Posted on Leave a comment

6.1 လက္မ Super Bright QHD+ display နဲ႔ထြက္လာမယ့္ LG G7 ThinQ

unicode version

ကိုရီးယားစမတ်ဖုန်းထုတ်လုပ်သူ LG အနေနဲ့ နောက်ထပ်မိတ်ဆက်တော့မယ့် စမတ်ဖုန်းကို G7 ThinQ လို့နာမည်ပေးလိုက်ပြီး လာမယ့်အပတ်မှာ မိတ်ဆက်တော့မှာဖြစ်ပါတယ်။
တရားဝင်အချက်အလက်နီးပါးလို့ ဆိုနိုင်မယ့် G7 ThinQ နဲ့ပတ်သတ်တဲ့အချက်အလက်တွေကတော့ Full Vision display နဲ့အတူ ဖုန်းရဲ့ထိပ်ဘက်မှာ 2018စမတ်ဖုန်းတွေရဲ့ trend ဖြစ်နေတဲ့
notch ပါဝင်လာမှာဖြစ်ပါတယ်။ အခြားစွမ်းအားပိုင်းတွေအနေနဲ့ LG ရဲ့နောက်ဆုံးပေါ် LCD နည်းပညာဖြစ်တဲ့ Super Bright Display ကိုသုံးလာမှာဖြစ်ပြီး ဖုန်းဟာအလျားလိုက် 6.1 လက်မရှိမှာ
ဖြစ်ပါတယ်။ LG G7 ThinQ မှာ 19.5:9 ratio နဲ့အတူ 3120 x 1440 pixels ဖော်ပြနိုင်စွမ်းကို သုံးထားမှာပါ။ ဟိုးအရင်ထွက်ခဲ့တဲ့ LG G6မှာတုန်းကတော့ 18:9 အချိုးကိုသာ သုံးထားခဲ့ပါတယ်။
ကိုရီးယားထုတ်လုပ်သူရဲ့ပြောကြားချက်မှာတော့ အသစ်ဖြစ်လာမယ့်အရွယ်အစားနဲ့အတူ ဘေးဘောင်လေးတွေဟာ 50 နီးပါသေးသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။
Super Bright Displayဟာ DCI-P3 colorကို 100%နီးပါးဖုံးအုပ်ထားမှာဖြစ်ပြီး အရောင်လုပ်ဆောင်ချက် ရမျိုးအထိ ရွေးချယ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Auto, Eco, Cinema, Sports, Game နဲ့ Expert ဆိုပြီး မိမိနှစ်သက်ရာကို ရွေးထားနိုင်မှာဖြစ်ပါတယ်။ ThinQ ဟာ ကင်မရာအတွက် AI စမတ်လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးလာမှာဖြစ်ပြီးကင်မရာမှာ Google Lens အထောက်အပံ့၊ 16-megapixel ကျောဘက်ကင်မရာတွေ၊ “superpixel” နည်းပညာနဲ့ 3D, 2D ကင်မရာစတစ်ကာတွေအပြင် Moving Live Photos, Portrait Mode စတာတွေလည်း ပါဝင်လာမယ်လို့ သိရပါတယ်။ သူ့မှာ ပရိုဆက်ဆာပိုင်းအနေနဲ့
Qualcomm ရဲ့ Snapdragon 845 chipset ကိုထည့်သွင်းလာနိုင်ပါတယ်။ စျေးနှုန်းကတော့ ဒေါ်လာ800 ဝန်းကျင်လောက် ကျသင့်နိုင်ပါတယ်။

Zawgyi Version

ကိုရီးယားစမတ္ဖုန္းထုတ္လုပ္သူ LG အေနနဲ႔ ေနာက္ထပ္မိတ္ဆက္ေတာ့မယ့္ စမတ္ဖုန္းကို G7 ThinQ လို႔နာမည္ေပးလိုက္ၿပီး လာမယ့္အပတ္မွာ မိတ္ဆက္ေတာ့မွာျဖစ္ပါတယ္။
တရားဝင္အခ်က္အလက္နီးပါးလို႔ ဆိုႏိုင္မယ့္ G7 ThinQ နဲ႔ပတ္သတ္တဲ့အခ်က္အလက္ေတြကေတာ့ Full Vision display နဲ႔အတူ ဖုန္းရဲ႕ထိပ္ဘက္မွာ 2018စမတ္ဖုန္းေတြရဲ႕ trend ျဖစ္ေနတဲ့
notch ပါဝင္လာမွာျဖစ္ပါတယ္။ အျခားစြမ္းအားပိုင္းေတြအေနနဲ႔ LG ရဲ႕ေနာက္ဆုံးေပၚ LCD နည္းပညာျဖစ္တဲ့ Super Bright Display ကိုသုံးလာမွာျဖစ္ၿပီး ဖုန္းဟာအလ်ားလိုက္ 6.1 လက္မရွိမွာ
ျဖစ္ပါတယ္။ LG G7 ThinQ မွာ 19.5:9 ratio နဲ႔အတူ 3120 x 1440 pixels ေဖာ္ျပႏိုင္စြမ္းကို သုံးထားမွာပါ။ ဟိုးအရင္ထြက္ခဲ့တဲ့ LG G6မွာတုန္းကေတာ့ 18:9 အခ်ိဳးကိုသာ သုံးထားခဲ့ပါတယ္။
ကိုရီးယားထုတ္လုပ္သူရဲ႕ေျပာၾကားခ်က္မွာေတာ့ အသစ္ျဖစ္လာမယ့္အရြယ္အစားနဲ႔အတူ ေဘးေဘာင္ေလးေတြဟာ 50 နီးပါေသးသြားမွာ ျဖစ္တယ္လုိ႔ဆိုပါတယ္။
Super Bright Displayဟာ DCI-P3 colorကို 100%နီးပါးဖုံးအုပ္ထားမွာျဖစ္ၿပီး အေရာင္လုပ္ေဆာင္ခ်က္ ၇မ်ိဳးအထိ ေရြးခ်ယ္ႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။ Auto, Eco, Cinema, Sports, Game နဲ႔ Expert ဆုိၿပီး မိမိႏွစ္သက္ရာကို ေရြးထားႏိုင္မွာျဖစ္ပါတယ္။ ThinQ ဟာ ကင္မရာအတြက္ AI စမတ္လုပ္ေဆာင္ခ်က္ေတြကို ထည့္သြင္းေပးလာမွာျဖစ္ၿပီးကင္မရာမွာ Google Lens အေထာက္အပံ့၊ 16-megapixel ေက်ာဘက္ကင္မရာေတြ၊ “superpixel” နည္းပညာနဲ႔ 3D, 2D ကင္မရာစတစ္ကာေတြအျပင္ Moving Live Photos, Portrait Mode စတာေတြလည္း ပါဝင္လာမယ္လို႔ သိရပါတယ္။ သူ႕မွာ ပရိုဆက္ဆာပိုင္းအေနနဲ႔
Qualcomm ရဲ႕ Snapdragon 845 chipset ကိုထည့္သြင္းလာႏုိင္ပါတယ္။ ေစ်းႏႈန္းကေတာ့ ေဒၚလာ800 ဝန္းက်င္ေလာက္ က်သင့္ႏိုင္ပါတယ္။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.