ေျပာင္းလဲမႈတစ္ခုအတြက္ iPhone X Plus က Galaxy Note ကို ေကာ္ပီယူႏုိင္

0
2380

Zawgyi Version

Samsung ရဲ႕ Galaxy Note က phablet form factor အတြက္ နာမည္ၾကီးခဲ့တဲ့ စမတ္ဖုန္းတစ္လံုးျဖစ္ပါတယ္။ အျခားသူေတြက ဒီလိုအရြယ္အစားရေအာင္ၾကိဳးစားခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့ၾကပါဘူး။ iPhone အသစ္ကိုျပိဳင္ဆုိင္ဖို႕အတြက္ Galaxy Note ကလည္း တစ္ႏွစ္ထက္တစ္ႏွစ္ပိုေကာင္းေအာင္ ၾကိဳးစားလ်က္ရွိပါတယ္။

၂၀၁၈ကိုေရာက္လာခဲ့ခ်ိန္မွာေတာ့ Galaxy Note ရဲ႕ အထင္ရွားဆံုး feature ကို ကူးယူထားတဲ့ ပထမဆံုး iPhone Plus ေမာ္ဒယ္လ္ကို  ေတြ႕ျမင္ရႏုိင္ပါတယ္။ Apple ကေတာ့ အရာတုိင္းကို သူ႕လမ္းေၾကာင္းအတုိင္းလုပ္တတ္ေပမယ့္လည္း ဒီတစ္ေခါက္ကေတာ့ မတူညီေတာ့ပါဘူး။

Rosenblatt သုေတသနမွ ထြက္ရွိလာတဲ့သတင္းအရ မၾကာခင္ထြက္ရွိလာေတာ့မယ့္ “Jaguar” (၆.၁လက္မ LCD model) ၊ “Porsche” (၅.၈လက္မ OLED version) နဲ႕“Rolls-Royce” (၆.၅လက္မ OLED) တို႕ကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

Porsche ကေတာ့ iPhone X နဲ႕ယွဥ္လိုက္ရင္ သိသာတဲ့ေျပာင္းလဲမႈမေတြ႕ရေလာက္ဘူးလို႕ ခန္႕မွန္းထားပါတယ္။

Rolls-Royce ကေတာ့ ဒီႏွစ္ရဲ႕ေစ်းအၾကီးဆံုးဖုန္း ျဖစ္လာႏုိင္ပါတယ္။ သူဟာ iPhone X design ၊ notch နဲ႕ ပံုမွန္မဟုတ္တဲ့ feature ေတြ ပါ၀င္ႏုိင္ပါတယ္။

iPhone X Plus ကေတာ့ “iPen” ထည့္သြင္းႏုိင္တယ္လို႕ တြက္ဆထားပါတယ္။ ဟုတ္ပါတယ္။ iPad အတြက္ ထုတ္ထားတဲ့ Apple Pencil လိုမ်ိဳးေလးေပါ့။

Galaxy Note ရဲ႕ stylus နဲ႕ မတူတာကေတာ့ ဘူးထဲမွာထည့္ေပးထားမွာမဟုတ္ပါဘူး။ လိုခ်င္တယ္ဆိုရင္ သက္သက္၀ယ္ရမယ့္အေနအထားျဖစ္ပါတယ္။

iPhone အတြက္ stylus support လုပ္ဖို႕ patent မတင္ရေသးပါဘူး။ ဒီလိုမ်ိဳးကို အရင္တုန္းကလည္း Tim Cook ေျပာဖူးပါတယ္။ ၆.၅လလက္မ iPhone X Plus အတြက္ stylus ထည့္မလားဆိုတာ စိတ္၀င္စားစရာပါပဲ။

ဒီကိစၥသာမွန္ခဲ့ရင္ Galaxy Note 9 နဲ႕ ျပိဳင္ဘက္တစ္ဦးျဖစ္လာမွာပါ။ iPen ကေတာ့ သက္သက္၀ယ္လို႕လိုအပ္မွာပါ။ အဲဒီေမာ္ဒယ္လ္မွာ dual-SIM support ရႏုိင္မွာမို႕ တရုတ္နဲ႕ အျခားေစ်းကြက္ေတြကို ဦးတည္ထားမွာပါ။ iPhone X အသစ္မွာ 3D sensor ေတြကိုု ပိုေကာင္းေအာင္လုပ္ထားျပီးေတာ့ feature အသစ္ေတြလည္း ထည့္သြင္းထားႏုိင္ပါတယ္။ ဘတ္ထရီစားသက္သာေအာင္လည္း လုပ္ေဆာင္ထားမွာပါ။

iPhone X ေမာ္ဒယ္လ္အသစ္ေတြမွာ ေရစိုခံႏႈန္းလည္း ေကာင္းလာမယ္လို႕ ေမွ်ာ္မွန္းထားပါတယ္။ လက္ရွိကေတာ့ IP67 သာ ရွိပါေသးတယ္။ ဒီေတာ့ ေရေအာက္တစ္မီတာကို မိနစ္သံုးဆယ္နွစ္ထားႏုိင္ပါတယ္။ ဒါေပမယ့္ Apple ကေတာ့ ၁၀မီတာအထိ သြားႏုိင္ဖို႕ အားထုတ္ေနပါတယ္။

