စိတ်ဝင်စားဖို့ကောင်းပြီး mobile productivity app တစ်ခုဖြစ်တဲ့ Google Tasks အကြောင်း
0
1634
Zawgyi Version
Unicode Version
Android ဖုန်းအတွက်ရနိုင်တဲ့ to-do list တွေကတော့ များမှများပါပဲ။ ဒါပေမယ့်လည်း Google eco-system ကို စိတ်ဝင်စားတဲ့သူဆိုရင်တော့ သင်ရှာနေတဲ့ app လေးကိုတွေ့နိုင်ပါသေးတယ်။ Gmail နဲ့ Google Calendar ကနေ task တွေကို ထည့်နိုင်ပါတယ်။ ဒါပေမယ့် အတော်များများကတော့ stand-alone mobile appကို ရှာနေပါတယ်။ အခုအချိန်မှာ Google Task ကို ထုတ်လုပ်ပေးလိုက်ပါပြီ။ သူကတော့ G Suite ထဲမှာ တစိတ်တဒေသအနေနဲ့ ပါဝင်ပါတယ်။
Google Tasks နဲ့ပတ်သတ်လို့ ပြောကြစရာ ထွေထွေထူးထူးတော့ မရှိပါဘူး။ အခြားသော G Suite app တွေလို အလွယ်တကူသုံးနိုင်ပါတယ်။ to-dos ၊ reminders ၊ task lists ၊ sub-tasks တွေ အသုံးပြုနိုင်ပါတယ်။ Gmail app ကနေပြီးတော့လည်း task တွေကို တိုက်ရိုက်ဖန်တီးနိုင်ပါတယ်။။ app ထဲမှာလည်း ပြန်ကြည့်နိုင်ပါပြီ။ ဘယ်အီးမေးလ်ကိုအခြေခံပြီးလုပ်ထားသလဲဆိုတာကိုပါ ပြန်ကြည့်နိုင်ပါတယ်။ အသေးစိတ်အချက်အလက်တွေ မေ့သွားမယ်ဆိုရင် ပြန်ကြည့်လို့ရတာပေါ့။
to-do list app အတော်များများလိုပဲ due date နဲ့ reminder တွေကို သတ်မှတ်ထားနိုင်တယ်။ G Suite နဲ့ ပေါင်းစပ်ထားတဲ့အပြင် အခြေခံကျပြီးတော့ ရင်းနှီးနေတဲ့ feature တွေ ဖြစ်ပါတယ်။ အသေးစိတ်ကို စစချင်းထွက်ရှိထားတာဖြစ်လို့ ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်။
ရိုးရှင်းပြီး အခြေခံကျတဲ့ app တွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ စမ်းကြည့်ဖို့ ပြောချင်ပါတယ်။ Google Play Store မှာ အခမဲ့ ဒေါင်းလုတ်ဆွဲလို့ရနေပါပြီ။
Leave a Reply