယ်ချက်ကို ပျောက်သွားတယ်လို့ခံစားလိုက်ရလို့ပါ။ ဒီကြော်ငြာလေးက အရာတိုင်းကို မပြောင်းလဲနိုင်ပါဘူး။ ဒါပေမယ့်လည်း မှန်ကန်တဲ့အရာတွေကို ပြောသွားတာပါ။
ဒီကြော်ငြာလေးတစ်ခုတည်းကို Facebook က လုပ်နေတာမဟုတ်ပါဘူး။ နောက်ထပ် သတင်းအမှားက သင့်သူငယ်ချင်းမဟုတ်ဘူး တို့၊ spam က သင့်သူငယ်ချင်းမဟုတ်ဘူးတို့ဆိုတဲ့ ကြော်ငြာတွေလည်း ရှိပါသေးတယ်။ ဒီအရာလေးတွေကတော့ ပြီးခဲ့တဲ့လမှာ စတင်ခဲ့ပြီးတော့ နေရာအတော်များများကိုရောက်နှင့်နေပါပြီ။ ကျွန်တော်တို့ဆီမှာတော့ မမြင်ရသေးပါဘူး။ မကြာခင်မြင်လာ၇တော့မှာပါ။

Leave a Reply