Posted on Leave a comment

S9 ထက်ကြီးတဲ့ ဘတ်ထရီကြီးနဲ့ Samsung Galaxy S9 Active ထွက်ပေါ်လာနိုင်

Zawgyi Version






Unicode Version

Galaxy S9 နဲ့ S9 Plus ကို မတ်လမှာ launch လုပ်ခဲ့ပြီးတော့ အခုအချိန်မှာ Samsung Galaxy S9 Active စမတ်ဖုန်းကို မကြာခင်မှာ တွေ့မြင်ရတော့မယ်လို့ ခန့်မှန်းထားပါတယ်။ သူ့မှာပါဝင်မယ့် အချက်အလက်အချို့ကိုလည်း ကျွန်တော်တို့ သိထားပါသေးတယ်။
Galaxy S9 Active မှာ 4000 mAh ဘတ်ထရီနဲ့ထွက်ပေါ်လာမယ်လို့ သတင်းရထားပါတယ်။ ဒီပမာဏဟာ S9 နဲ့ S9 Plus တို့ထက်ကြီးမားပါတယ်။
၅.၈လက်မ display ၊ QHD+ resolution 2960 x 1440 pixels နဲ့ အကြမ်းခံဒီဇိုင်းဖြစ်ပါတယ်။ S9 နဲ့ S9 Plus တို့မှာ အသုံးပြုထားတဲ့ပရိုဆက်ဆာနဲ့ အတူတူပါပဲ။ Qualcomm Snapdragon 845 ပါ။
Samsung Galaxy S9 Active မှာ 4GB RAM ၊ 64GB storage တို့ ပါဝင်မယ်လို့ သတင်းတွေထွက်နေပါတယ်။ အဲဒီဟန်းဆက်မှာ အရှေ့ကင်မရာက 8 megapixel ဖြစ်ပြီးတော့ အနောက်ဘက်မှာတော့ 12 megapixel ကို အသုံးပြုထားပါတယ်။
အကြမ်းခံဒီဇိုင်းကြောင့် ပြုတ်ကျမှုဒဏ်တွေကနေ ခံနိုင်ပါတယ်။ ပြီးတော့ ရေစိုခံဖြစ်ပါလိမ့်မယ်။ အသေးစိတ်အချက်အလက်ကတော့ အခုအချိန်မှာ ဒီလောက်ပဲသိရပါသေးတယ်။ ထပ်သိရတာတွေကိုတော့ ဆက်လက်တင်ပြပေးသွားမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.