Mid-range စမတ္ဖုန္း Nokia X6 ကို ဧၿပီလ ၂၇ ရက္မွာမိတ္ဆက္သြားမယ့္ Nokia

0
1997

Unicode Version

HMD ဟာ Nokia 6 (2018) နဲ့ Nokia 7 Plus ကြား အလယ်အလတ်စမတ်ဖုန်းလို့သတ်မှတ်နိုင်မယ့် Nokia X6 ကို ဧပြီလ ၂၇ ရက်မှာ မိတ်ဆက်သွားဖို့ စီစဉ်နေပါတယ်။ သူ့ရဲ့နာမည်ကိုတော့ 2009ခုနှစ်ကထုတ်လုပ်ခဲ့တဲ့ Symbian-powered စမတ်ဖုန်းရဲ့ နာမည်ကိုပြန်ယူထားတာပဲဖြစ်ပါတယ်။
Nokia X6 ရဲ့ display က ၅.၈ လက်မ 19:9 aspect ratio “bezel-free display” ဖြစ်ပါတယ်။ screen bezel ဖြစ်တာကြောင့် Nokia ရဲ့ Logo ကိုတော့ ဖုန်းရဲ့
အောက်ဘက်မှာနားမှာ ရေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ကျောဘက်မှာတော့ ဒေါင်လိုက်တပ်ဆင်ထားတဲ့ dual camera နဲ့ Carl Zeiss lens ပါဝင်လာမှာဖြစ်ပါတယ်။ပေါက်ကြားလာတဲ့ ဓာတ်ပုံများအရ Nokia X6 မှာ Notch ဒီဇိုင်းပါ၀င်လာတာ တွေ့ရပါတယ်။ Nokia X6 က Nokia ဖုန်းတွေထဲမှာ Notch ပါ၀င်တဲ့ ပထမဆုံးဖုန်း ဖြစ်လာပါမယ်။
Notch အတွင်းမှာ Sensor၊ ရှေ့ကင်မရာနဲ့ဖုန်းခေါ်ဆိုမှု စပီကာတို့ကို ထည့်သွင်းထားပါတယ်။ ဒါဟာတိကျသေချာတယ်လို့ မပြောနိုင်သေးပါဘူး။
မော်ဒယ်နှစ်မျိုးမှာ chipset နဲ့ RAM ကွာခြားမယ်လို့ ဆိုပါတယ်။ ထိပ်တန်းမော်ဒယ်မှာ Snapdragon 636 နဲ့ 6GB RAM ပါဝင်လာပြီး စျေးသက်သာတဲ့ မော်ဒယ်မှာတော့ Helio P60 နဲ့ 4GB RAM ပါဝင်တယ်လို့ ဆိုပါတယ်။
ဗားရှင်းနှစ်မျိုးစလုံးမှာ Android 8.0 Oreo ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမယ့် စျေးနှုန်းက ဒေါ်လာ ၂၅၀ နဲ့ ဒေါ်လာ ၂၈၅ အသီးသီးဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version

HMD ဟာ Nokia 6 (2018) နဲ႔ Nokia 7 Plus ၾကား အလယ္အလတ္စမတ္ဖုန္းလို႔သတ္မွတ္ႏုိင္မယ့္ Nokia X6 ကို ဧၿပီလ ၂၇ ရက္မွာ မိတ္ဆက္သြားဖို႔ စီစဥ္ေနပါတယ္။ သူ႕ရဲ႕နာမည္ကိုေတာ့ 2009ခုႏွစ္ကထုတ္လုပ္ခဲ့တဲ့ Symbian-powered စမတ္ဖုန္းရဲ႕ နာမည္ကိုျပန္ယူထားတာပဲျဖစ္ပါတယ္။
Nokia X6 ရဲ႕ display က ၅.၈ လက္မ 19:9 aspect ratio “bezel-free display” ျဖစ္ပါတယ္။ screen bezel ျဖစ္တာေၾကာင့္ Nokia ရဲ႕ Logo ကိုေတာ့ ဖုန္းရဲ႕
ေအာက္ဘက္မွာနားမွာ ေရးထားတာကိုေတြ႕ရမွာျဖစ္ပါတယ္။ ေက်ာဘက္မွာေတာ့ ေဒါင္လိုက္တပ္ဆင္ထားတဲ့ dual camera နဲ႔ Carl Zeiss lens ပါဝင္လာမွာျဖစ္ပါတယ္။ေပါက္ၾကားလာတဲ့ ဓာတ္ပံုမ်ားအရ Nokia X6 မွာ Notch ဒီဇုိင္းပါ၀င္လာတာ ေတြ႔ရပါတယ္။ Nokia X6 က Nokia ဖုန္းေတြထဲမွာ Notch ပါ၀င္တဲ့ ပထမဆံုးဖုန္း ျဖစ္လာပါမယ္။
Notch အတြင္းမွာ Sensor၊ ေရွ႕ကင္မရာနဲ႔ဖုန္းေခၚဆိုမႈ စပီကာတုိ႔ကုိ ထည့္သြင္းထားပါတယ္။ ဒါဟာတိက်ေသခ်ာတယ္လို႔ မေျပာႏိုင္ေသးပါဘူး။
ေမာ္ဒယ္ႏွစ္မ်ိဳးမွာ chipset နဲ႔ RAM ကြာျခားမယ္လို႔ ဆိုပါတယ္။ ထိပ္တန္းေမာ္ဒယ္မွာ Snapdragon 636 နဲ႔ 6GB RAM ပါဝင္လာၿပီး ေစ်းသက္သာတဲ့ ေမာ္ဒယ္မွာေတာ့ Helio P60 နဲ႔ 4GB RAM ပါဝင္တယ္လို႔ ဆိုပါတယ္။
ဗားရွင္းႏွစ္မ်ိဳးစလံုးမွာ Android 8.0 Oreo ကို အသံုးျပဳထားတယ္လို႔ သိရပါတယ္။ တရုတ္ႏိုင္ငံမွာ စတင္ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းက ေဒၚလာ ၂၅၀ နဲ႔ ေဒၚလာ ၂၈၅ အသီးသီးျဖစ္တယ္လို႔ သိရပါတယ္။

Leave a Reply