Unicode Version

Samsung ရဲ့ Galaxy Note က phablet form factor အတွက် နာမည်ကြီးခဲ့တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ အခြားသူတွေက ဒီလိုအရွယ်အစားရအောင်ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ကြပါဘူး။ iPhone အသစ်ကိုပြိုင်ဆိုင်ဖို့အတွက် Galaxy Note ကလည်း တစ်နှစ်ထက်တစ်နှစ်ပိုကောင်းအောင် ကြိုးစားလျက်ရှိပါတယ်။
၂၀၁၈ကိုရောက်လာခဲ့ချိန်မှာတော့ Galaxy Note ရဲ့ အထင်ရှားဆုံး feature ကို ကူးယူထားတဲ့ ပထမဆုံး iPhone Plus မော်ဒယ်လ်ကို တွေ့မြင်ရနိုင်ပါတယ်။ Apple ကတော့ အရာတိုင်းကို သူ့လမ်းကြောင်းအတိုင်းလုပ်တတ်ပေမယ့်လည်း ဒီတစ်ခေါက်ကတော့ မတူညီတော့ပါဘူး။
Rosenblatt သုတေသနမှ ထွက်ရှိလာတဲ့သတင်းအရ မကြာခင်ထွက်ရှိလာတော့မယ့် “Jaguar” (၆.၁လက်မ LCD model) ၊ “Porsche” (၅.၈လက်မ OLED version) နဲ့“Rolls-Royce” (၆.၅လက်မ OLED) တို့ကို တွေ့မြင်ရမှာဖြစ်ပါတယ်။
Porsche ကတော့ iPhone X နဲ့ယှဉ်လိုက်ရင် သိသာတဲ့ပြောင်းလဲမှုမတွေ့ရလောက်ဘူးလို့ ခန့်မှန်းထားပါတယ်။
Rolls-Royce ကတော့ ဒီနှစ်ရဲ့ဈေးအကြီးဆုံးဖုန်း ဖြစ်လာနိုင်ပါတယ်။ သူဟာ iPhone X design ၊ notch နဲ့ ပုံမှန်မဟုတ်တဲ့ feature တွေ ပါဝင်နိုင်ပါတယ်။
iPhone X Plus ကတော့ “iPen” ထည့်သွင်းနိုင်တယ်လို့ တွက်ဆထားပါတယ်။ ဟုတ်ပါတယ်။ iPad အတွက် ထုတ်ထားတဲ့ Apple Pencil လိုမျိုးလေးပေါ့။
Galaxy Note ရဲ့ stylus နဲ့ မတူတာကတော့ ဘူးထဲမှာထည့်ပေးထားမှာမဟုတ်ပါဘူး။ လိုချင်တယ်ဆိုရင် သက်သက်ဝယ်ရမယ့်အနေအထားဖြစ်ပါတယ်။
iPhone အတွက် stylus support လုပ်ဖို့ patent မတင်ရသေးပါဘူး။ ဒီလိုမျိုးကို အရင်တုန်းကလည်း Tim Cook ပြောဖူးပါတယ်။ ၆.၅လလက်မ iPhone X Plus အတွက် stylus ထည့်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။
ဒီကိစ္စသာမှန်ခဲ့ရင် Galaxy Note 9 နဲ့ ပြိုင်ဘက်တစ်ဦးဖြစ်လာမှာပါ။ iPen ကတော့ သက်သက်ဝယ်လို့လိုအပ်မှာပါ။ အဲဒီမော်ဒယ်လ်မှာ dual-SIM support ရနိုင်မှာမို့ တရုတ်နဲ့ အခြားဈေးကွက်တွေကို ဦးတည်ထားမှာပါ။ iPhone X အသစ်မှာ 3D sensor တွေကိုု ပိုကောင်းအောင်လုပ်ထားပြီးတော့ feature အသစ်တွေလည်း ထည့်သွင်းထားနိုင်ပါတယ်။ ဘတ်ထရီစားသက်သာအောင်လည်း လုပ်ဆောင်ထားမှာပါ။
iPhone X မော်ဒယ်လ်အသစ်တွေမှာ ရေစိုခံနှုန်းလည်း ကောင်းလာမယ်လို့ မျှော်မှန်းထားပါတယ်။ လက်ရှိကတော့ IP67 သာ ရှိပါသေးတယ်။ ဒီတော့ ရေအောက်တစ်မီတာကို မိနစ်သုံးဆယ်နှစ်ထားနိုင်ပါတယ်။ ဒါပေမယ့် Apple ကတော့ ၁၀မီတာအထိ သွားနိုင်ဖို့ အားထုတ်နေပါတယ်။

Leave a Reply