Kickstarter ေပၚမွာရေနျပီျဖစ္တဲ့ Kite DIY စမတ္ဖုန္း

0
1601

Zawgyi Version

စမတ္ဖုန္းတစ္လံုးကို ကိုယ့္လက္နဲ႕တည္ေဆာက္ခ်င္တဲ့သူေတြအတြက္ iSquare Mobility က သင့္ကိုအခြင့္အေရးတစ္ခု ေပးလိုက္ပါတယ္။ Kite DIY စမတ္ဖုန္းေလးကို Kickstarter ေပၚမွာ ေရာင္းေနျပီျဖစ္ပါတယ္။ ဒီစိတ္ကူးကေတာ့ စမတ္ဖုန္းေတြကို သင့္လက္နဲ႕တည္ေဆာက္ႏုိင္ေစဖို႕အတြက္ လုပ္ေဆာင္ေပးထားတာပါ။ လိုတာတာကေတာ့ kit နဲ႕ ၀က္အူလွည့္တို႕ပဲျဖစ္ပါတယ္။ စိတ္၀င္စားသြားျပီလား။

Modular စမတ္ဖုန္းေတြကေတာ့ ေသဆံုးလုနီးပါးျဖစ္ေနပါျပီ။ ဒါေပမယ့္လည္း အျခားလုပ္ငန္းေတြက မၾကိဳးစားေတာ့ဘူးလို႕ မထင္လိုက္ပါနဲ႕။ DIY kit ေလးဟာ သင့္ရဲ႕ကိုယ္ပိုင္စမတ္ဖုန္းေလးကို 3D printed case ေလးနဲ႕အတူ တည္ေဆာက္ႏုိင္ေစမွာပါ။ စြမ္းေဆာင္ရည္ေကာင္းတဲ့ စမတ္ဖုန္းေတာ့ ျဖစ္လာမွာမဟုတ္ပါဘူး။ ဒါေပမယ့္ သင့္လက္နဲ႕တည္ေဆာက္ႏိုင္မွာပါ။

ေစ်းအနည္းဆံုးကေတာ့ ေဒၚလာ၂၇၄ ျဖစ္ပါတယ္။ Kite v2 kit ေလးထဲမွာ Snapdragon 450 chipset ၊ 2GB RAM နဲ႕ 16GB storage တို႕ကို ရႏုိင္မွာျဖစ္ပါတယ္။ ၅လက္မ HD display ရွိျပီး ကင္မရာကေတာ့ 12MP ျဖစ္ပါတယ္။ ဒါေပမယ့္ အေရွ႕ဆယ္လ္ဖီေတာ့ ဆြဲလို႕မရပါဘူး။ 3,000mAh ဘတ္ထရီပါ၀င္မွာ ျဖစ္ပါတယ္။ ဒါေပါ့။ သင္လိုအပ္ႏုိင္တဲ့ 4G LTE ၊ WiFi ၊ GPS ၊ USB 3.0 ေတြလည္း ပါ၀င္ပါတယ္။

ေဒၚလာ၂၅၀နဲ႕ entry-level စမတ္ဖုန္းေကာင္းတစ္လံုးကို ရႏုိင္တာ ကၽြန္ေတာ္တို႕သိပါတယ္။ ဒါေပမယ့္လည္း ကိုယ့္လက္နဲ႕တည္ေဆာက္ခ်င္တဲ့သူေတြအတြက္ဆိုရင္ေတာ့ စဥ္းစားလို႕ရပါတယ္။ Kite kit ေလးက သင္ကိုယ္တုိင္ advanced features ေတြလည္း ထည့္ႏိုင္ဦးမွာပါ။

Unicode Version

စမတ်ဖုန်းတစ်လုံးကို ကိုယ့်လက်နဲ့တည်ဆောက်ချင်တဲ့သူတွေအတွက် iSquare Mobility က သင့်ကိုအခွင့်အရေးတစ်ခု ပေးလိုက်ပါတယ်။ Kite DIY စမတ်ဖုန်းလေးကို Kickstarter ပေါ်မှာ ရောင်းနေပြီဖြစ်ပါတယ်။ ဒီစိတ်ကူးကတော့ စမတ်ဖုန်းတွေကို သင့်လက်နဲ့တည်ဆောက်နိုင်စေဖို့အတွက် လုပ်ဆောင်ပေးထားတာပါ။ လိုတာတာကတော့ kit နဲ့ ဝက်အူလှည့်တို့ပဲဖြစ်ပါတယ်။ စိတ်ဝင်စားသွားပြီလား။
Modular စမတ်ဖုန်းတွေကတော့ သေဆုံးလုနီးပါးဖြစ်နေပါပြီ။ ဒါပေမယ့်လည်း အခြားလုပ်ငန်းတွေက မကြိုးစားတော့ဘူးလို့ မထင်လိုက်ပါနဲ့။ DIY kit လေးဟာ သင့်ရဲ့ကိုယ်ပိုင်စမတ်ဖုန်းလေးကို 3D printed case လေးနဲ့အတူ တည်ဆောက်နိုင်စေမှာပါ။ စွမ်းဆောင်ရည်ကောင်းတဲ့ စမတ်ဖုန်းတော့ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါပေမယ့် သင့်လက်နဲ့တည်ဆောက်နိုင်မှာပါ။
ဈေးအနည်းဆုံးကတော့ ဒေါ်လာ၂၇၄ ဖြစ်ပါတယ်။ Kite v2 kit လေးထဲမှာ Snapdragon 450 chipset ၊ 2GB RAM နဲ့ 16GB storage တို့ကို ရနိုင်မှာဖြစ်ပါတယ်။ ၅လက်မ HD display ရှိပြီး ကင်မရာကတော့ 12MP ဖြစ်ပါတယ်။ ဒါပေမယ့် အရှေ့ဆယ်လ်ဖီတော့ ဆွဲလို့မရပါဘူး။ 3,000mAh ဘတ်ထရီပါဝင်မှာ ဖြစ်ပါတယ်။ ဒါပေါ့။ သင်လိုအပ်နိုင်တဲ့ 4G LTE ၊ WiFi ၊ GPS ၊ USB 3.0 တွေလည်း ပါဝင်ပါတယ်။
ဒေါ်လာ၂၅၀နဲ့ entry-level စမတ်ဖုန်းကောင်းတစ်လုံးကို ရနိုင်တာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့်လည်း ကိုယ့်လက်နဲ့တည်ဆောက်ချင်တဲ့သူတွေအတွက်ဆိုရင်တော့ စဉ်းစားလို့ရပါတယ်။ Kite kit လေးက သင်ကိုယ်တိုင် advanced features တွေလည်း ထည့်နိုင်ဦးမှာပါ။

Leave a Reply