18:9 display ၊ Snapdragon 660 အသုံးပြုထားမယ့် Xiaomi ရဲ့ Mi 6X

0
2192

Zawgyi Version




Unicode Version

Xiaomi က တရုတ်နိုင်ငံအတွက် Mi 6X ဖုန်းအသစ်ကို ကြေညာလိုက်ပါပြီ။ အဲဒီဖုန်းမှာ 18:9 display ကိ အသုံးပြုထားမှာဖြစ်ပါတယ်။ မကြာသေးခင်တုန်းကလည်း Redmi 5 လိုင်းနဲ့ high-end Mi Mix 2S ကို ကြေညာခဲ့ပါသေးတယ်။
Mi 6X မှာ 18:9 2160 x 1080 LCD ၊ Snapdragon 660 processor ၊ ကင်မရာနှစ်လုံးစနစ်မှာ 20-megapixel main sensor ၊ အရှေ့ဘက်မှာ 20-megapixel နဲ့ flash ၊ အနောက်ဘက်က fingerprint sensor ၊ USB-C တို့ပါဝင်ပြီးတော့ headphone jack ဖြုတ်ထားပါတယ်။ 7.3mm အထူရှိပြီးတော့ အလေးချိန်က ၁၆၆ဂရမ်ဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ အနက်၊ အနီ၊ အပြာ၊ ရွှေ၊ ပန်းရောင်တို့ကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၁၅၉၉ယွမ်ဖြစ်ပြီးတော့ ဒေါ်လာ ၂၅၀ လောက်ကျသင့်မှာဖြစ်ပါတယ်။ ရူပီးနဲ့ဆိုရင်တော့ ၁၇ ၀၀၀ ဖြစ်ပါတယ်။
6X က တရုတ်ကိုဦးတည်ထားပေမယ့်လည်း အိန္ဒိယကိုလည်း ရောက်လာလိမ့်မယ်လို့ hint ပေးထားပါတယ်။ မနှစ်က Mi 5X ကလည်း Mi A1 ဆိုပြီးတော့ အပြင်ကို ထွက်လာခဲ့ပါတယ်။ ဒီတော့ Mi A2 ဆိုပြီးတွေ့မြင်ရမလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။

Leave a Reply